Home သတင်း ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့ စိုင်း‌မောက်ခမ်းနှင့် ‌တွေ့ဆုံ

‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့ စိုင်း‌မောက်ခမ်းနှင့် ‌တွေ့ဆုံ

2196
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၂။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးရန် သွား‌ရောက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNU ကိုယ်စားလှယ်အဖွဲ့သည် ယမန်‌နေ့ည‌နေက ဒုသမ္မတ စိုင်း‌မောက်ခမ်းနှင့် ‌တွေ့ဆုံခဲ့သည်ဟု KNU ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်တစ်ဦးက ‌ပြောသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌ဂျော်နီက ယ‌နေ့ ‌နေ့ခင်းဘက်တွင် ‌ကေအိုင် စီနှင့် ဆက်သွယ်‌ပြောဆိုခြင်း ဖြစ်သည်။

“အခု ‌နေပြည်‌တော်ကို ‌ရောက်‌နေတယ်။ စိုင်း‌မောက်ခမ်းနဲ့ မ‌နေ့ည‌နေက ‌တွေ့‌တော့ သူ့အ‌နေနဲ့ ဝမ်းသာတယ် အဲလို‌ပြော တယ်‌ပေါ့။ ‌နောက်ပြီး ‌ကေအဲန်ယူရဲ့ အချက် ၁၁ချက်ကို ယာယီ သ‌ဘောတူတယ်။”ဟု ဗိုလ်မှူးချုပ်‌ဂျော်နီက ‌ပြောဆိုသည်။

‌ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအစိုးရ၏ ဝန်ကြီးများရုံးစိုက်ရာ ‌နေပြည်‌တော်သို့ ယမန်‌နေ့က မြန်မာစံ‌တော်ချိန် ၄နာရီခန့်တွင် မွန်ပြည်နယ်ခရီးစဉ်မှတဆင့် ‌ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၁၂ရက်‌နေ့မွန်းလွဲပိုင်းက အစိုးရကိုယ်စားလှယ်များနှင့် ပြည်နယ်အဆင့် အပစ်ရပ်‌ရေး သ‌ဘောတူ လက်မှတ်ထိုးခဲ့ သည့် အဆိုပါ KNU ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့၏ ‌နေပြည်‌တော်ခရီးစဉ်မှာ ‌နောက်ဆုံးဖြစ်ပြီး ဇန်နဝါရီလ ၁၅ရက် သို့မ ဟုတ် ၁၆ရက်‌နေ့တွင် ဗဟိုဌာနချုပ်သို့ ပြန်လည် ‌ရောက်ရှိနိုင်‌ကြောင်း ခန့်မှန်း‌ပြောဆိုမှုများ ရှိသည်။