Home သတင်း မူးယစ်‌ဆေးဝါးကိစ္စဗိုလ်ချုပ်‌စောလား ပွယ် ‌ဖြေရှင်းမှုကို ပြည်တွင်းမီဒီယာများ စိတ်ဝင်စား‌နေ

မူးယစ်‌ဆေးဝါးကိစ္စဗိုလ်ချုပ်‌စောလား ပွယ် ‌ဖြေရှင်းမှုကို ပြည်တွင်းမီဒီယာများ စိတ်ဝင်စား‌နေ

1469
‌မေလ ၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ဒီမိုက‌ရေစီအကျိုးပြုကရင်အမျိုးသားတပ်မ‌တော်(DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောလားပွယ်အ‌နေဖြင့် လာမည့် ‌မေလ ၁ဝရက်‌နေ့တွင် ဒုတိယအကြိမ် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်းအစိုးရ၏ မူးယစ်ရာဇာအဖြစ် စွပ်စွဲခံထားရသည့်အ‌ပေါ် မည်သို့‌ဖြေရှင်းသွားမည် ကို ပြည်တွင်းသတင်းမီဒီယာများမှ အထူး စိတ်ဝင်စားလျှက်ရှိသည်။

ပြည်တွင်းဂျာနယ်တစ်ခု၏ အယ်ဒီတာတစ်ဦးက “သူက ပြည်တွင်းသတင်း‌ထောက်‌တွေကို ‌ခေါ်ပြီး‌တော့ ရှင်းတာ အရမ်းထူးတယ်‌လေ။ အရင်တခါမှ မရှိဖူးဘူး။ ဒါ‌ကြောင့် သူ့ရဲ့ မူးယစ်ကိစ္စနဲ့ DKBA သ‌ဘောထား‌တွေကို လက်‌တွေ့သွားကြည့်ပြီး သတင်းယူဖို့ သွားကြမှာပါ။ ပြည်တွင်းက သတင်း‌ထောက်‌တွေအ‌နေနဲ့ က DKBA စခန်းကိုသွားပြီး သတင်းယူတာ အလွန်ကိုနည်းပါတယ်။ မရှိသ‌လောက်ပါပဲ။ အဲ့ဒီအ တွက် ဖိတ်‌ခေါ်တုန်းသွားဖို့ ပိုပြီး ဆန္ဒပြင်းပြကြတာပါ”ဟု ‌ပြောသည်။

“ထိုင်းက ဒုဝန်ကြီးချုပ်ကို သူပြန်ပြီး‌တော့ တရားစွဲမယ်ဆိုတာ‌တွေ‌ပြော‌နေ‌တော့ အဲဒီအ‌ကြောင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတယ်။ အခု ကိစ္စက သတင်း‌တွေမှာ‌တော့ သူမှားတယ်ဆိုပြီး ‌ရေး‌နေကြတယ်‌လေ။ အဲဒီ‌တော့ သူ့ဘက်က ဘာ‌ပြောမလဲဆိုတာ သိချင်လို့ပါ”ဟု ပြည် တွင်းသတင်း‌ထောက် ကိုဥက္ကာကိုကိုကလည်း ‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌မေလ ၁ရက်‌နေ့က ကရင်ပြည်နယ် မြဝတီမြို့နယ် ‌ကော်သူးမွဲခီး (ဆုံဆည်းမြိုင်)ရှိ DKBA သင်တန်းခမ်းမတွင် ထိုင်းအစိုးရ၏ မူးယစ်ရာဇာအဖြစ် စွပ်စွဲမှုအ‌ပေါ် ‌ဖြေရှင်းသည့် သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်‌စောလားပွယ်က မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်ခြင်းမှန်ပါက အစစ်‌ဆေးခံမည်ဟုလည်း ‌ပြောဆိုခဲ့ပြီးဖြစ်သည်။

ထိုပွဲသို့ သတင်း‌ထောက် တက်‌ရောက်မှုနည်းသည့်အ‌ပေါ် ပြည်တွင်းလူထုအား ကျယ်ကျယ်ပြန့်ပြန့် သိ‌စေချင်သည့်အတွက် ယခင်‌နေရာ ၌ပင် သတင်းစာရှင်းလင်းပွဲ ထပ်မံ ပြုလုပ်သွားမည်ဖြစ်‌ကြောင်းနှင့် ဖိတ်ကြားခံထားရသည့် ပြည်တွင်းသတင်းဌာနများမှ သတင်း‌ထောက် ‌ပေါင်း ၅၀‌ကျော် တက်‌ရောက်ကြမည်ဟုလည်း သိရသည်။

ထို့အပြင် ယခု သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်း‌ထောက်များ၊ မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေး အဖွဲ့အစည်းများနှင့် ကရင် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသွားမည်ဟု ကလို့ထူး‌ဘော ကရင်အစည်းအရုံး-KKO ၏ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စောဂုဏ်‌အောင် က ‌ပြောသည်။

သူက “ကျ‌နော်တို့ရဲ့ ‌ပြောဆိုမှုကို ပြည်သူလူထုဆီ မှန်မှန်ကန်ကန် ‌ရောက်သွားမှာဖြစ်တဲ့အတွက် မီဒီယာ‌တွေလာတာကို အင်မတန်ပဲ ကြိုဆိုပါတယ်။ ကျ‌နော်တို့‌နေရာမှာလာတဲ့အခါ တချို့က အန္တရာယ်ရှိတယ်တို့ဘာတို့ အမျိုးမျိုး ‌ပြော‌နေကြတဲ့အ‌ပေါ်မှာ ကျ‌နော်တို့အဖွဲ့က လာ‌ရောက်တဲ့သူ‌တွေရဲ့ လုံခြုံ‌ရေးကို အစစအရာရာ တာဝန်ယူပါတယ်လို့ ‌ပြောချင်ပါတယ်”ဟု ဆိုသည်။

အမည်မ‌ဖော်လိုသူ ပြည်တွင်းသတင်း‌ထောက်တစ်ဦးက “လက်နက်ကိုင်အဖွဲ့ရဲ့ ဌာနချုပ်ဆိုတာ သတင်း‌ထောက်‌တွေ ‌ရောက်ဖူးတဲ့သူ နည်းကြတယ်‌လေ။ ပြီး‌တော့ နိုင်ငံတစ်ခုရဲ့ မူးယစ်ရာဇာအဖြစ် သတ်မှတ်တဲ့ကိစ္စက ‌တော်‌တော်‌လေး အင်ပက်(သက်‌ရောက်မှု)ကြီးတယ်။ ဒါ‌ကြောင့် အရမ်းစိတ်ဝင်စားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီ‌ကေဘီ‌အေ၏ ‌မေလ ၁ရက်‌နေ့ သတင်းစာရှင်းလင်းပွဲအပြီး ‌နောက်ပိုင်းတွင် မြဝတီမြို့နယ်အတွင်းရှိ ဒီ‌ကေဘီ‌အေ အ‌ခြေစိုက်ရာ ဖလူး၊ ‌ဝေါ်‌လေ၊ ‌သေ့‌ဘောဘိုး၊ ‌မေတ္တာလင်းမြိုင်နှင့် ‌ကော်သူးမွဲခီး(ဆုံဆည်းမြိုင်) နယ်စပ်‌ဒေသတ‌လျှောက်တွင် ထိုင်းဘက်မှ စတင် တပ်လှန့် ထား‌သော်လည်း ဒီ‌ကေဘီ‌အေဘက်မှ တပ်ချထားခြင်း မရှိဟု KKO ဘက်က ‌ပြောဆိုသည်။