Home သတင်း ဗိုလ်ချုပ်‌စောလားပွယ်အ‌ခြေစိုက်ရာ နယ်စပ်တ‌လျှောက် ထိုင်းဘက်မှ တပ်လှန့်ထား

ဗိုလ်ချုပ်‌စောလားပွယ်အ‌ခြေစိုက်ရာ နယ်စပ်တ‌လျှောက် ထိုင်းဘက်မှ တပ်လှန့်ထား

2024
‌မေလ ၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌စောလား ပွယ် (ဗိုလ်နှုတ်ခမ်း‌မွှေး) အ‌ခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်တွင် ယခုရက်ပိုင်းအတွင်း ထိုင်းစစ်တပ်များ တပ်လှန့်ထားသည်။

မူးယစ်‌ဆေး‌ရောင်းဝယ်‌ဖောက်ကားသည်ဟု ထိုင်းအစိုးရ၏ ဖမ်းဆီးရန် ဆု‌ငွေထုတ်ခဲ့သည်ကို တုန့်ပြန်သည့်အ‌နေဖြင့် ဗိုလ်ချုပ်‌စောလား ပွယ်ကိုယ်တိုင် ၎င်းတို့၏ ကလို့ထူး‌ဘောဌာနချုပ် ကရင်ပြည်နယ်၊ ဆုံဆည်းမြိုင်တွင် ‌မေ ၁ရက်‌နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ‌နောက် မြဝတီမြို့နယ်အတွင်းရှိ ဒီ‌ကေဘီ‌အေ အ‌ခြေစိုက်ရာ ဖလူး၊ ‌ဝေါ်‌လေ၊ ‌သေ့‌ဘောဘိုး၊ ‌မေတ္တာလင်းမြိုင်နှင့် ဆုံဆည်းမြိုင် စသည့် ‌ဒေသတ‌လျှောက်တွင် ထိုင်းဘက်မှ ယခုလို စတင် တပ်လှန့်လာခြင်းဖြစ်သည်။

ဒီ‌ကေဘီ‌အေ ‌ပြောခွင့်ရ ဗိုလ်မှူးဆန်း‌အောင်က “သူတို့(ထိုင်းစစ်တပ်) တပ်လှန့်ထားတာ ကျ‌နော်တို့‌နေတဲ့ နယ်စပ်တစ်‌လျှောက်လုံးပဲ။ တပ်လှန့်ထားတယ်ဆို‌တော့ ကျ‌နော်တို့လည်း စစ်‌ရေးကြိုတင်ပြင်ဆင်မှု လုပ်ထားတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းအစိုးရဘက်မှ တပ်လှန့်ထား‌သော်လည်း ၎င်းတို့အား တစုံတရာ အကြမ်းဖက် ‌နှောက်ယှက်မှုမ‌ပေးပါက ပြန်လည်ပစ်ခတ်မှုများ ပြု လုပ်မည် မဟုတ်‌ကြောင်းကိုလည်း ဗိုလ်ဆန်း‌အောင်က “ထိုင်းက ကျ‌နော်တို့ကိုချစ်ရင် ကျ‌နော်တို့လည်း သူတို့ကို ချစ်မယ်။ ကျ‌နော်တို့ကို မုန်းလို့ရှိရင်‌တော့ ကျ‌နော်တို့လည်း တုန့်ပြန်ရမှာ‌ပေါ့။”ဟု ဆက်‌ပြောသည်။

လက်ရှိ ထိုင်းအစိုးရက ဒီ‌ကေဘီ‌အေ အ‌ခြေစိုက်ရာ နယ်စပ်တ‌လျှောက် မြန်မာနိုင်ငံအတွင်းသို့ မဖြတ်ကူးကြရန်နှင့် အလုပ်သွားလုပ်ခြင်း မပြုကြရန် ၎င်းတို့လူထုအား သတိ‌ပေးညွှန်ကြားထား‌ကြောင်း ထိုင်းသတင်းဝက်ဆိုက် http://m.thairath.co.th ၌ ‌ဖော်ပြထားသည်။

‌မေလ ၁ရက်‌နေ့ ဒီ‌ကေဘီ‌အေ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်‌စောလားပွယ်က လက်ရှိ ၎င်းအ‌ခြေစိုက်ရာ နယ်‌မြေအတွင်း မူးယစ် ‌ဆေးဝါး လုပ်‌ဆောင်ခြင်းရှိမရှိ လာ‌ရောက်‌လေ့လာစစ်‌ဆေးနိုင်‌ကြောင်းနှင့် ၎င်းကိုယ်တိုင် မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်‌ဖောက်ကားခြင်းကို ‌တွေ့ရှိပါက နိုင်ငံတကာခုံရုံးတွင် အစစ်‌ဆေးခံမည် ဖြစ်‌ကြောင်း ‌ပြောဆိုခဲ့‌သော်လည်း ထိုင်းအစိုးရဘက်က ဗိုလ်ချုပ်‌စောလားပွယ်သည့် ထိုင်းနိုင်ငံသို့ လာ‌ရောက်အဖမ်းခံခြင်းမှတပါး ‌ရွေးစရာလမ်းမရှိဟု ထိုင်းရုပ်သံသတင်း၌ တုန့်ပြန်‌ပြောဆိုခဲ့သည်။

ယင်းသို့ ထိုင်းအစိုးရ၏ ‌ပြောဆိုခြင်းသည် ‌ဒေသတည်ငြိမ်ခြင်းကို လိုလားသည့် အသုံးအနှုန်း မဟုတ်‌ကြောင်း ဒီ‌ကေဘီ‌အေဘက်မှ ဗိုလ်မှူး ဆန်း‌အောင်က ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၀၃ခုနှစ်က ဒီ‌ကေဘီ‌အေ အ‌ခြေစိုက်ရာ‌ဒေသနှင့်နီးသည့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ‌ဝေါ်‌လေရွာတွင် ရာဘ (စိတ်ကြွ‌ဆေး) အလုံး‌ရေ ၉.၄သန်း ပိုင်ရှင်မဲ့ ဖမ်းမိခဲ့မှုရှိခဲ့ပြီး ထိုကိစ္စအ‌ပေါ် ဗိုလ်ချုပ်‌စောလားပွယ်အ‌နေဖြင့် တာဝန်ရှိသည်ဟု ထိုင်းနိုင်ငံ၊ မူးယစ်‌ဆေး ထိန်းချုပ်‌ရေးဘုတ်အဖွဲ့ရုံး-ONCB အဖွဲ့မှ ထုတ်ပြန်ထားသည်။

“သူတို့(ထိုင်း)က ဖူးနှုတ်ခမ်း‌မွှေးကို ဖမ်းမယ်ဆိုတာက ဘယ်ခုနှစ်က ရတဲ့ဓါတ်ပုံ‌တွေ သက်‌သေ‌တွေလည်း မသိဘူး။ ဒီလို စွပ်စွဲတာ‌တော့ ကျ‌နော်တို့အတွက် ‌အောင့်တယ်၊ နာတယ်။ သူတို့(ထိုင်း)နှင့်တကွ နိုင်ငံ‌တော်က ဖွဲ့ထားတဲ့ မူးယစ်‌ဆေးဝါးနှိမ်နင်း‌ရေးနဲ့ လာပြီး ‌လေ့လာ မယ်ဆိုရင်လည်း ရတယ်။”ဟု ဗိုလ်မှူးဆန်း‌အောင်က ဆိုသည်။

ထိုင်းဒုတိယဝန်ကြီးချုပ် ချရုမ်ယူဘန်းရူး ဦး‌ဆောင်သည့် ONCB အဖွဲ့သည် ဧပြီလ ၂ဝရက်‌နေ့က မူးယစ်ရာဇာ ၂၅ဦး အမည်စာရင်း ထုတ် ပြန်ပြီး စာရင်းအရ ထိုသူများကို ဖမ်းဆီးရန် ဆု‌ကြေးဘတ်‌ငွေ ၁၂သန်း ထုတ်ပြန်ခဲ့သည်။