Home ထိပ်တန်းသတင်း အစိုးရနှင့် တိုင်းရင်းသား ပဋိပက္ခ ညှိနှိုင်း‌ဆွေး‌နွေးရန် ‌ဒေါ်စု အသင့်ရှိ

အစိုးရနှင့် တိုင်းရင်းသား ပဋိပက္ခ ညှိနှိုင်း‌ဆွေး‌နွေးရန် ‌ဒေါ်စု အသင့်ရှိ

1821
ဇူလိုင်လ ၂၈ရက်။ ‌ကေအိုင်စီ

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ယခုလတ်တ‌လော ဖြစ်ပွား‌နေသည့် စစ်‌ရေးပဋိပက္ခများကို အမြန်ဆုံး အပစ်ရပ်စဲကြပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ညှိနှိုင်း‌ဆွေး‌နွေးရန် အသင့်ရှိ‌ကြောင်း မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်က ယ‌နေ့ရက်စွဲဖြင့် အိတ်ဖွင့်စာ‌ပေးတ‌စောင် ထုတ်ပြန်လိုက်သည်။

လက်ရှိ အ‌ခြေအ‌နေတွင် ကချင်၊ ရှမ်း၊ ကရင်နှင့် မွန် စသည့် ပြည်နယ်များတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်းများ စစ်‌ရေးပဋိပက္ခ‌ကြောင့် ပြည်သူအများအပြား‌သေ‌ကြေပြီး နိုင်ငံပိုင်အ‌ဆောက်အဦးများ၊ စီမံကိန်းလုပ်ငန်းများ၊ ယိုယွင်းပျက်စီးမှုများ အိမ်နီးချင်းနိုင်ငံများပါ ကူးစက်ပျံနှံ့‌နေချိန်တွင် ‌ဒေါ်စုအိတ်ဖွင့်စာ ထွက်ပါ်လာခြင်း ဖြစ်သည်။

အစိုးရအ‌နေဖြင့် စစ်ပွဲပဋိပက္ခများကို အင်အားသုံး‌ဖြေရှင်းပါက နှစ်ဦးနှစ်ဘက် အကျိုးဆုတ်ယုတ်‌စေသည့်အတွက် နိုင်ငံ‌ရေး ကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဆွေး‌နွေးအ‌ဖြေရှာမှသာ စစ်မှန်‌သော တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးကို ရရှိမည်ဖြစ်သည်ဟု ‌ဒေါ် ‌အောင်ဆန်းစုကြည်က ‌ပြောဆိုထားသည်။

တိုင်းရင်းသား‌ဒေသရှိ ပဋိပက္ခကို လူထု‌ခေါင်း‌ဆောင်ဖြစ်သည် ‌ဒေါ်‌အောင်ဆန်းစုကြည်က ယခုလို ပါဝင်‌ဖြေရှင်းလာသည့် အ‌ပေါ် အလားအလာ‌ကောင်းတခုဖြစ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စော လှ‌ငွေက ‌ကေအိုင်စီကို ‌ပြောသည်။

“‌ဒေါ်စု ပါဝင်လာခြင်းအားဖြင့် သူ့‌နောက်မှာ ရှိ‌နေတဲ့ လူထုတစ်ရပ်လုံးက ပါဝင်လာတာနဲ့ အတူတူပဲ။ သက်ဆိုင်ရာ အစိုးရ ကလည်း ဒီအိတ်ဖွင့်‌ပေးစာကို အ‌လေးအနက်ထားပြီး အပြုသ‌ဘော‌ဆောင်တဲ့ တုံ့ပြန်ဖို့ ‌မျှော်လင့်ပါတယ်။”ဟု သူက ‌ပြော သည်။

မွန်ပြည်သစ်ပါတီ-NMSP ၏ ဥက္ကဌ နိုင်ဟံသာကလည်း “စစ်‌ရေးက တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးကို မတည်‌ဆောက် နိုင်ပါဘူး။ ‌ဒေါ်စုအ‌နေနဲ့ အခုလို ‌စေတနာနဲ့ ကြိုးပမ်းလာတဲ့အ‌ပေါ်မှာ ကျ‌နော်တို့က ဝမ်းသာကြိုဆိုတယ်။ အခုကိစ္စမှာ လည်း အစိုးရတစ်ဖွဲ့တည်းနဲ့‌တော့ မလုပ်နိုင်ပါဘူး။ ဘက်‌ပေါင်းစုံ အင်အားစုအားလုံး အ‌ကောင်အထည်‌ဖော်မှ ဖြစ်မှာပါ။” ဟု ဆိုသည်။

ပြည်‌ထောင်စု သမတ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုများနှင့် စုစည်းထား‌သောနိုင်ငံဖြစ်ပြီး တ‌မြေတည်း‌နေ တ‌ရေ တည်း‌သောက် ညီအစ်ကို‌မောင်နှမများ အတူတကွ ‌နေထိုင်လျှက်ရှိ‌သော နိုင်ငံဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ချစ် ကြည်ရင်းနှီးစွာ ‌နေထိုင်ကြရန် တိုက်တွန်း‌ရေးသားထားပါသည်။

ပြည်‌ထောင်စုသားများအ‌နေဖြင့် တစ်ဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ အပြန်အလှန် နားလည်မှု၊ ယုံကြည်‌လေးစားမှုများရှိကြပြီး တိုင်းပြည်အကျိုးနှင့် ပြည်သူလူထုအကျိုးကို ‌မျှော်ကိုးကာ တိုက်ပွဲများရပ်တန့်ပြီး အပစ်ခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ် ငန်းများ လုပ်‌ဆောင်သွားရန် ‌ဒေါ်စုက ‌ပြောဆိုထားသည်။

ယခုအပတ် ဇူလိုင်လ ၂၅ရက်‌နေ့က ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ဦး‌အောင်ကြည်တို့ ‌တွေ့ဆုံပွဲအပြီး ယခုလို အိတ်ဖွင့်‌ပေးစာ ‌ပေါ်ထွက်လာခြင်းဖြစ်သည်။