Home ထိပ်တန်းသတင်း ကရင်ပြည်သူများကို EU မှ ကူညီ‌ပေးရန် ဖလုံ-စ‌ဝေါ်ပါတီ ပန်ကြား

ကရင်ပြည်သူများကို EU မှ ကူညီ‌ပေးရန် ဖလုံ-စ‌ဝေါ်ပါတီ ပန်ကြား

2168
စက်တင်ဘာလ ၁၄ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)
Photo-VOA R.Coben (EU commissioner Kristalina Georgieva)

ကရင်ပြည်နယ် ဖာပွန်၊ ကြာအင်းဆိပ်ကြီးနှင့် ‌ကော့ကရိတ်မြို့နယ် ‌တောင်ပိုင်းတို့မှ အခက်ခဲဆုံး‌သော ‌ဒေသများရှိ ပြည်သူများကို ဥ‌ရောပသမဂ္ဂ(အီးယူ)အ‌နေဖြင့် ကူညီ‌ပေး‌စေလို‌ကြောင်း ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP က ‌ပြောကြားလိုက်သည်။

ယခုလ စက်တင်ဘာလ ၉ရက်မှ ၁ဝရက်‌နေ့အထိ မြန်မာနိုင်ငံသို့ လာ‌ရောက်ခဲ့သည့် အီးယူ ‌ကော်မရှင်နာမင်းကြီး ခရစ်စ်တယ်လီ နာ‌ဂျော်ဂျီဗာက အစိုးရ‌ခေါင်း‌ဆောင်အချို့နှင့် ‌တွေ့ဆုံပြီး‌နောက် ပြည်တွင်းရှိ ဒုက္ခ‌ရောက်‌နေသည့် ‌ဒေသများမှ ပြည်သူများကို ယူရို ‌ငွေ ၂၂သန်း ကူညီမည်ဟု ကတိ‌ပေးခဲ့သည့် အချက်အ‌ပေါ် PSDP ပါတီ၏ဆန္ဒကို ယခုလို ထုတ်‌ဖေါ်‌ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ‌ဒေသများရှိ ပြည်သူများမှာ ပညာ‌ရေး၊ ကျန်းမာ‌ရေးနှင့် ‌မြေမြှုပ်မိုင်းပြဿနာများ ရင်ဆိုင်‌နေကြရသည်ဟု ၂၀၁ဝ ‌ရွေး ‌ကောက်ပွဲတွင် အမတ်‌နေရာ ၉‌နေရာ အနိုင်ရခဲ့သည့် PSDP ပါတီ အတွင်း‌ရေးမှူးလည်းဖြစ်၊ ဖားအံမြို့နယ်၊ ပြည်သူ့လွှတ်‌တော်အ မတ် နန်း‌စေအွာက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ကြာအင်းဆိပ်ကြီးနဲ့ ဖာပွန်က ‌တောရွာ‌တွေမှာဆိုရင် အများအားဖြင့် စာသင်‌ကျောင်းရှိ‌ပေမယ့် ဆရာ၊ ဆရာမ မရှိဘူး။ ‌ဆေး‌ပေး ခန်း မရှိဘူး။ ‌ဆေးဆရာ၊ ဆရာမ‌တွေ မရှိဘူး။ အဲဒီ‌ဒေသက ‌မြေမြှုပ်မိုင်းထိတဲ့ ပြည်သူ‌တွေဟာ မြို့‌ဆေးရုံကို ‌ဆေးလာကုဖို့ လမ်း ခုလတ်မှာပဲ ‌သေတာများတယ်။”ဟု နန်း‌စေအွာက ‌ပြောသည်။

ကရင်ပြည်နယ် အခြား‌ဒေသများတွင်လည်း ဒုက္ခအမျိုးမျိုးဖြင့် ရင်ဆိုင်‌နေရ‌သော ကရင်လူမျိုး အများအပြား ရှိ‌သော်လည်း လက်ရှိ အဆိုးဆုံး‌နေရာများတွင် အမြန်ဆုံး ကူညီရန် လိုအပ်သည်ဟု ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

ဗြိတိန်နိုင်ငံအ‌ခြေစိုက် ဘားမားကန်ပိန်း-UK မှ လှုံ့‌ဆော်‌ရေးမှူး နမ့်ဇိုယာဖန်းကမူ အီးယူ၏ လူသားချင်းစာနာသည့် အကူအညီ‌ပေး မှုကို ကြိုဆိုလိုက်‌သော်လည်း အီးယူအ‌နေဖြင့် မြန်မာပြည်တွင်းတွင်သာမက နယ်စပ်‌ဒေသရှိ မြန်မာပြည်သူများကိုလည်း ကူညီရန် ‌ပြောသည်။

၎င်းက “မြန်မာပြည်မှာ တကယ် ဒုက္ခ‌ရောက်‌နေတဲ့သူ‌တွေ အများကြီးပဲ။ တကယ်ကူညီရင် ပြည်တွင်းထဲက ဒုက္ခ‌ရောက်‌နေတဲ့သူ ‌တွေပဲ မဟုတ်ဘဲနဲ့ နယ်စပ်မှာရှိတဲ့ ဒုက္ခ‌ရောက်‌နေတဲ့သူ‌တွေကိုလည်း ဆက်ကူညီဖို့လိုတယ်။”ဟု ‌ပြောဆိုသည်။

အီးယူသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကို ပုံမှန်‌ပေး‌နေသည့် အကူအညီများကို ၂၀၁ဝခုနှစ်မှစ၍ ‌လျှော့ချမှုအချို့ကို စတင် လုပ်‌ဆောင်ခဲ့သည်။

ထိုင်း၊ တရုတ်၊ အိနိ္ဒယနှင့် ဘဂင်္လား‌ဒေ့ရှ်နိုင်ငံများမှ မြန်မာနိုင်ငံနှင့် ထိစပ်‌သော နယ်စပ်‌ဒေသများတွင် ‌ဒေသခံ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားလူမျိုးများမှာ လက်နက်ကိုင်တိုက်ပွဲနှင့် စားဝတ်‌နေ‌ရေး အခက်အခဲ‌ကြောင့် ဒုက္ခ‌ရောက်‌နေ သည့် အ‌ခြေအ‌နေကိုလည်း နမ့်ဇိုယာဖန်းက ‌ထောက်ပြသည်။

ဘားမားကန်ပိန်း-ယူ‌ကေသည် မြန်မာ့အ‌ရေးနှင့် ပတ်သက်၍ လှုပ်ရှား‌ဆောင်ရွက်‌နေသည့်အဖွဲ့ဖြစ်သည်။ ယခု ‌လော‌လောဆယ် ကုလသမဂ္ဂ အထူးစုံစမ်းစစ်‌ဆေး‌ရေး ကိုယ်စားလှယ် ‌တောမတ်စ်အို‌ဟေးကင်တားနား အဆိုပြုထားသည့် လူ့အခွင့်အ‌ရေး စုံစမ်းစစ် ‌ဆေး‌ရေး‌ကော်မရှင်(COI) ‌ပေါ်‌ပေါက်‌ရေး ‌ထောက်ခံရန် ဥ‌ရောပသမဂ္ဂနိုင်ငံများကို စည်းရုံးလှုံ့‌ဆော်လျက်ရှိသည်။

မြန်မာအစိုးရသည် တိုင်းရင်းသား လူမျိုးစုများနှင့် နှစ်‌ပေါင်းများစွာ ဖြစ်ပွား‌နေသည့် ပြည်တွင်းစစ် အဆုံးသတ်‌ရေး လုပ်‌ဆောင်ရန် သန္နိဋ္ဌာန်ချထားသည်ဟု စက်တင်ဘာလ ၁၁ရက်‌နေ့က ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ခရစ်စ်တယ်လီနာ‌ဂျော်ဂျီဗာက ‌ပြောခဲ့‌သေးသည်။

၎င်း၏ ခရီးစဉ်အတွင်း မြန်မာအစိုးရ နယ်စပ်‌ရေးရာ ဝန်ကြီးဌာနနဲ့ စက်မှုဖွံ့ဖြိုး‌ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်း‌ဌေး အပါအဝင် အခြားအစိုးရဝန်ကြီးများနှင့် ‌တွေ့ဆုံသကဲ့သို့ မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်လည်း ‌တွေ့ဆုံ ခဲ့သည်။