Home သတင်း ဩစ‌တြေးလျား Nhill ‌ဒေသ ကရင်နှစ်သစ်ကူး ကျင်းပပြီးစီး

ဩစ‌တြေးလျား Nhill ‌ဒေသ ကရင်နှစ်သစ်ကူး ကျင်းပပြီးစီး

1679
ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၂။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ဩစ‌တြေးလျားနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် ‌နေးလ်မြို့နယ်တွင် ဒုတိယအကြိမ် ကရင်နှစ်သစ်ကူး ရိုးရာ‌ကောက်သစ် စားပွဲ အခမ်းအနားကို ယ‌နေ့မနက် ၉နာရီမှ မွန်းလွဲ(၁)နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်အမျိုးသားအဖွဲ့အစည်း(AKO) ဗစ်တိုးရီးယားဌာနခွဲ၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်သည့် ကရင်သက္ကရာဇ် ၂၇၅၁နှစ် ‌မြောက် နှစ်သစ်ကူး‌နေ့ အခမ်းအနားတွင် Nhill ‌ဒေသရှိ ကရင်မိသားစုများနှင့်အတူ အက်ဒိလိတ်နှင့် မဲလ်ဘုမ်းမှ ကရင် များ၊ မြို့ခံနိုင်ငံသားများ၊ ‌ကျောင်းဆရာ၊ ဆရာမများ၊ မြို့‌တော်ဝန်နှင့် ဖိတ်ကြားထား‌သော ဧည့်သည်များ စုစု‌ပေါင်း ၅၀၀‌ကျော် လာ‌ရောက်ခဲ့ကြသည်။

‌နေးလ်‌ဒေသနှစ်သစ်ကူး ဖြစ်‌မြောက်‌ရေးတာဝန်ခံ ‌စော‌ကော်တုက “ကရင်‌တွေဟာ မိမိတို့ ဘယ်ကလာလည်းဆိုတာ မ‌မေ့ကြဘဲနဲ့ ပင်ရင်းစိတ်ဓါတ် အ‌ခြေခံ‌လေး‌တွေကို ထပ်‌လောင်းအတည်ပြုရင်း အမျိုးသား‌ရေး တာဝန်ဝတ္တရား‌တွေကို ထမ်း‌ဆောင်နိုင်ဖို့အတွက် နှစ်သစ်မှာ အားသစ်‌တွေ ဖြစ်ထွန်း‌ပေါ်‌ပေါက်လာကြပါ‌စေ။”ဟု အခမ်းအနားမိန့်ခွန်း ‌ပြော ဆိုခဲ့သည်။

AKO မဲလ်ဘုမ်းဌာနခွဲမှ နန်းသူက “ကရင်လူမျိုး‌တွေဟာ ဘယ်‌နေရာပဲ‌ရောက်‌ရောက် မိမိတို့ရဲ့ ‌နေ့ထူး‌နေ့မြတ်ဖြစ်တဲ့ ကရင်နှစ်သစ်ကူး‌နေ့ကို စဉ်ဆက်မပြတ် ကျင်းပရမယ်။ မိမိရိုးရာ၊ စာ‌ပေ၊ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးစံ‌တွေကို ‌လေးစားလိုက် နာပြီး တန်ဖိုးထား ချစ်ခင်ရမယ်။”ဟု ‌ပြောကြားသွားခဲ့သည်

အခမ်းအနားတွင် ကရင့်ယဉ်‌ကျေးမှု ရိုးရာဒုံးယိမ်းအကများနှင့် ‌ဖျော်‌ဖြေခြင်း၊ ကရင့်ရိုးရာအစားအစာများနှင့် ဧည့်ခံ ‌ကျွေး‌မွေးခြင်းအပြင် ည‌နေပိုင်းတွင် လူငယ်များက ‌ဘောလုံးပွဲနှင့် ခြင်းလုံးခတ်ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတက်‌ရောက်သူ ‌စောသာ‌တောက “ကရင်‌တွေဟာ ‌ရောက်ရာအရပ်က‌နေ ဒီပြာသိုလဆန်းအတွင်း အဆင် ‌ပြေနိုင်မယ့် အချိန်အခါ‌တွေမှာ တတ်အားသ‌ရွေ့ မပျက်မကွက် ကျင်းပခြင်းအားဖြင့် ကိုယ့်ရဲ့ယဉ်‌ကျေးမှုအ‌ကြောင်း၊ အလံ‌တော်အ‌ကြောင်း၊ စီးဆင်းလာရာ သမိုင်း‌ကြောင်း‌တွေကို လူငယ်‌လေး‌တွေနဲ့အတူ ‌လေ့လာသူ‌တွေကိုပါ အသိ‌ပေး နိုင်တာဟာ အင်မတန် အကျိုးရှိပါတယ်။”ဟု ‌ပြောသည်။

မဲလ်ဘုမ်းမြို့မှ ကားဖြင့် ၅နာရီကြာ သွားရသည့် Nhill ‌ဒေသတွင် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းနှင့် မ‌လေးရှား နယ်စပ်မှ ‌ပြောင်း‌ရွှေ့‌ရောက်ရှိလာသည့် ကရင်မိသားစု ၂ဝမှ လူဦး‌ရေ ၈ဝဦး ‌နေထိုင်လျက်ရှိသည်။