Home သတင်း ကယန်းအမျိုးသားပါတီ ဗဟိုရုံးချုပ် ဖွင့်လှစ်လိုက်ပြီ

ကယန်းအမျိုးသားပါတီ ဗဟိုရုံးချုပ် ဖွင့်လှစ်လိုက်ပြီ

2381
‌မေလ ၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကယန်းအမျိုးသားပါတီ-‌ကေအဲန်ပီ ဗဟိုရုံးချုပ်ကို ကယားပြည်နယ်၊ လွိုင်‌ကော်မြို့ နာနတ်‌တောရပ်ကွက် ဖ‌ဖေါ်လမ်းရှိ ‌ကေအဲန်ပီ ဒုဥက္ကဌ ဦး‌ပေါလူချမ်း၏ ‌နေအိမ်၌ ယမန်‌နေ့မနက် ၁ဝနာရီခွဲတွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

‌ကေအဲန်ပီ ဗဟိုရုံးချုပ်ကို သျှမ်းပြည်နယ် ကယန်းတိုင်းရင်းသား‌ရေးရာဝန်ကြီး ဦး‌လောရင်းမှ ဖဲကြိုးဖြတ် ဖွင့်လှစ်‌ပေးခဲ့ခြင်းဖြစ်ပြီး တပြိုင် နက်တည်းတွင် ‌ကေအဲန်ပီ၏ အလံကို စတင် လွှင့်ထူကာ ‌ကေအဲန်ပီ ဒု-ဥက္ကဌ ဦး‌ပေါလူချမ်းမှလည်း “ယန်းအမျိုးသားပါတီဗဟိုရုံးချုပ် -လွိုင်‌ကော်”အမည်ဖြင့် ဆိုင်းဘုတ်တင်ခဲ့သည်။

‌ကေအဲန်ပီ ဥက္ကဌ ဦးခူးယူဂျင်းက “ကယားပြည်မှာရှိတဲ့ လူမျိုးစု‌တွေနဲ့ ညှိနှိုင်းတဲ့အခါ သူတို့က မဖွင့်နိုင်ဘူး‌ပေါ့‌နော်။ ဒါ‌ကြောင့် ကျ‌နော်တို့ ကယန်းအမျိုးသားပါတီ အင်အားအများဆုံး‌နေရာမှာ ဖွင့်လိုက်တာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် အမတ်‌နေရာ(၂)‌နေရာ အနိုင်ရရှိခဲ့သည့် ‌ကေအဲန်ပီသည် ‌ရွေး‌ကောက်ပွဲအလွန်ကာလ တနှစ်‌ကျော်ကြာပြီး ‌နောက် ဗဟိုရုံးချုပ်ကို ဖွင့်လှစ်လာနိုင်ခြင်းလည်း ဖြစ်ပြီး ကယားပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုများကိုယ်စား ‌ကေအဲန်ပီမှ ဦး‌ဆောင်ကာ လူမှု‌ရေး၊ နိုင်ငံ‌ရေး၊ စီးပွား‌ရေး စသည်တို့ကို ‌ပြော‌ရေးဆိုခွင့်ရှိလာ‌အောင် ကြိုးပမ်းသွားမည်ဟု ဦးခူးယူဂျင်းက ဆက်‌ပြောသည်။

‌ကေအဲန်ပီသည် ကယန်းအမျိုးသားတရပ်လုံးကို ‌စောင့်သိ၍ ရိုးရာဓ‌လေ့များကို မြင့်တင်သွားရန်၊ တိုင်းရင်းသားအချင်းချင်းကြား ယုံကြည် မှုတည်‌ဆောက်သွားရန်၊ ကယန်းတိုင်းရင်းသား ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေး ‌ဆောင်ရွက်သွားရန်နှင့် စစ်မှန်‌သော ဒီမိုက‌ရေစီစနစ် ‌ပေါ်ထွန်း ‌အောင် အစွမ်းကုန် ‌ဆောင်ရွက်သွားရန်တို့ကို အ‌ခြေခံသည့် အမျိုးသား‌ရေးကို ‌ဆောင်ရွက်‌နေခြင်းဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကယန်းလူထု ၁၅ဝခန့် တက်‌ရောက်ခဲ့ကြပြီး ကယန်းလူကြီးအချို့နှင့် လူငယ်‌မောင်မယ်များက ရိုးရာယဉ် ‌ကျေးမှုအဖြစ် ဗုံတီးခြင်း၊ ပု‌လွေမှုတ်ခြင်းနှင့် ဒိုင်းအကတို့ဖြင့် ‌ဖျော်‌ဖြေတင်ဆက်ခဲ့သည်ဟု သိရသည်။

လက်ရှိတွင် ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဝင် ၂၁ဦးဖြင့် ဖွဲ့စည်းထားသည့် ‌ကေအဲန်ပီသည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် သျှမ်းပြည်နယ် ‌တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်၊ ကယား(ကရင်နီ)ပြည်နယ်ရှိ လွိုင်‌ကော်၊ ဒီ‌မောဆိုမြို့နယ်နှင့် ကရင်ပြည်နယ်‌မြောက်ပိုင်းရှိ သံ‌တောင်မြို့နယ် တို့တွင် ပါတီကိုယ်စားလှယ်‌ပေါင်း (၁၃)ဦးဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။