Home ထိပ်တန်းသတင်း နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့တွင် တစ်ရက်တာအပစ်ရပ်‌ရေး ‌ကေအဲန်ယူ ထုတ်ပြန်

နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့တွင် တစ်ရက်တာအပစ်ရပ်‌ရေး ‌ကေအဲန်ယူ ထုတ်ပြန်

1986
စက်တင်ဘာလ ၁၆ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

စက်တင်ဘာလ ၂၁ရက်‌နေ့တွင် ကျ‌ရောက်သည့် နိုင်ငံတကာငြိမ်းချမ်း‌ရေး‌နေ့ တစ်ရက်စာအတွက် အပစ်အခတ် ရပ်စဲမည်ဖြစ် ‌ကြောင်းနှင့် အစိုးရတပ်များလည်း အပစ်ရပ်‌ပေးရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယမန်‌နေ့တွင် ‌ကြေညာချက် ထုတ် ပြန်လိုက်သည်။

KNU အ‌နေဖြင့် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့တွင် တဖက်သတ် အပစ်ရပ်သလို ကရင်ပြည်နယ်ရှိ (KNU) နယ်‌မြေအတွင်း လှုပ် ရှား‌နေသည့် အစိုးရတပ်များလည်း အပစ်ခတ်ရပ်စဲ‌ပေးရန်နှင့် တိုင်းရင်းသားပြည်နယ်များတွင် ထိုးစစ်ဆင်‌နေသည့် ဗမာစစ် တပ်များ အားလုံးကို ရုပ်သိမ်း‌ပေးရန်လည်း ထုတ်ပြန်ချက်တွင် ‌တောင်းဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဌ ‌စော‌ဒေးဗစ်သက‌ဘောက “ငြိမ်းချမ်း‌ရေးကို တကယ်လိုလားဆိုတယ်ဆိုတဲ့ဟာကို နိုင်ငံ တကာကို ပြချင်လို့၊ နိုင်ငံတကာသိ‌အောင်လို့၊ နိုင်ငံတကာက အသိအမှတ်ပြုတဲ့‌နေ့မှာ အပစ်ရပ်ဖို့ အစိုးရကို ‌တောင်းဆိုတယ်။” ဟု ‌ပြောသည်။

၂၀၁ဝခုနှစ်မှစ၍ နိုင်ငံတကာငြိမ်းချမ်း‌ရေး‌နေ့တွင် တစ်ရက်တာ အပစ်ခတ်ရပ်စဲ‌ပေးရန် မြန်မာအစိုးရကို စတင် ‌တောင်းဆိုခဲ့ရာ ယခုဆိုလျှင် ၂ကြိမ်‌မြောက်ရှိပြီဖြစ်သည်။ ယင်းသို့ ‌တောင်းဆိုထား‌သော်လည်း လက်‌တွေ့တွင် အစိုးရဘက်က တိုက်ခိုက်လာမှု ရှိသည့်အတွက် KNU အ‌နေနှင့် ပြန်လည် ခုခံရသည်ဟု ပဒို‌စော‌ဒေးဗစ်သက‌ဘောက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့က အပစ်ရပ်တယ်။ အရင် မတိုက်ဘူး။ ဒါ‌ပေမယ့် ဒီအ‌ပေါ်မှာ အစိုးရစစ်တပ်ဘက်က တိုက်ခိုက်လာတယ် ဆိုရင်‌တော့ ပြန်ခုခံရမှာပဲ။ မနှစ်ကဆိုလည်း အဲဒီ‌နေ့မှာ တိုက်ပွဲဖြစ်တာရှိတယ်။”ဟု ဆိုသည်။

၎င်းအပြင် နိုင်ငံ‌ရေးပြဿနာများ၊ လက်နက်ကိုင်ပဋိပက္ခများကို ‌ဖြေရှင်း‌ပေးပါရန်လည်း သမ္မတဦးသိန်းစိန်ကို တိုက်တွန်းထား သလို ‌နေရာအနှံ့အပြားရှိ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ၊ ဥပ‌ဒေမဲ့ စနစ်တကျ ကျူးလွန်‌နေသည့် အ‌ကြောင်းမဲ့ သတ်ဖြတ် မှု၊ အဓမ္မလုပ်အားခိုင်း‌စေမှု၊ ‌နေအိမ်‌ကျေးရွာများ ဖျက်ဆီးမှု၊ အမျိုးသမီးများကို အဓမ္မပြုကျင့်မှု အပါအဝင် အသက်‌မွေး လယ်ယာ လုပ်ငန်းများ ဖျက်ဆီးများမှာလည်း ဂျီနီဗာ သ‌ဘောတူညီချက်စာချုပ်ကို ချိုး‌ဖောက်ရာကျသည့်အတွက် ရပ်တန့်ရမည်ဟု ‌ဖော် ပြထားသည်။

အချက် ၁၃ချက်ပါ KNU ၏ ထုတ်ပြန်ချက်ထဲတွင် သမ္မတဦးသိန်းစိန် အစိုးရ အုပ်ချုပ်မှု‌အောက်မှ ကရင်လူမျိုးများ စာ‌ပေယဉ် ‌ကျေးမှု၊ ရိုးရာဓ‌လေ့၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနှင့် ခွဲခြားဆက်ဆံခံရခြင်းတို့ကို ရပ်တန့်‌ပေးရန် တိုက်တွန်းထားသည်။

အလားတူ ဗမာ့တပ်မ‌တော်အတွင်း က‌လေးငယ်များကို စစ်သားအဖြစ် စု‌ဆောင်းခြင်းမှ ရပ်တန့်ရန်နှင့် ထွက်‌ပြေးလွတ်‌မြောက် လာ‌သော ဗမာ့တပ်မ‌တော်မှ က‌လေးစစ်သားများကို ကူညီ‌ထောက်ပံ့‌ပေး‌ရေးအတွက် ကုလသမဂ္ဂ ‌ခေါင်း‌ဆောင်များကလည်း မိမိတို့နှင့်အတူ တာဝန်ယူ ပူး‌ပေါင်း‌ဆောင်ရွက်ကြရန် ‌တောင်းဆိုလိုက်သည်။

KNU က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေး ‌ကြေညာပြီး လူ့အခွင့်အ‌ရေး၊ ဒီမိုက‌ရေစီ‌ရေး၊ ‌ရေရှည်တည်တံ့ခိုင်မြဲ‌သော ငြိမ်းချမ်း ‌ရေးနှင့် လုံခြုံ‌ရေးကို တည်‌ဆောက်ရန် ကုလသမဂ္ဂ လုံခြုံ‌ရေး‌ကောင်စီအ‌နေဖြင့် သမ္မတ ဦးသိန်းစိန်အစိုးရအား တိုက်တွန်း‌ပေး ပါရန်လည်း ‌တောင်းဆိုလိုက်သည်။

‌ကေအဲန်ယူသည် ငြိမ်းချမ်း‌ရေး၊ ဒီမိုက‌ရေစီ‌ရေး၊ လူ့အခွင့်အ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိ‌ရေးနှင့် တမျိုးသားလုံး လွတ်‌မြောက်‌ရေး အတွက် ရပ်တည်လှုပ်ရှား‌နေသည့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။

စက်တင်ဘာလ ၂၁ရက်‌နေ့ကို နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့အဖြစ် ၂၀၀၁ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အ‌ထွေ ‌ထွေညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် (၅၅/၂၈၂)ဖြင့် အတည်ပြု သတ်မှတ်လာခဲ့ကြသည်။