Home ထိပ်တန်းသတင်း လွှတ်‌တော်အမတ်များ မီဒီယာနှင့် မပတ်သက်ရန် ကရင်ပြည်နယ် ဝန်ကြီးချုပ် တားမြစ်

လွှတ်‌တော်အမတ်များ မီဒီယာနှင့် မပတ်သက်ရန် ကရင်ပြည်နယ် ဝန်ကြီးချုပ် တားမြစ်

1859
ဇူလိုင်လ ၁၅ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

လက်ရှိ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်‌ဇော်မင်းသည် ပြည်နယ်အတွင်းရှိ လွှတ်‌တော်အမတ်အချို့အား သတင်းမီဒီယာ များနှင့် ‌ပြောဆိုခြင်း မပြုလုပ်ရန် ပြီးခဲ့သည့်လက ‌ခေါ်ယူတားမြစ်ခဲ့‌ကြောင်း အမတ်များနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ‌ပြော ဆို‌နေကြသည်။

“အရင်လကတည်းက ဝန်ကြီးချုပ်က ‌ခေါ်‌ပြောတာ‌လေ။ သူတို့ ကူးယူထားတဲ့ သတင်းစာမျက်နှာကို ထုတ်ပြပြီး ‌နောက်ဆို မီဒီ ယာနဲ့ ဘယ်‌တော့မှ စကားမ‌ပြောရဘူးဆိုပြီး ‌ပြောတယ်။ အထူးသဖြင့် ကရင်ပါတီကို‌ပေါ့။ ဖလုံ-စ‌ဝေါ်ပါတီက ‌ဒေါ်နန်း‌စေအွာ လည်း ပါတယ်။”ဟု အမည်မ‌ဖော်လိုသည့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (Plone-Swor Democratic Party-PSDP)သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်ရှိ မြို့နယ် ၇မြို့နယ်၌ လွှတ်‌တော်အမတ် ၁၈ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ၉ဦးမှာ မဲအနိုင်ရရှိခဲ့သည်။

ယခုနှစ် မတ်လတွင် ဦးသိန်းစိန် အစိုးရသစ် တက်လာပြီး‌နောက်ပိုင်း ပထမဦးဆုံး လွှတ်‌တော်အစည်းအ‌ဝေးတွင် PSDP အ‌နေ ဖြင့် ကရင်ပြည်သူများ၏ လိုလားချက်အရ ပြည်နယ်အတွင်း ငြိမ်းချမ်း‌ရေးအတွက် အစိုးရနှင့် ကရင်တပ်ဖွဲ့များအကြား ‌တွေ့ဆုံ ‌ဆွေး‌နွေးနိုင်‌ရေး သမ္မတထံ တင်ပြထားခဲ့ခြင်းကိုလည်း ပိတ်ပင်သည့်စကားမျိုး ‌ပြောဆိုခဲ့သည်ဟု သိရသည်။

အဆိုပါနီးစပ်သူက “ပါတီအ‌နေနဲ့ ‌ဒေါ်နန်း‌စေအွာတို့၊ ဦး‌စောသိန်း‌အောင်တို့က သမ္မတဆီ ပြည်နယ်ငြိမ်းချမ်း‌ရေးကိစ္စ တင်ပြ ထားတာ ရှိတယ်မဟုတ်လား။ အဲဒါကို ငြိမ်းချမ်း‌ရေးကိစ္စက ဘာမှ‌ပြောဖို့ မလိုဘူးတဲ့‌လေ။ ဒါက ပါတီက လုပ်ကြံ‌ပြောယူတာမှ မဟုတ်တာ။ လူထုက ဖြစ်ချင်တာကို သူတို့က တင်ပြတာပဲ‌လေ။”ဟု ‌ပြောသည်။

‌မေလအတွင်းက ‌ကေအိုင်စီနှင့် PSDP ပြည်နယ်လွှတ်‌တော်အမတ် ‌ဒေါ်နန်း‌စေအွာထံ ဆက်သွယ်‌မေးမြန်းချက်တွင် “ကျမတို့ ပြည်နယ် ငြိမ်းချမ်းချင်တယ်။ တခြားပြည်နယ်‌တွေမှာ အကုန်လုံး ငြိမ်းချမ်း‌နေပြီ။ ငြိမ်းချမ်းမှုမရှိရင် တိုးတက်လို့မရဘူး‌လေ။ အဲဒါ‌ကြောင့် ငြိမ်းချမ်းမှုကို လိုလားတဲ့အတွက် ကျမတို့ ‌တောင်းဆိုတာပါ။”ဟု ‌ကေအိုင်စီကို ‌ဖြေကြားခဲ့ပြီး ဖြစ်သည်။

ဖလုံ-စ‌ဝေါ်ပါတီသည် ဖွံ့ဖြိုးတိုးတက်‌ရေး(Development)ထက် ငြိမ်းချမ်း‌ရေး(Peace)ကို ပို၍ လိုလား‌ကြောင်း ပါတီဝင်များက ဆိုသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ် ဝန်ကြီးဌာန ဝန်ကြီးများအနက် ကရင်လူမျိုး ဝန်ကြီး ၅ဦးဖြစ်သည့် ‌စောဝင်းထိန်၊ ‌စောခရစ္စ တိုဖာ၊ ‌စောဆာ‌လောလ၊ ‌စောခင်‌မောင်မြင့်နှင့် ‌စောကြည်လင်းတို့ ပါဝင်ပြီး ၎င်းတို့အား ဘဏ္ဍာ‌ရေးနှင့်အခွန်၊ စိုက်ပျိုး‌ရေးနှင့် ‌မွေးမြူ‌ရေး၊ သစ်‌တောနှင့် သတ္တု၊ လမ်းပန်းဆက်သွယ်‌ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနများတွင် ယခုလ ၅ရက်‌နေ့ တွင် တာဝန် ‌ပြောင်းလဲ‌ပေးအပ်ခဲ့သည်။