Home ထိပ်တန်းသတင်း အတိုက်အခံများအား ရှင်းလင်း ဖယ်ရှားရန် မြန်မာအစိုးရ‌တောင်းဆို

အတိုက်အခံများအား ရှင်းလင်း ဖယ်ရှားရန် မြန်မာအစိုးရ‌တောင်းဆို

1727
ဇူလိုင်လ ၂၇ရက်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံတွင်းရှိ အတိုက်အခံ မြန်မာနိုင်ငံ‌ရေး အဖွဲ့အစည်းများနှင့် ဒုက္ခ္ခသည်စခန်းများအား ရှင်းလင်း‌ပေးရန် မြန်မာအစိုးရက ထိုင်းအစိုးရဘက်သို့ ‌တောင်းဆိုလိုက်သည်ဟု သိရသည်။

ထိုသို့ ‌တောင်းဆိုရာတွင် အချက် ၃ချက် ပါဝင်သည်ဟု တာ့ခ်ခရိုင်ဝန် စမတ်လွိုင်ဖား(Samart Loifah)က ၂၅ရက်‌နေ့တွင် ပြု လုပ်‌သော အုပ်ချုပ်‌ရေးအဖွဲ့ အစည်းအ‌ဝေးအပြီးတွင် သတင်း‌ထောက်များအား ‌ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်း‌တောင်းဆိုချက်များမှာ ဒုက္ခသည်စခန်းများအား ရှင်းလင်း‌ပေးရန်၊ ရန်ကုန်မြို့တွင် ဗုံး‌ဖောက်ခွဲသူများမှာ မဲ‌ဆောက်တွင် ရှိ ‌သော‌ကြောင့် ဖမ်းဆီး‌ပေးရန်နှင့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များအား ဖမ်းဆီး‌ပေးရန်တို့ ပါဝင်သည်ဟု သိရသည်။

ထိုင်းနိုင်ငံအ‌နေဖြင့် လက်ရှိ မြန်မာအစိုးရမှာ မည်သို့အစိုးရဖြစ်‌ကြောင်း စဉ်းစားရန်လိုသည့်အပြင် ဒုက္ခသည်များအား ပြန်ပို့ပါ က ‌နောက်ဆက်တွဲ ဖြစ်‌ပေါ်လာမည့် ပြဿနာများအတွက်လည်း တာဝန်ရှိ‌ကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၏ တွဲဖက်အတွင်း‌ရေးမှူးဖြစ်သူ နိုင်ငံခြား‌ရေးရာ တာဝန်ခံ ကိုစိုး‌အောင်က အခုလို ‌ပြောသည်။

“ဒုက္ခသည်‌တွေကို ပြန်ပို့ဖို့ဆိုတာ လက်ရှိ မြန်မာနိုင်ငံရဲ့ အ‌ခြေအ‌နေကို ထည့်သွင်းစဉ်းစားရလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိ အစိုးရဟာ အရပ်သားအစိုးရ ‌ယောင်‌ဆောင်ထားတဲ့ စစ်တပ်အစိုးရသာ ဖြစ်ပါတယ်။ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေက ကချင်နဲ့ ရှမ်းမှာလည်း ဆက်ရှိ‌နေတာပဲ။ လက်ရှိ ဖြစ်‌နေတာ ငြင်းလို့မရဘူး။ ဒီအ‌ခြေအ‌နေမှာ ပြန်ပို့မယ့်အစိုးရက အများကြီး တာဝန်ရှိတယ်။ နိုင်ငံတကာကလည်း ဖိအား‌ပေးနိုင်တယ်။”ဟု ကိုစိုး‌အောင်က ‌ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ‌နော်စီဖိုးရာစိန်က “နိုင်ငံ‌ရေး အဖွဲ့အစည်းဆိုတာ မဲ‌ဆောက်မှာမှ မဟုတ်ဘူး။ ပြည်တွင်းမှာလည်း ရှိ‌နေတာပါ။ ဒီလိုပြဿနာ‌တွေကို နိုင်ငံ‌ရေးနည်းနဲ့ပဲ ‌ဖြေရှင်း‌စေချင်တယ်။”ဟု ‌ကေအိုင်စီကို ‌ပြောဆိုသည်။

မြန်မာအစိုးရက ဒုက္ခသည်စခန်းများသည် လူမျိုးစုလက်နက်ကိုင်များ၏ ခိုလှုံရာသာဖြစ်ပြီး ထိုအထဲမှလူများက မြန်မာနိုင်ငံသို့ ပြန်၍ ဒုက္ခ‌ပေး‌နေခြင်းဖြစ်သည်ဟုဆိုကာ မြန်မာအစိုးရဘက်မှ တင်ပြ‌တောင်းဆိုထားခြင်း ဖြစ်သည်။

‌ကေအဲန်ယူ ဒု-ဥက္ကဌ ပဒို‌ဒေးဗစ်သာက‌ဘောက “‌ကေအဲန်ယူက ကိုယ့်နယ်‌မြေထဲကိုယ်‌နေပြီး လှုပ်ရှား‌နေတာပါ။ မဲ‌ဆောက်ကို လည်း ‌ဆေးဝါးကုသဖို့အတွက်ပဲ သွားလာ‌နေကြတာပါ။ ဒုက္ခသည်‌တွေကလည်း မြန်မာအစိုးရရဲ့ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု ‌တွေ‌ကြောင့် ‌ပြေးလာ‌နေကြတာပါ။ ငြိမ်းချမ်းမယ်ဆိုရင် မြန်မာနိုင်ငံအတွင်းကို ပြန်မှာပါပဲ။ ထိုင်းအစိုးရကလည်း နိုင်ငံတကာဥပ ‌ဒေကို ‌လေးစားလိုက်နာတဲ့ အစိုးရပါပဲ။”ဟု ‌ပြောသည်။

သို့‌သော် ထိုင်းအစိုးရအ‌နေဖြင့် အချိန်မတန်‌သေးဘဲ အတင်းအကြပ် လုပ်‌ဆောင်လာမည်ဆိုပါက လက်မခံသင့်‌ကြောင်း နိုင်ငံ တကာကို ဖိအား‌ပေးသွားမည့်အပြင် ထိုင်းအစိုးရထံသို့လည်း ‌မေတ္တာရပ်ခံစာ ပို့သွားမည်ဖြစ်‌ကြောင်း အတိုက်အခံတစ်ဦးက ‌ပြောဆိုလိုက်သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်လျှက်ရှိသည့် မဲ‌ဆောက်-မြဝတီ တံတားကို ယမန်နှစ် ဇူလိုင်လ ၁၈ရက်‌နေ့ကတည်းက မြန်မာ အာဏာပိုင်များက ကုန်ကူးသွားလာခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ထိုအ‌ခြေအ‌နေ‌ပေါ်တွင် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ကုန်သွယ်‌ရေး ဝင်‌ငွေ အ‌တော်ထိခိုက်‌နေခဲ့သည်။