Home သတင်း ‌ကေအဲန်ယူအဖွဲ့ ‌နေပြည်‌တော် မှ ပြန်လည်ထွက်ခွာ

‌ကေအဲန်ယူအဖွဲ့ ‌နေပြည်‌တော် မှ ပြန်လည်ထွက်ခွာ

1457
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၂။ မြန်မာစံ‌တော်ချိန် ည ၁ဝနာရီ (‌ကေအိုင်စီ)

မြန်မာအစိုးရ ဒုသမ္မတ စိုင်း‌မောက်ခမ်းနှင့် ‌နေပြည်‌တော်တွင် ‌တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့သည် ယ‌နေ့ည မြန်မာစံ‌တော်ချိန် ၉နာရီခန့်တွင် ‌နေပြည်‌တော်မှ ပြန်လည် ထွက်ခွာလာပြီးဖြစ်သည်။

အဆိုပါအဖွဲ့သည် ရထားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့‌တော်ဘက်သို့ ပြန်လည် ထွက်ခွာလာခြင်းဖြစ်ပြီး
လက်ရှိ သတင်းတင်ချိန်တွင် ခရီးလမ်း၌သာ ရှိ‌နေ‌သေး‌ကြောင်း ‌ကေအိုင်စီက ဆက်သွယ်သိရှိရသည်။