Home ထိပ်တန်းသတင်း ‌ကေအဲန်အယ်လ်‌အေနှင့် ဘီဂျီအက်ဖ် ပစ်ခတ်မှုအတွင်း အရပ်သား ၁ဦး‌သေဆုံး

‌ကေအဲန်အယ်လ်‌အေနှင့် ဘီဂျီအက်ဖ် ပစ်ခတ်မှုအတွင်း အရပ်သား ၁ဦး‌သေဆုံး

1583
စက်တင်ဘာလ ၁၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၏ ‌မြောက်ဘက်ခြမ်းရှိ ထီးဝါ့ပ‌လော‌ကျေးရွာအနီး၌ ယ‌နေ့မွန်းလွဲပိုင်းတွင် နယ်ခြား‌စောင့်တပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA)တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် အရပ်သားတစ်ဦး လက်နက်ထိမှန်၍ ‌သေဆုံးခဲ့သည်ဟု သိရသည်။

နယ်ခြား‌စောင့်တပ်(၁၀၁၇)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့သည် KNLA တပ်ရင်း(၁၀၁)မှ တပ်ဖွဲ့ဝင်များအား ထီးဝါ့ပ‌လော‌ကျေးရွာ အနီး၌ ဝင်‌ရောက်ပစ်ခတ်ခဲ့ရာတွင် KNLA ဘက်ကလည်း ပြန်လည်ပစ်ခတ်မှု‌ကြောင့် လူ‌နေတဲအိမ်ထဲရှိ အရပ်သားတစ်ဦး ယခု လို ထိမှန်‌သေဆုံးခြင်းဖြစ်သည်ဟု KNLA ဘက်က အတည်ပြု ‌ပြောဆိုသည်။

KNLA တပ်ရင်း(၁၀၁)မှ တပ်မှူးတစ်ဦးက “သူတို့ (ဘီဂျီအက်ဖ်)က ကျ‌နော်တို့ ဝင်ပစ်‌တော့ ကျ‌နော်တို့လူ‌တွေ တန်ပြန် ပစ် ခတ်တယ်‌ပေါ့။ ပစ်ခတ်မှု ဖြစ်ပွားတာ ၅ မိနစ် ၆မိနစ်‌လောက်ပဲရှိမယ်။ ပစ်ခတ်မှု‌တွေ အပြီးမှာ သိရတာက‌တော့ ‌ဆွေမျိုးဆီကို လာလည်တဲ့ အခြား‌ဒေသက ရွာသားတစ်ဦး ‌သေသွားတယ်။ အသက် ၃၇‌ကျော်‌လောက် ရှိမယ်။”ဟု ‌ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု တစုံတရာ မရှိ‌သော်လည်း ယခုလို အရပ်သားတစ်ဦး အ‌ကြောင်းမဲ့ ‌သေဆုံး သွားသည့်အ‌ပေါ် ၎င်းတို့တပ်ဖွဲ့အ‌နေဖြင့် အလွန်စိတ်မ‌ကောင်းမိ‌ကြောင်း ၎င်းတပ်မှူးက ဆက်‌ပြောသည်။

ယ‌နေ့မနက်တွင်လည်း မြဝတီမြို့နယ်၊ တံတားကျိုးနားရှိ အစိုးရစစ်တပ် ခမရ(၃၅၅)နှင့် ခမရ(၃၅၆)တပ်ရင်း‌နေရာအကြားတွင် နယ်ခြား‌စောင့်တပ်များ စီးနင်းလာသည့် ကားတစ်စီးကို ကရင်တပ်ဖွဲ့မှ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ပစ်ခတ်ခဲ့ရာ လက်ရှိအချိန်ထိ ထိခိုက်မှု အ‌ခြေအ‌နေကို‌တော့ မသိရှိရ‌သေး‌ပေ။

Photo-KIC (KNLA (၁၀၁)တပ်ရင်းမှ တပ်ဖွဲ့ဝင်များ)

ထို့အပြင် မြဝတီမြို့၏ ‌တောင်ဘက်ခြမ်း ‌ဝေါ်‌လေ‌ဒေသ၊ ဝါ့မီထာ့ရွာအနီးရှိ ထင်းရှူးကုန်း‌နေရာတွင် ယမန်‌နေ့ ည‌နေ ၅နာရီခန့် က တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)နှင့် အစိုးရစစ်တပ်တို့၏ ဖြစ်ပွားခဲ့သည့် မိနစ် ၃ဝ ‌ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဖက်မှ ၂ဦး ဒဏ်ရာပြင်းထန်သလို ဒီ‌ကေဘီ‌အေဘက်မှလည်း ၁ဦး ထိခိုက်မှုရှိသည် ဟု သိရသည်။