Home ထိပ်တန်းသတင်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ စုံစမ်းစစ်‌ဆေးရန် ဒဲရက်မစ်ချဲလ်က မြန်မာအစိုးရကို တိုက်တွန်း

လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ စုံစမ်းစစ်‌ဆေးရန် ဒဲရက်မစ်ချဲလ်က မြန်မာအစိုးရကို တိုက်တွန်း

1507
စက်တင်ဘာလ ၁၄ရက်။ (‌ကေအိုင်စီ)

အမျိုးသား ပြန်လည်သင့်မြတ်‌ရေးအတွက် ပထမအဆင့်အ‌နေနှင့် တိုင်းရင်းသားလူနည်းစု‌ဒေသများမှ မတရားပြုကျင့်မှုများ စုံ စမ်း‌ဖော်ထုတ်ရန် လိုအပ်‌ကြောင်း အ‌မေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်က မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

အ‌မေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်း‌ရေးမှူး ဒဲရက်မစ်ချဲလ်က တိုင်းရင်းသား‌ဒေသက မတရား အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရမှုများကို စုံစမ်းစစ်‌ဆေးရန် တရားဝင် ယုံကြည်ကိုးစားရသည့် ယန္တရားတရပ် ထူ‌ထောင် ရန် အ‌ရေးကြီး‌ကြောင်း မြန်မာအစိုးရကို တိုက်တွန်း‌ကြောင်း ယ‌နေ့ သတင်းထုတ်ပြန်လိုက်သည်။

ထိုမျှမက နိုင်ငံ‌ရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်‌ပေးခြင်း၊ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အတိုက်အခံများ ထိ‌တွေ့ဆက်ဆံ ခြင်း၊ တိုင်းရင်းသားများနှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်မည့်အစား ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်း အပါအဝင် ပြုပြင်‌ပြောင်းလဲမှုနှင့် အမျိုး သားပြန်လည် သင့်မြတ်‌ရေးကိုလည်း တိုက်တွန်းခဲ့‌ကြောင်း မစ်ချဲလ်က ‌ပြောသည်။

မစ္စတာဒဲရက်မစ်ချဲလ်သည် သူ၏ မြန်မာနိုင်ငံ ၅ရက်ခရီးစဉ် ပြီး‌မြောက်သည့် စက်တင်ဘာ ၁၄ရက်‌နေ့ မြန်မာနိုင်ငံမှ မထွက်ခွာ မီ ထိုသို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ပြုပြင်‌ပြောင်းလဲ‌ရေး အမျိုးသားပြန်လည် သင့်မြတ်‌ရေးအတွက် အစိုးရရဲ့ စစ်မှန်တဲ့ ‌ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတ ကာက ယုံကြည်မှုမရှိ‌သေးဘူးဆိုတာကိုလည်း အစိုးရကို မှတ်ချက်‌ပေးခဲ့တယ်။”ဟု မစ္စတာဒဲရက်မစ်ချဲလ်က သတင်းစာရှင်း လင်းပွဲ၌ ‌ပြောဆိုခဲ့သည်။

ထို့အပြင် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာအစိုးရ၏ စစ်‌ရေး ဆက်သွယ်မှုများနှင့် ပတ်သက်ပြီး ပွင့် လင်းမြင်သာမှု မရှိ‌သေးသည့်အ‌ပေါ် စိုးရိမ်မကင်းဖြစ်မှုကိုလည်း အစိုးရကို တင်ပြခဲ့သည်။

လက်နက်မပြန့်ပွား‌ရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံ‌ရေး‌ကောင်စီက ပြဌာန်းထားသည့် သ‌ဘောတူညီချက်ကိုလည်း လိုက်နာရန် ဒဲရက်မစ်ချဲလ်က တိုက်တွန်းခဲ့သည်။

ဒဲရက်မစ်ချဲလ်က “ဒီခရီးစဉ်ဟာ အလွန်အကျိုးထူးတဲ့ ခရီးစဉ်ဖြစ်တယ်လို့ မြင်တယ်။”ဟု ‌ပြောသည်။

အ‌မေရိကန်နိုင်ငံ၏ ထိ‌တွေ့ဆက်‌ရေးမူဝါဒကို ဆက်လက်‌ဖော်‌ဆောင်ရန်အတွက် မြန်မာနိုင်ငံသို့ ‌နောက်ထပ် အကြိမ်ကြိမ် လာ‌ရောက်ရန်ကိုလည်း ‌မျှော်လင့်သည်။

ပထမဆုံး ခရီးစဉ်အဖြစ် အဓိက ရည်မှန်းချက်မှာ မိတ်ဆက်ရန်၊ မြန်မာနိုင်ငံမှ အမြင်များကို နား‌ထောင်ရန်နှင့် သူ၏ လုပ်ပိုင်ခွင့် နှင့် တာဝန်အရ အ‌မေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ကိုင်တွယ်‌ဆောင်ရွက်ရန်အတွက် ဆက်ဆံ‌ရေး တည်‌ဆောက် ယူရန်ဖြစ်သည်ဟု ‌ပြောသည်။

မစ္စတာဒဲရက်မစ်ချဲလ်သည် ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၉ရက်‌နေ့က ‌ရောက်ရှိပြီး အစိုးရအဖွဲ့အ စည်း၊ နိုင်ငံ‌ရေးအဖွဲ့အစည်း၊ တိုင်းရင်းသားနိုင်ငံ‌ရေးအဖွဲ့အစည်း၊ လူမှုကူညီ‌ရေးအဖွဲ့ အစရှိသည့် အဖွဲ့အစည်းများနှင့် ‌တွေ့ဆုံခဲ့ သည်။

မစ္စတာဒဲရက်မစ်ချဲလ်ကို အ‌မေရိကန် အစိုးရ၏ တိုက်ရိုက် ထိ‌တွေ့ဆက်ဆံ‌ရေး မူဝါဒအရ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ် ၂၀၁၁ခုနှစ်၊ ဇွန်လက တရားဝင် ခန့်အပ်ခဲ့သည်။