Home ဆောင်းပါး နက်ဖြန်‌တွေရဲ့ ကြားတစ်‌နေရာ

နက်ဖြန်‌တွေရဲ့ ကြားတစ်‌နေရာ

1990
မန်း‌တော‌လောင်း

၇-၇-၂၀၁၁

ကျ‌နော်တို့ ကုန်ဆုံးသွား‌သော နက်ဖြန်သည် ‌သေခြင်းတရားဆီသို့ ဦးတည့်‌နေသည်။ အဆုံးစွန် နက်ဖြန်နှင့် ယ‌နေ့အကြား ကျ‌နော်တို့သည် ခရီးသွားဧည့်သည်များသာ ဖြစ်သည်။ ကျ‌နော်တို့ ခရီးသွားများသည် ‌ခေါင်း‌မော့ရင်‌ကော့၍ ခရီးသွားနိုင်ပါသ လား။ ‌ခေါင်းငိုက်စိုက်ချ၍ ခရီးသွား‌နေရသလား။

တကယ်‌တော့ ‌ခေါင်း‌မော့ရင်‌ကော့၍သာ ခရီးသွားချင်ပါသည်။ သို့ရာတွင် ‌ခေါင်းငိုက်စိုက်ချ၍ ခရီးသွား‌နေရဆဲပင်။ ဒီခရီးမှာ ကျ‌နော်ညံ့လို့ ‌နောက်ကျကျန်ရစ်ခဲ့တာလား။ ‌နောက် ကြည့်လိုက်‌တော့ ကျ‌နော့်လိုလူ တစ်ပုံတစ်ပင်ကြီးပင်။ သန်း ၆၀‌သော ပြည် သူတို့ ကမ္ဘာ့ခရီးတွင် ‌နောက်ကျကျန်ရစ်ခဲ့ကြသည်။ ကျ‌နော် အသက် ၆ဝပြည့်ဘို့ သုံးနှစ်သာလို‌တော့သည်။ ‌နေမွန်းကား တိမ်း‌နေပြီ။ ‌သေမင်းနှင့် မ‌တွေ့ွမီ ‌သေမင်းနှင့် စစ်ခင်းခဲ့ရ‌ပေါင်းလည်း မနည်း‌တော့ပြီး။ ကျ‌နော် အသက် ၇နှစ်အရွယ်‌တွေ ‌တော် လှန်‌ရေး‌ကောင်စီ အာဏာသိမ်းသည်ကို မှတ်မှတ်ထင်ထင် သတိရသည်။ သည့်မတိုင်မီ ပါလီမန်ဒီမိုက‌ရေစီ‌ခေတ် ရှိခဲ့သည်ကို ‌တော့ လုံးဝ မသိလိုက်ပါ။ ကြီးပြင်းလာမှ စာ‌ပေဖတ်ရင်း သမိုင်း အချိုးအ‌ကွေ့များကို သိရသည်။ ကျ‌နော် လာခြင်းမ‌ကောင်းခဲ့ တာ အခုထိပါပဲ။ ကျ‌နော့်အသက် ၁၃နှစ်အထိ ကွန်မြူနစ်သူပုန်နှင့် ‌ကေအဲန်ဒီအိုတို့ မြစ်ဝကျွန်း‌ပေါ်တွင် ရှိသည်ကို‌တော့ မှတ် မိ‌သေးသည်။ ကျ‌နော် ၆တန်းနှစ် ‌မြောင်းမြမြို့နယ် ကဝက်‌ကျေးရွာ အလယ်တန်း‌ကျောင်းမှအပြန် ကျ‌နော်တို့ သူငယ်ချင်းနှစ် ‌ယောက် လယ်စားကျက်ကွင်းတွင် သီချင်းဆို၍ပြန်လာစဉ် အ‌မေက ရွာထိပ်မှ လှမ်း၍‌ပြေးလာသည်။ ကျ‌နော့်ရွာသည် စကမြား ‌ကျေးရွာအနီ အစုကြီး‌ကျေးရွာ ဖြစ်သည်။ စကမြား‌ကျေးရွာတွင် စစ်တပ်ရှိသည်။ အ‌မေက ကျ‌နော်တို့လက်ကို အတင်းဆွဲ၍ ကျ‌နော်တို့ရွာနားဝန်းကျင်မှာ သူပုန်‌တွေ‌ရောက်‌နေ‌ကြောင်း၊ ကျ‌နော်တို့ကို သူပုန်မှတ်၍ စစ်တပ်က အ‌မြှောက်နှင့်လှမ်းထုနိုင် ‌ကြောင်း ‌ပြော‌တော့မှ သီချင်းဆိုခဲ့‌သော အ‌ပျော်များ‌ပျောက်၍ အ‌မြှောက်ဆန်မှန်မှာကို‌ကြောက်‌သော ရင်ခုန်သံတို့ မြည်ဟီး၍ လာသည်။ ကျ‌နော်တို့ သားအမိနှင့် သူငယ်ချင်းတို့ ဥယျာဉ်ထဲရှိ အ‌ဖေတူးထား‌သော ဗုံးခိုကျင်းတွင် အိပ်၍ တစ်ညကုန်ခဲ့ရ သည်။

မိုးလင်း‌တော့ ကျ‌နော်တို့ရွာအနီး ကျုံတာရွာက သူကြီး အသတ်ခံရ‌ကြောင်း သတင်းရရှိသည်။ ထိုသူကြီးသည် ကျ‌နော့်အတန်း ‌ဖော် မိန်းက‌လေးနှစ်ဦး၏ အ‌ဖေဖြစ်သည်။ အ‌တော် ‌ကြောက်ရွံ့တုန်လှုပ်ဖွယ် ‌ကောင်းလှပါတကား။ ဆက်‌ကြေးမ‌ပေး၍ သူကြီး အား သူပုန်က သတ်သွားခဲ့သည်ဟု ‌နောက်မှသိရသည်။

ထိုသူကြီးကိုလည်း မကြာခဏ မြင်ဖူး‌နေ၍ သူ၏ရုပ်ပုံလွာသည် ကျ‌နော့်မျက်လုံးထဲမှ မထွက်။ ကျ‌နော့်အတန်း‌ဖော် မိန်းက‌လေး ၏ မိသားစုများ ‌သောကမီးများ ဘယ်‌လောက် ‌တောက်‌လောင်‌နေပါမည်လဲ။ သူပုန်များ စကမြားစစ်တပ်မှ ‌ဆောက်ထား‌သော စပါးကျီကြီးကို မီးလာရှို့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်ကိုလည်း ကြုံခဲ့ရသည်။ မြစ်ဝကျွန်း‌ပေါ်သူပုန်များကို ဖြတ်‌လေးဖြတ်ဖြင့် တိုက် ခိုက်‌ချေမှုန်းသည့် မိုးဟိန်စစ်ဆင်‌ရေးနှင့် လင်းယုန်စစ်ဆင်‌ရေးတွင် ‌သေနတ်သံ၊ အ‌မြှောက်သံ တဒိုင်းဒိုင်း တဝုန်းဝုန်းကိုလည်း ရက်သတ္တ‌ပေါင်းများစွာကိုလည်း ကြားခဲ့ရသည်။

ထိုစဉ်က သူပုန်များ ကျရှုံးသည်ကို ကျ‌နော် အားရ‌ကျေနပ်မိခဲ့သည်။ သူပုန်ဆိုသည်မှာ လူသတ်သမား၊ လူရမ်းကား ‌ကျေးရွာ သားများကို ‌နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူထားခဲ့သည်။ မြစ်ဝကျွန်း‌ပေါ်တစ်ခုလုံး အစိုးရလက်‌အောက် ကျ‌ရောက်ပြီး သူပုန်များ ကင်းစင်‌သောအခါမှ ကျ‌နော်တို့ လက်နက်မဲ့ပြည်သူများသည် စစ်ကျွန်ဖြစ်ရသည်ကို ‌နောက်မှ သိလာရသည်။ အခု ချိန်ထိ စစ်ကျွန်လက်က မ‌ပျောက်‌သေးပါ။ ကရင့်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး‌ပြောခဲ့သည့် ကရင့်လက်နက် ကရင့် လက်ထဲမှာ ရှိရမည်ဟူ‌သောစကားကို သတိရ‌နေမိသည်။ ယခု မြစ်ဝကျွန်း‌ပေါ် ကရင်‌တွေလက်ထဲမှာ ဘာလက်နက်မှ မရှိ ‌တော့၍ တက်လာသည့် အစိုးရတိုင်း ကရင်လူမျိုးတို့၏ ရပိုင်ခွင့်ကို လစ်လျူရူကာ ထင်တိုင်းကြဲအုပ်ချုပ်‌တော့သည်။

‌တော်လှန်‌ရေး‌ကောင်စီလက်ထက် ဦးသန့်အ‌ရေးအခင်း။ အလုပ်သမားအ‌ရေးအခင်းများတွင် ပါဝင်ခဲ့‌တော့မှ အစိုးရ၏ သရုပ်မှန် ကို ထင်းထင်း သိရပါ‌တော့သည်။ ‌နောက် မဆလ‌ခေတ် အကျင့်ပျက်ချထားမှု‌ကြောင့် ကျ‌နော်တို့ ပြည်သူအားလုံး လူတန်းမ ‌စေ့။ ဆင်းရဲမွဲ‌တေခဲ့ရသည်။ ‌ကျောင်းပညာ‌ရေးကိုလည်း ဆုံးခန်းတိုင် မသင်နိုင်ခဲ့။ ကျ‌နော်တို့မှာ စနစ်၏သား‌ကောင်များ ဖြစ်ခဲ့ ကြသည်။ ဤသည်ပင် အ‌ထွေ‌ထွေ မ‌ကျေနပ်မှု‌ကြောင့် ၈၈ အ‌ရေး‌တော်ပုံကြီးနှင့် ပက်ပင်း တိုးလိုက်ရသည့်အခါမှာ‌တော့ ပြည် သူတို့၏ အားမာန်နှင့် ရင်ဖွင့်သံတို့သည် ဘယ်‌တော့မှ မပြိုကျနိုင်ဟု ထင်ထားခဲ့‌သော အစိုးရ၏ ‌ဒေါက်တိုင် မဆလပါတီလည်း ဘုံးဘုံးလဲ၍ ဆုံးခန်းတိုင်သွား‌တော့သည်။

တစ်ဖန် နဝတ စစ်အာအသိမ်းခံရပြန်သည်။ ထိုအချိန်တွင် ကျ‌နော် ‌မြောက်ဥက္ကလာမှာ ‌ရောက်‌နေပြီး က‌လေးသုံး‌ယောက် ဖခင်အဖို့ ဘာလုပ်၍ ဘာကိုင်ရမည်မသိ။ မိသားစုအခက်အခဲ အထွဋ်အထိပ်သို့ ကြုံခဲ့ရသည်။ ‌ခွေးတိုးဝက်တိုးဘဝဖြင့် မ‌သေရုံ တမယ် အသက်ဆက်ခဲ့ရသည်။ ‌နောက်ပိုင်းမှာ နိုင်ငံခြားကုမ္ပဏီတစ်ခုတွင် အလုပ်ရ၍ ‌နေသာထိုင်သာရှိသွား‌သော်လည်း အနာဂတ်က ဘာမျှမ‌ရေရာ‌သေး။ ‌သေချာသည်က ‌သေမင်း၏ ‌ချောက်နှုတ်ခမ်းနားသို့ တဖြည်းဖြည်း ချဉ်းကပ်၍လာခြင်းပင်။

မြန်မာနိုင်ငံ လွတ်လပ်‌ရေးရ၍ သုံးလမပြည့်မီမှာပင် ပြည်တွင်းစစ်ကြီး မီးထ‌လောင်‌တော့သည်။ ညီအစ်ကိုအချင်းချင်း တိုက်ကြ သည့်စစ်ဆိုလျှင် မမှား။ ‌နောက်တနှစ် မပြည့်မီ‌သေးခင်မှာပင် လူမျိုးစုပြဿနာ ဘရိတ်‌ပေါက်ခဲ့ရာမှ အပြန့်ကျယ်‌သော ပတ် လည်စစ်ပွဲကြီးတစ်ခု ဖြစ်၍လာသည်ကို သမိုင်းတွင် ဖတ်ရှု‌လေ့လာရသည်။ အမှန်မှာ‌တော့ အိုင်ဒီအိုလိုဂျီပြဿနာ‌ကြောင့် မြန် မာပြည်ကြီး စစ်တလင်း ဖြစ်ခဲ့ရခြင်းဖြစ်သည်။

ယခုအချိန်တွင် အိုင်ဒီ‌ယော်လိုဂျီ စစ်ပွဲမရှိ‌တော့ဟု ‌ပြောဆိုက ‌ပြောဆိုနိုင်‌သော်လည်း လူမျိုးစုပြဿနာကား မငြိမ်း‌သေးပါ။ လူမျိုးစုပြဿနာဟု ဆိုသည်နှင့် Self-determination ‌ဝေါဟာရ၏ အ‌ကောက်အယူကို ကြည့်ရှုရမည်ဖြစ်သည်။ အ‌မေရိကန် သမတ ဝီလ်ဆင်၏ Self-determination မှာ လွှတ်‌တော်တွင်း‌ရောက် တိုင်းရင်းသားကိုယ်စားလှယ်များ ခြိမ်း‌ခြောက်ခံထားရ သလား မသိ‌ပေ။ အမှန်မှာ တည်ငြိမ်‌အေးချမ်း‌သော ပြည်‌ထောင်စုအရိပ် အာဝါသ‌အောက်တွင် တန်းတူအခွင့်အ‌ရေးရရှိကာ ‌အေးအတူ ပူအမျှ ‌နေထိုင်လိုကြ‌ပေသည်။ ပြည်‌ထောင်စုဆို‌သော ‌ဝေါဟာရကိုပင် `Union`လား `Federal`လား အငြင်းပွား ရာတွင် ၁၉၄၇၊ ဇွန်လ ၁၇ရက်‌နေ့က ကျင်းပခဲ့‌သော တိုင်းပြုပြည်ပြု လွှတ်‌တော် ‌ဆွေး‌နွေးပွဲ အမတ်တစ်‌ယောက်က ‌မေးမြန်ခဲ့ ရာ ဗိုလ်ချုပ်‌အောင်ဆန်းက အဂင်္လိပ်ဘာသာ “Union”နှင့် “Federal”ကို အဓိကမထားဘဲ မြန်မာဘာသာ ပြည်‌ထောင်စုကိုသာ အတည်ယူ‌ကြောင်း ပြန်ကြားခဲ့သည်။ ဗဟိုလုပ်ပိုင်ခွင့် အာဏာလွန်ကဲပါက သို့မဟုတ် ဗမာကြီးစိုး‌ရေးဝါဒ လွန်ကဲပါက “Unitary” ဘက်ကို ဦးတည်သွားပြီး တိုင်းရင်းသား‌ေ‌ဒေသဘက် အ‌လေးသာပါသွားပြန်လည်း “Federation”ကို ‌ကျော်လွန်ပြီး “Confederation” သို့ ‌ရောက်‌ကောင်း‌ရောက်သွားနိုင်ပြန်သည်။ “Unitary”နှင့် “Confederation”တို့ အားပြိုင်လျှင် မြန်မာ့ စစ်မီးက ငြိမ်းနိုင်မည် မဟုတ်ပါ။ ဒီမိုကရက်တိုက်‌ဇေးရှင်း ဖြစ်စဉ်နှင့် အလှမ်း‌ဝေး၍ ‌နေ‌ပေဦးမည်။

ယခု ကရင်၊ ရှမ်း၊ ကချင်ပြည်နယ်များရှိ လူမျိုးစုနှင့် ဗဟိုအစိုးရတို့၏ တိုက်ပွဲသည် “Unitary”နှင့် “Confederation”တို့အား ပြိုင်သည့်တိုက်ပွဲလား။ စဉ်းစားချိန်ဆဖို့ လိုအပ်‌ပေသည်။ တိုင်းပြည်အာဏာကို ဆယ်စုနှစ်‌ပေါင်းများစွာ ချုပ်ကိုင်ထား‌သော ‌ခေါင်း‌ဆောင်များအ‌နေဖြင့်လည်း အလိုနှင့် အလွန်ကို ချင့်ချိန်၍ ကိုင်တွယ်‌ဖြေရှင်းသင့်‌ပေသည်။

လက်ရှိ တရုတ်အစိုးရက ပြည်သူများအ‌ပေါ် မ‌တောင်းခင်မှ အရင်‌ပေးနှင့်သည် ဆိုသည့်မူဝါဒနှင့်အညီ အုပ်ချုပ်သည်။ ‌တောင်း တာမကြိုက်လျှင် နဂိုကပင် ပြည်သူ့ဆန္ဒကို သိရှိပြီး ပြည်သူအများ လိုလားချက်ကို ‌ပေးနှင့်ရမည်။ အခွင့်ထူးခံ လူနည်းစုသာ ရရှိ‌သောအ‌ပေးမျိုးကို ‌ရှောင်ရှားနိုင်မှသာ သန့်ရှင်း‌သော အစိုးရတစ်ရပ် ဖြစ်‌ပေလိမ့်မည်။

၁၅ရာစုက ပင်လယ်ကူးသ‌ဘေင်္ာများ ‌ပေါ်ထွက်လာ၍ ကုန်စည်များ မိုဘိုင်းလ် ဖြစ်လာသည်။ ၁၇နှစ်ရာစုတွင် ‌ခေတ်ဘဏ်စနှစ် ‌ပေါ်‌ပေါက်လာ၍ အရင်းသည်လည်း မိုဘိုင်းလ် ဖြစ်လာသည်။ ၁၉၉ဝ ပြည့်လွန်နှစ်များတွင် အလုပ်သည်ပင် မိုဘိုင်းလ် ဖြစ်လာ ခဲ့‌ချေပြီ။ လူရှိရာသို့ အလုပ် လာ‌ရောက်ခဲ့ခြင်းဖြစ်သည်။

ဥပမာ အ‌မေရိကားနှင့် ဥ‌ရောပမှ အလုပ်များမှ ပရိုဂရမ်မာများရှိရာ အိန္ဒိယသို့လည်း‌ကောင်း၊ တယ်လီဖုန်း ‌အော်ပ‌ရေတာများရှိ ရာ ဖိလစ်ပိုင်သို့လည်း‌ကောင်း၊ ‌ရောင်ခြည်ဖြင့် ‌ရောဂါကုသသူများရှိရာ ထိုင်းသို့လည်း‌ကောင်း ‌ရောက်ရှိလာခဲ့ကြပြီး။ မြန်မာနိုင် ငံတွင်မှု အထည်ချုပ်စက်ရုံမှတစ်ပါး အခြားနည်းပညာဖြင့် အလုပ်အကိုင်များ ‌ရောက်မလာသည်ကိုကြည့်လျှင် မြန်မာပြည်တွင် စနစ်‌ကောင်းတစ်ခု မ‌ပေါ်ထွက်‌သေး‌ကြောင်း သက်‌သေပြရာ ‌ရောက်‌နေ‌ပေသည်။

ဘရာဇီး၊ အိန္ဒိယ၊ တရုတ်၊ ‌တောင်အာဖရိက၊ ရုရှားတို့ စီးပွား‌ရေးမှာ ဂိုးလ်မင်းဆတ်ချ်အဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ၂၀၄ဝသို့ ‌ရောက်လျှင် ၎င်းတို့၏ စုစု‌ပေါင်းထွက်ကုန်မှာ ယ‌နေ့ “G-7” နိုင်ငံ၏ထွက်ကုန်ထက် ပိုများလိမ့်မည်ဟု ဆိုပါသည်။ ဒုတိယကမ္ဘာ စစ်အပြီးတွင် အ‌မေရိကန်မှ ‌ဒေါ်လာ‌ရေစီး‌ကြောင်း ဂျပန်သို့ ဝင်‌ရောက်ခဲ့ပြီး‌နောက် ထိုင်ဝမ်၊ ‌ဟောင်‌ကောင်၊ ‌တောင်ကိုးရီးယား၊ စင်ကာပူတို့သို့ စီးပွား‌ရေး‌ရှေ့တန်း‌ရောက်ခဲ့ပြီး အာရှကျားများဖြစ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် အိုင်ဒီ‌ယော်‌လော်ဂျီပြဿနာနှင့် လူမျိုးစုပြဿနာတို့‌ကြောင့် ပြည်တွင်းစစ်မီး ‌တောက်‌လောင်သည့်အချိန် ဖြစ်ခဲ့သည်။ ၁၉၉ဝ ပြည့်လွန်နှစ်များတွင် အင်ဒိုနီး ရှား၊ မ‌လေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့ ဒုတိယ ကျား‌ပေါက်‌လေး‌ကောင် ဖြစ်လာချိန်တွင်လည်း မြန်မာနိုင်ငံသည် စစ်အစိုးရ၏ လက်သင့်ရာ စား‌တော်‌ခေါ် ဝါဒ‌ကြောင့် ပြည်သူအများ ဆင်းရဲငတ်မွတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုလမ်းနှင့် အလှမ်းကွာခဲ့ရသည်။ ‌နောက် ‌ပေါ်ထွန်းလာမည့် ကျား‌ပေါက်တစ်‌ကောင်သည် ဗီယက်နမ်ဖြစ်မည်ဟု စီးပွား‌ရေးပညာရှင်များက ‌ဟောကိန်းထုတ်ထား ကြသည်။

က‌မ္ဘောဒီးယားနှင့် လာအိုတွင် ဖုန်းကဒ်တစ်ခု ၇‌ထောင်‌ဈေး ဖြစ်‌နေချိန်တွင် မြန်မာနိုင်ငံတွင် ငါးသိန်း‌ပေး ဝယ်‌နေရသည်။ ဂျာနယ်အသီးသီးတွင် သရုပ်မှန်‌သော ပကတိနိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး‌ဆောင်းပါးများ ‌ရေးသားထားသည်ကို မစားရ ဝခ မန်း ဖတ်ရှုရ‌သော်လည်း မြန်မာနိုင်ငံ၏ ‌ပြောင်းလဲမှုသည် ယခုတိုင် မ‌တွေ့ရ‌သေးပါ။ နိုင်ငံ‌ရေး ပြုပြင်‌ပြောင်းလဲမှုရှိမှ စီးပွား‌ရေး လူမှု‌ရေးတို့ အ‌ပြောင်းအလဲ ဖြစ်နိုင်သည်။ လူလတ်တန်းစားများ မ‌ပေါ်ထွန်းသ‌ရွေ့ ပညာတတ်လူတန်းစားများ ‌ပေါ်ထွန်းလာ မည် မဟုတ်‌ချေ။ အလျင်အမြန် တိုးတက်‌နေ‌သော သတင်းနှင့် နည်းပညာ‌ခေတ်ကြီးထဲသို့ ဝင်ဆံ့နိုင်ရန် အ‌တော်ပင် အလှမ်း ‌ဝေးကွာလျက်ရှိသည်။ အစိုးရက လက်သပ်‌မွေးထား‌သော နည်းပညာရှင်များရှိ‌သော်လည်း တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးပြုရာတွင် ထိ‌ရောက်မှု မရှိနိုင်‌ချေ။

ခရိုနစ်ဇင်ဝါဒကို ဖြုတ်မချနိုင်လျင် ‌ဈေးကွက်စီးပွား‌ရေးနှင့် အလှမ်း‌ဝေး‌နေ‌ပေဦးမည်။ ‌ဈေးကွက်စီးပွား‌ရေးဆိုသည်မှာ လူတန်း စားမ‌ရွေး ယှဉ်ပြိုင်‌ရောင်းဝယ် ‌ဖောက်ကားရ‌သောစနစ်ဖြစ်ရာ အစိုးရမှ ထိန်း‌ကျောင်းတည့်မတ်‌ပေးရန်သာ လိုပါသည်။ ကျ‌နော့် ဘဝ မွန်းတိမ်းပြီး။ ‌နေမဝင်မီ မြန်မာနိုင်ငံကြီး ‌ပြောင်းလဲမှုနှင့်အတူ အနာဂတ် ‌ရောင်နီသန်း‌နေသည်ကို မြင်‌တွေ့သွားချင်ပါ သည်။ ကျ‌နော့် နက်ဖြန်‌တွေရဲ့ ကြားတစ်‌နေရာမှာ ဒိမိုက‌ရေစီအလင်း‌ရောင် ထွန်းလင်းပါဦးမည်လား။ ကမ္ဘာ့အ‌ရေးကိုကြည့်၍ မြန်မာ့အ‌ရေးကို ဒီမိုကရက်တိုင်‌ဇေးရှင်းလားရာသို့ ‌ရှေ့ရှု‌ဖော်‌ဆောင်ရန် တိုက်တွန်း‌ရေးသားလိုက်ရပါသည်။