Home သတင်း ‌ပြောင်းလဲမှု မရှိ‌သေး‌သော အ‌ခြေခံလူထု ဘဝပုံရိပ်များကို ‌စော‌လောအယ်စိုး ‌ဖော်ထုတ်ပြသမည်

‌ပြောင်းလဲမှု မရှိ‌သေး‌သော အ‌ခြေခံလူထု ဘဝပုံရိပ်များကို ‌စော‌လောအယ်စိုး ‌ဖော်ထုတ်ပြသမည်

2466
ဧပြီလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


မြန်မာနိုင်ငံတွင် ‌ပြောင်းလဲမှုများရှိ‌နေဟုဆို‌သော်လည်း အ‌ခြေခံလူတန်းစားများ၏ ‌နေ့စဉ်လှုပ်ရှားရုန်းကန်‌နေမှုများမှာ ‌ပြောင်းလဲခြင်း မရှိ ‌သေးသည့် ပုံရိပ်များကို နိုင်ငံခြား‌ရောက် မြန်မာပြည်သူ၊ပြည်သားများ သိရှိ‌စေရန် လာမည့် ‌မေလ ၁၁ရက်‌နေ့တွင် ကရင်ဓာတ်ပုံသတင်း ‌ထောက် ‌စော‌လောအယ်စိုးက ဓါတ်ပုံပြပွဲ ကျင်းပကာ ပြသသွားမည် ဖြစ်သည်။

“လက်ရှိ ကျ‌နော်တို့ မြန်မာနိုင်ငံမှာ အ‌ခြေအ‌နေ‌ပြောင်းသွားပြီလို့ ‌ပြော‌နေ‌ပေမယ့် လူထု‌တွေရဲ့ဘဝက ဒီ‌နေ့အထိ အတိုင်းအတာတစ်ခု က‌နေ ရုန်းကန်‌နေရတုန်းပဲ။ အဲဒီပုံ‌တွေ ပြတဲ့အခါမှာ ကျ‌နော်ကိုယ်တိုင်လည်း ဗမာပြည်က အ‌ခြေအ‌နေ‌တွေကို ပြန်ပြီး‌တော့ မြင်‌ယောင် မယ်။ ဒီမှာ‌ရောက်‌နေတဲ့ လူ‌တွေအ‌နေနဲ့လည်း ကိုယ့်ဗမာပြည်သူပြည်သားအတွက်ကို အတိုင်းအတာတစ်ခုထိ တာဝန်ရှိတယ်ဆိုတာကို ပြချင်တာပါ”ဟု ‌စော‌လောအယ်စိုးက ‌ပြောသည်။

အဆိုပါဓာတ်ပုံပြပွဲကို ‌မေလ ၁၁ရက်မှ ဇွန်လ ၉ရက်‌နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ‌စော‌လောအယ်စိုး လက်ရှိ‌နေထိုင်သည့် အ‌မေရိကန်နိုင်ငံ နယူး‌ယော့ခ်ပြည်နယ်၊ ဘတ်ဖလိုမြို့ရှိ ၎င်း၏ လုပ်‌ဖော်ကိုင်ဖက် ရုံးဝန်ထမ်းများနှင့် ‌ဒေသခံ နိုင်ငံသားများ၏ စု‌ပေါင်းလုပ် ‌ဆောင်မှု‌ကြောင့် ဓါတ်ပုံပြပွဲ ကျင်းပရန် စီစဉ်ရခြင်းဖြစ်‌ကြောင်းလည်း ‌စော‌လောအယ်စိုးက ယခုလို ရှင်းပြသည်။

၎င်းက “ဆုရသွားတယ်ဆို‌တော့ ဒီမြို့မှာလည်း ကျ‌နော့်အ‌ကြောင်းကို သတင်းစာ‌တွေထဲမှာ ဇန်နဝါရီ ၁၉ထုတ် သတင်းစာမှာ ကျ‌နော့် အ‌ကြောင်းကို ‌ဖော်ပြတယ်‌လေ။ ‌နောက်ဒီမှာ အလုပ်လုပ်တဲ့ရုံးနဲ့ ဒီမြို့မှာရှိတဲ့ အ‌မေရိကန်နိုင်ငံသား‌တွေနဲ့‌ပေါင်းပြီး မြန်မာပြည်ရဲ့အ ‌ကြောင်းကိုလည်း အဓိက သိရ‌အောင် ဆိုတဲ့သ‌ဘောနဲ့ ‌နောက် ဒီက လူ‌တွေရဲ့ စု‌ပေါင်းမှုနဲ့ လုပ်ဖြစ်သွားတယ်။ အဓိကလည်း သူတို့ပဲ လုပ်‌ဆောင်‌ပေးသွားတာပါ”ဟု ‌ပြောသည်။

ယခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရုပ်ရှင်ပြိုင်ပွဲ၌ ‌စော‌လောအယ်စိုး၏ ၂၀၀၇ခုနှစ် ‌ရွှေဝါ‌ရောင် သံဃာ့‌တော်လှန်‌ရေး တွင် စွန့်စွန့်စားစား ရိုက်ကူးခဲ့သည့် မှတ်တမ်းရုပ်ရှင်မှာ လွတ်လပ်သည့်အနုပညာဆုကို ဆွတ်ခူးရရှိခဲ့သည်။

ဧရာဝတီမြစ်‌ပေါ် ရိုက်ခဲ့သည့်ပုံများ၊ ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးတွင် ရိုက်ခဲ့သည့်ပုံများ၊ မြန်မာပြည်အနှံ့တွင် ရိုက်ခဲ့သည့်ပုံနှင့် ဘတ်ဖလိုမြို့ ရှိ မြန်မာပြည်သူပြည်သားများ၏ ဘဝကို ရိုက်ကူးထားသည့်ပုံများကို အဓိက ပြသသွားမည်ဖြစ်ကာ အဖြူ၊အမည်းပုံ ၂၀‌ကျော်နှင့် ကာလာ ပုံ ၂၀‌ကျော် ပြသသွားမည်ဟု သိရသည်။

“အဓိက‌တော့ နိုင်ငံ‌ရေးပဲဖြစ်ဖြစ်၊ စီးပွား‌ရေးပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ‌နေ့စဉ်ဘဝကို အ‌ခြေခံပြီး ဖြစ်လာတာ‌ပေါ့။ ပြည်သူလူထုရဲ့ ‌နေ့စဉ် ဘဝ‌တွေ၊ ‌နောက်ပြီး အ‌ခြေခံလူတန်းစား‌တွေ ဘယ်လိုရုန်းကန်‌နေရတာလဲဆိုတဲ့ သူတို့ရဲ့ ‌နေ့စဉ်ဘဝ‌တွေကို ကျ‌နော်ရိုက်ထားတဲ့ပုံ‌တွေကို ပြသသွားမှာပါ”ဟု ၎င်းက ဆိုသည်။

မြန်မာပြည်သား‌ပေါင်း ၆‌ထောင်‌ကျော်ရှိသည့် ဘတ်ဖလိုမြို့၏ CEPA အနုပညာပြခန်းတွင် ဓာတ်ပုံဆရာ ‌စော‌လောအယ်စိုး၏ ပထမဦးဆုံး ‌သော ဓာတ်ပုံပြပွဲကို ကျင်းပမည်ဖြစ်ပြီး အ‌မေရိကန်နိုင်ငံမှ ‌ပေးအပ်သည့် အမြင့်ဆုံးသတင်း‌ထောက်ဆုကို ရရှိထားသူ AP သတင်းဌာနမှ သတင်း‌ထောက် ‌ဒေါ်‌အေး‌အေးဝင်းက အမှတ်တရ အမှာစာ ‌ရေးသား‌ပေးထားခြင်း ဖြစ်သည်။

“ကျ‌နော့်ကို အခုလို အမှာစာ‌ရေး‌ပေးတဲ့အတွက် တကယ် ဝမ်းသာတယ်။ သတင်းဌာနချင်းမတူ‌ပေမယ့် ဗမာပြည်မှာ ကျ‌နော်တို့ အတူတူ လုပ်‌ဆောင်‌နေရတာ‌တွေ ရှိတယ်ဆို‌တော့ သူက‌နေပြီး ကျ‌နော့်ကို အား‌ပေးတဲ့အ‌ကြောင်း၊ သူ့ရဲ့ သတင်းပရိဿတ် အ‌မေရိကန် ပြည်သူ လူထု‌တွေနဲ့ ကျ‌နော့်အ‌ကြောင်းကို မိတ်ဆက်‌ပေးတဲ့သ‌ဘောပါပဲ။”ဟု ‌ပြောသည်။

‌စော‌လောအယ်စိုးသည် ၂၀၀၇ခုနှစ်၊ စက်တင်ဘာ ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေးတွင် သံဃာ‌တော်များ ‌မေတ္တာပို့ စီတန်း လမ်း‌လျှောက် ဆန္ဒပြ ခဲ့ပုံများကို အဓိက ရိုက်ကူးခဲ့သဖြင့် စစ်အစိုးရက ၎င်းအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည့်အ‌ပေါ် ထိုင်းနိုင်ငံသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရပြီး နိုင်ငံ‌ရေးဒုက္ခသည်အဖြစ် ၂၀၀၈ခုနှစ်၊ မတ်လတွင် အ‌မေရိကန်နိုင်ငံသို့ သွား‌ရောက်ခိုလှုံ‌နေထိုင်ခဲ့ရသည်။