Home သတင်း ဗိုလ်မှူးချုပ်‌စောလားပွယ်အား ဖမ်းဆီးရန် ဆု‌ငွေထုတ်ထားမှုကို ဒီ‌ကေဘီ‌အေ တုံ့ပြန်သွားရန်ရှိ

ဗိုလ်မှူးချုပ်‌စောလားပွယ်အား ဖမ်းဆီးရန် ဆု‌ငွေထုတ်ထားမှုကို ဒီ‌ကေဘီ‌အေ တုံ့ပြန်သွားရန်ရှိ

2516
ဧပြီလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကလို့ထူး‌ဘော စစ်ဦးစီးချုပ်ဗိုလ်မှူး ချုပ် ‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွှေး)အား မူးယစ်ရာဇာအဖြစ် ထိုင်းအာဏာပိုင်များက သတ်မှတ်၍ ဖမ်းဆီးရန် ဆုလာဒ်‌ငွေထုတ်ခြင်းအ‌ပေါ် ပြန်လည်တုံ့ပြန်သွားရန်ရှိသည်ဟု တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)က ယ‌နေ့ ‌ပြောကြားလိုက်သည်။

DKBA ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူး‌စောဆန်း‌အောင်က “ဒီသတင်းနဲ့ ပတ်သက်လို့ ထုတ်ပြန်‌ကြေညာထုတ်ဖို့ အဖိုးနှုတ်ခမ်း‌မွှေးနဲ့ ခုနက ပဲ စကား‌ပြောပြီးတယ်။ သူတို့(ထိုင်းအစိုးရ)က ဘယ်‌နေရာကို ‌တွေ့လို့ ‌ပြောဆိုတာလဲ‌တော့ မသိဘူး။ အဖိုးနှုတ်ခမ်း‌မွှေးဟာ မူးယစ်‌ဆေး ဝါး မလုပ်ဘူးဆိုတာ ကျ‌နော်တို့ ထင်ထင်ရှားရှား သိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဗိုလ်မှူးချုပ်‌စောလားပွယ်အ‌ပေါ် ဖမ်းဆီးရန် ဆုလာဒ်‌ငွေ ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းစားရှင်းလင်းပွဲတစ်ခု ပြုလုပ်‌ပေးသွားရန် လည်း ထိုင်းအစိုးရအား ဖိတ်‌ခေါ်မည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

“ထိုင်းအစိုးရအ‌နေနဲ့ ကျ‌နော်တို့ကို သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်‌ပေးပါ။ သူတို့ လုံခြုံ‌ရေးအတွက် ဒီမှာလာလည်း မဲ့တစ်‌ပေါက်မှ မစွန်း ‌စေရဘူး။ အာမခံတယ်။”ဟု ဗိုလ်မှူး‌စောဆန်း‌အောင်က ဆက်လက် ‌ပြောဆိုသည်။

ထို့အပြင် ထိုင်းအစိုးရအ‌နေဖြင့် ဒီ‌ကေဘီ‌အေအဖွဲ့တွင်း မူးယစ်‌ဆေး‌တွေ့ရှိ‌ကြောင်း တိကျသည့် သတင်းအချက်အလက်ရရှိပါက ဒီ‌ကေ ဘီ‌အေဖြစ်‌စေ၊ ‌ဒေသခံရွာသားဖြစ်‌စေ၊ ရွာလူကြီးများဖြစ်‌စေ အကူအညီ‌တောင်းခံလျှင် စီစဉ်‌ဆောင်ရွက်‌ပေးမည် ဖြစ်‌ကြောင်း သူက ဆက်‌ပြောသည်။

ဧပြီလ ၂ဝရက်‌နေ့က မူးယစ်‌ဆေး ကုန်ကူးမှုတွင် ထိပ်တန်းစာရင်းသူ ၂၅‌ကျော်၏ အမည်ကို ဖမ်းဆီးနိုင်သူအား ထိုင်းဘတ်‌ငွေ ၁၂သန်း ဆု‌ကြေး‌ငွေ‌ပေးမည်ဖြစ်‌ကြောင်း ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုအထဲတွင် ထိုင်းနိုင်ငံသား ၂၂ဦးနှင့် မြန်မာနိုင်ငံသား ၃ဦးတို့ ပါဝင်ကြပြီး မြန်မာနိုင်ငံသားများမှာ ‌ရွှေတြိဂံ‌ဒေသမှ စိုင်း‌နော်ခမ်း၊ တာချီ လိတ် နမ့်ပုံပြည်သူ့စစ်‌ခေါင်း‌ဆောင် ယီ‌ဆေးနှင့် DKBA မှ ဗိုလ်မှူးချုပ်‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွေး)တို့ ပါရှိသည်။

အဆိုပါ မြန်မာနိုင်ငံသား မူးယစ်ရာဇာ ၃ဦးတွင် စိုင်း‌နော်ခမ်းအတွက် ထိုင်း‌ငွေဘတ် ၂သန်း၊ ယီ‌ဆေးနှင့် ဗိုလ်မှူးချုပ်‌စောလားပွယ်တို့အ တွက် ဘတ်‌ငွေ ၁သန်းအဖြစ် ဖမ်းဆီးနိုင်သူများအား ဆုလာဒ်‌ငွေ‌ပေးသွားမည်ဟုလည်း ထိုင်းအစိုးရက ထုတ်ပြန်‌ကြေညာထားသည်။