Home ထိပ်တန်းသတင်း ဗိုလ်မှူး‌စောဘိ၏ ခွဲထွက် နယ်ခြား‌စောင့်တပ်ဖွဲ့ စစ်‌ရေးပြင်ဆင်ပြီး

ဗိုလ်မှူး‌စောဘိ၏ ခွဲထွက် နယ်ခြား‌စောင့်တပ်ဖွဲ့ စစ်‌ရေးပြင်ဆင်ပြီး

1932
ဇူလိုင်လ ၁၅ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ‌ဒေသအ‌ခြေစိုက် ဗိုလ်မှူး‌စောဘိ ဦး‌ဆောင်သည့် ကရင်နယ်ခြား‌စောင့်တပ် (BGF) ခွဲ ထွက်အဖွဲ့သည် ယခုအချိန်တွင် အစိုးရစစ်တပ်အား ပြန်လည်ခုခံရန်အတွက် စစ်‌ရေးပြင်ဆင်မှုများ အသင့်အ‌နေအထားတွင် ရှိ‌နေ‌ကြောင်း ကိုယ်တိုင်သွား‌ရောက် ‌တွေ့ဆုံခဲ့သူ ‌ကေအိုင်စီ သတင်း‌ထောက်တစ်ဦးက ယခုလို ‌ပြောပြသည်။

အင်အား ၁၀၀ဝနီးပါးရှိ အဆိုပါ BGF တပ်ဖွဲ့ဝင်များသည် ယခုအချိန်တွင် မြိုင်ကြီးငူ‌ဒေသရှိ ‌တောတွင်းနယ်‌မြေတ‌နေရာ၌ အ‌မြောက်လက်နက်ကြီး၊ လက်နက်ငယ်နှင့် မိုင်းမျိုးစုံကို ပြင်ဆင်ထားပြီး ၎င်းတို့အား မြန်မာစစ်တပ်က ရန်သူဟု သတ်မှတ် လိုက်သည့်အ‌ပေါ် ယခုလို ပြင်ဆင်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူး‌စောဘိက ‌ကေအိုင်စီကို ‌ပြောဆိုသည်။

၎င်းက “ဗမာတပ်‌တွေက နယ်ခြား‌စောင့်တပ် ဆက်မလုပ်‌တော့တဲ့ ကျ‌နော်တို့ကို ရန်သူလို့ သတ်မှတ်လိုက်တယ်‌လေ။ ဒီ‌တော့ ကျ‌နော်တို့အ‌နေနဲ့ကလည်း ဗမာစစ်တပ်က ပစ်ခတ်မှု‌တွေ လုပ်လာရင် စစ်‌ရေးအဆင်သင့်ဖြစ်‌အောင် ပြင်ဆင်ထားရတာ‌ပေါ့။ စစ်တပ်ဘက်က တိုက်လာလို့ရှိရင် ချက်ချင်း ပြန်လည်ခုခံဖို့ အသင့်ပါပဲ။”ဟု ‌ပြောသည်။

ခွဲထွက် နယ်ခြား‌စောင့်တပ်အဖွဲ့သည် လက်ရှိအချိန်၌ မြိုင်ကြီးငူနယ်‌မြေရှိ ၎င်းတို့ ထိန်းချုပ်ရာ‌ဒေသတစ်ဝိုက်တွင် အစိုးရစစ် တပ် လာ‌ရောက်နိုင်သည့် ‌နေရာများ၌ ‌မော်တာလက်နက်ကြီးများ၊ လက်နက်ငယ်များ အပါအဝင် မိုင်းများကိုလည်း စစ်‌ရေးအ တွက် ပြင်ဆင်ထားသည်။

အဆိုပါအဖွဲ့အ‌နေဖြင့် ယမန်နှစ်၊ ဩဂုတ်လက နယ်ခြား‌စောင့်တပ်အဖြစ် ‌ပြောင်းလဲဖွဲ့စည်းခဲ့ပြီးမှ ဒီ‌ကေဘီ‌အေသို့ ပြန်လည် ဘက်‌ပြောင်းလာခြင်းအ‌ပေါ် ဗိုလ်မှူး‌စောဘိက ယခုလို ရှင်းပြသည်။

“ကျ‌နော်တို့ BGF လုပ်တာ ပြည်သူ‌တွေ ‌ထောက်ခံမှုမရှိဘူး။ ‌နောက် ကျ‌နော်တို့ တပ်မှူးတပ်သား‌တွေလည်း ဆက်လုပ်ဖို့ကို ဆန္ဒမရှိကြ‌တော့ဘူး။ လူမျိုးတခုရဲ့ လွတ်လပ်ခွင့်လည်း မရှိဘူး။ ကရင်လူမျိုး‌တွေရဲ့ ‌နေ့ကြီးရက်ကြီး‌တွေဆို အရင်ကလို လွတ် လွတ်လပ်လပ် ကျင်းပခွင့်မရှိ‌တော့ဘူး။ BGF ဆိုတာ အစိုးရရဲ့ ကြိုးကိုင်မှု‌အောက်မှာ ‌နေရတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့အ‌နေနဲ့ ဒီ BGF ကို ဆက်လုပ်ဖို့ အ‌ကြောင်းမရှိ‌တော့ဘူး။ ပြန်တိုက်ဖို့ပဲ ရှိ‌တော့တယ်။”ဟု ‌ပြောသည်။

၎င်းဦးစီးသည့် ခွဲထွက် နယ်ခြား‌စောင့်တပ်ဖွဲ့များအ‌နေဖြင့် အစိုးရစစ်တပ်များနှင့် တိုက်ပွဲတစုံတရာ ဖြစ်ပွားသည့်အခါ လိုအပ်ပါ က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ဖွဲ့ဝင်များကို စစ်‌ရေးအကူအညီ ‌တောင်းသွားမည်ဖြစ်‌ကြောင်း လည်း ဗိုလ်မှူး‌စောဘိက ထပ်မံ ‌ပြောဆိုသည်။

“အကယ်၍ စစ်တပ်က ကျ‌နော်တို့ကို တိုက်လာလို့ရှိရင် KNLA ကလည်း ကျ‌နော်တို့ကို ကူညီမယ်။ အစိုးရစစ်တပ်နဲ့ KNLA တို့ တိုက်ခိုက်ကြရင်လည်း ကျ‌နော်တို့က KNLA ကို ကူညီသွားမယ်။ ဘာဖြစ်လို့လဲဆို‌တော့ အစိုးရတပ်ကို တိုက်တာချင်းအတူတူ ကျ‌နော်တို့က အချင်းချင်း‌တွေပဲ‌လေ။ ကရင်က ကရင်ကို ကူညီရမယ်။”ဟု ‌ပြောသည်။

Photo-KIC (ခွဲထွက် နယ်ခြား‌စောင့်မှ စစ်‌ရေးအတွက် ကြိုတင်ပြင်ဆင်‌နေသည်)

အလားတူပင် ဗိုလ်မှူး‌စောဘိဘက်က စစ်‌ရေးအရ အကူအညီ ‌ပြောဆိုလာပါက မိမိတို့ဘက်လည်း သွား‌ရောက်ကူညီရန်အ တွက် အသင့်အ‌နေအထား ပြင်ဆင်ထား‌ကြောင်းလည်း KNLA (၁၀၁)တပ်ရင်းမှူး ဗိုလ်မှူး‌စော‌ဖောဒိုက ‌ပြောသည်။

 

လက်ရှိအချိန်တွင် အစိုးရတပ်က ယခင် ဗိုလ်မှူးကြီး‌စောချစ်သူကို နယ်ခြား‌စောင့်တပ် ကွပ်ကဲရန် တာဝန်‌ပေးထား‌သော်လည်း ခွဲထွက် BGF တပ်ဖွဲ့ဝင်များအ‌နေဖြင့် အစိုးရတပ်ကို ပြန်လည်တိုက်ခိုက်ရန်ပင် ဆန္ဒရှိကြသည်။

ဗိုလ်မှူး‌စောဘိ၏ တပ်သားတဦးက “အရင်တုန်းက ကျ‌နော်တို့ ညီအစ်‌တွေ အချင်းချင်း ပစ်ခတ်၊ သတ်ဖြတ်ကြတာ လုံးဝကို စိတ်မ‌ကောင်းဘူး။ အခု ကျ‌နော်တို့ ညီအစ်ကို အချင်းချင်း လက်တွဲပြီး‌တော့ ဒီ်မတရားအုပ်ချုပ်‌နေတဲ့ အစိုးရကို ပြန်လည်ခုခံဖို့ အတွက်ပဲ ကျ‌နော့်ဆန္ဒ အရမ်းပြင်းပြတယ်။”ဟု ‌ပြောသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ခွဲထွက်နယ်ခြား‌စောင့်တပ်များအား ‌စေ့စပ်ညှိနှိုင်းရန်အတွက် စစ်ကားအစီး ၂ဝနှင့်အတူ နယ် ခြား‌စောင့်တပ် အကြံ‌ပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီး‌စောချစ်သူသည် မြိုင်ကြီးငူ‌ဒေသသို့ သွား‌ရောက်ခဲ့ရာ ဗိုလ်မှူး‌စောဘိက အ‌တွေ့မ ခံခဲ့‌ပေ။