Home သတင်း ကချင်စစ်‌ပြေးဒုက္ခသည်များ‌နေထိုင်ရန် ယာယီတဲစခန်း လုံ‌လောက်မှုမရှိ

ကချင်စစ်‌ပြေးဒုက္ခသည်များ‌နေထိုင်ရန် ယာယီတဲစခန်း လုံ‌လောက်မှုမရှိ

1743
‌မေလ ၅ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ အလွတ်သတင်း‌ထောက်)


ကချင်ပြည်နယ်တွင် ပြင်းထန်သည့် တိုက်ပွဲ အ‌ခြေအ‌နေ‌ကြောင့် ကချင်စစ်‌ပြေးဒုက္ခသည်များ မိုးတွင်း‌နေထိုင်ရန် ယာယီတဲ၊ အ‌ဆောက် အအုံများအတွက် အကူအညီ လိုအပ်လျှက်ရှိသည်ဟု သိရသည်။

မိုးတွင်း‌ရောက်လာပြီးဖြစ်၍ ဒုက္ခသည်စခန်းအတွင်း ‌ရောက်ရှိ‌နေကြသည့် စစ်‌ပြေးဒုက္ခသည်များ ခိုလှုံ‌နေထိုင်သွားရန် ယာယီ တဲအိမ် အများအပြား လိုအပ်‌နေ‌သေး‌ကြောင်း ကချင်အမျိုးသမီးအဖွဲ့ တာဝန်ခံ မွန်း‌နေလီက ‌ပြောသည်။

မွန်း‌နေလီက “အစားအ‌သောက်က လုံ‌လောက်မှုမရှိ‌ပေမယ့် မျှ‌ဝေစား ‌သောက်သွားကြတာ‌ပေါ့။ အခု အဓိက လိုအပ်‌နေတာက ‌နေဖို့ ထိုင်ဖို့ ယာယီတဲအိမ်‌တွေဖြစ်တယ်။ မိုးတွင်းလည်း ‌ရောက်လာပြီးဆို‌တော့ အဲဒါက အဓိက လိုအပ်ချက်ဖြစ်လာတယ်၊ တချို့ အရင်က လုပ်ထားတဲ‌တွေကလည်း ပျက်ကုန်ပြီး။ ‌လေတိုက်လို့ပြိုကျတာလည်းရှိတယ်” ဟု ‌ပြောသည်။

လက်ရှိ တိုက်ပွဲအ‌ခြေအ‌နေ ပြင်းထန်လာ‌နေခြင်း‌ကြောင့် တရုတ်-မြန်မာနယ်စပ်တ‌လျှောက်နှင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည် စုစု ‌ပေါင်း ၇‌သောင်း‌ကျော် ဖြစ်လာကာ ယာယီ တဲအိမ်အပြင် ‌သောက်သုံး‌ရေ၊ ‌ဆေးဝါးအကူအညီများလည်း အ‌ရေး‌ပေါ် လိုအပ်‌နေဆဲ ဖြစ် သည်။

၎င်းက “ဒုက္ခသည်စခန်းမှာ ‌ရောက်‌နေတဲ့ ဒုက္ခသည်‌တွေက ၇‌သောင်း‌ကျော်‌နေပြီး။ ‌တောထဲ ‌ရောက်‌နေတဲ့သူ‌တွေလည်း ရှိတယ်၊ သူတို့ က တိုက်ပွဲ‌ကြောင့် ဒုက္ခသည်စခန်းထိ မသွား‌ရောက်နိုင်ဘူး။ ‌တောထဲမှာပဲ ခိုလှုံတိမ်း‌ရှောင်‌နေကြရတယ်။ ဘာအကူအညီမှလည်း မ‌ရောက်ဘူး”ဟု ဆိုသည်။

အဆိုပါ ကချင်စစ်‌ပြေးဒုက္ခသည်များအတွက် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီ လာ‌ရောက်‌ပေး‌နေ‌သော်လည်း ဒုက္ခသည်များအတွက် လုံ‌လောက်မှုမရှိ‌ကြောင်းလည်း သိရသည်။

သို့‌သော် မြန်မာနိုင်ငံသို့ ‌ရောက်ရှိလာခဲ့သည့် ကုလသမဂ္ဂ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက စစ်‌ပြေးဒုက္ခသည်များကို ပြန်လည်‌နေရာချထား‌ပေးခြင်းနှင့် လူသားချင်း စာနာ‌ထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်‌ပေးသွားရန်ရှိ‌ကြောင်း ‌မေလ ၁ရက်‌နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ‌ပြောကြားသွားခဲ့သည်။

KIO သည် ၁၉၉၄ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး ၂၀၁၁ခုနှစ်၊ ဇွန်လမှစပြီး အစိုးရနှင့် အပစ်ခတ်ရပ်စဲ‌ရေး ပျက်ပြားကာ နှစ်ဖက် တိုက်ခတ်မှုများ ပြန်လည် ဖြစ်ပွားခဲ့ပြီး‌နောက် ‌ဒေသခံ လူထု ‌သောင်းနှင့်ချီပြီး စစ်‌ပြေးဒုက္ခသည်များအဖြစ် ထွက်‌ပြေးတိမ်း‌ရှောင်လာခဲ့ရသည်မှာ ယ‌နေ့အထိပင် ဖြစ်သည်။