Home ထိပ်တန်းသတင်း နအဖ ဖမ်းဆီးခြင်းခံရသည့် ဂျပန် သတင်း‌ထောက်၏ သတင်းစာ ရှင်းလင်းပွဲ မဖြစ်‌မြောက်

နအဖ ဖမ်းဆီးခြင်းခံရသည့် ဂျပန် သတင်း‌ထောက်၏ သတင်းစာ ရှင်းလင်းပွဲ မဖြစ်‌မြောက်

1841
နိုဝင်ဘာလ ၁၁ရက်။ ‌ကေအိုင်စီ

မြဝတီမြို့တွင်းသို့ တရားမဝင် ဝင်‌ရောက်သတင်းရယူမှု‌ကြောင့် ပြန်လည်လွတ်‌မြောက်လာသည့် ဂျပန်သတင်း‌ထောက် မစ္စတာ တိုရုယာမဂျိ(Toru Yamaji)က ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ယ‌နေ့ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်များ၏ ခွင့်ပြုချက်မရသဖြင့် ပျက်ပြားခဲ့ရသည်။

ယမန်‌နေ့က ပြန်လည်လွတ်‌မြောက်လာသည့် အသက် ၄၉နှစ်အရွယ်ရှိ (Asia Press Front-APF) ဗွီဒိုယိုသတင်း‌ထောက် မစ္စ တာတိုရုယာမဂျိသည် သတင်းစာရှင်းလင်းပွဲတခုပြုလုပ်ရန် သတင်းဌာနများကို ဖိတ်ကြားခဲ့ပြီး‌နောက်ပိုင်း ယခုလို တားမြစ်ခံရ ခြင်း ဖြစ်သည်။

ယခုလို သတင်းစာ ရှင်းလင်းပွဲ ပျက်ပြယ်ရခြင်းနှင့် ပတ်သက်၍ တိကျသည့် အ‌ကြောင်းပြချက် တစုံတရာ မသိရှိရ‌ပေ။

အဆိုပါ ဂျပန်လူမျိုး APF သတင်း‌ထောက်သည် နိုဝင်ဘာလ ၇ရက်‌နေ့က မဲ‌ဆောက်မြို့မှ မြန်မာဘက်ခြမ်းသို့ ဝင်‌ရောက်ကာ မြဝတီမြို့၊ ‌ရွှေမင်းဝဏ်ဘုန်းကြီး‌ကျောင်းအနီး သတင်းရိုက်ကူးစဉ် မြန်မာအာဏာပိုင်များက ၎င်းကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာ မှ ပြန်လည်လွတ်‌မြောက်လာခဲ့သည်။

‌ရွေး‌ကောက်ပွဲကျင်းပ‌နေသည့် ထို‌နေ့တွင် ဗိုလ်မှူးချုပ်‌စောလားပွယ် (ဗိုလ်နှုတ်ခမ်း‌မွေး) ဦးစီး‌သော DKBA တပ်မဟာ(၅)နှင့် မြန်မာစစ်တပ်တို့ မြဝတီမြို့၌ အပြန်အလှန် ပစ်ခတ်မှု‌ကြောင့် ‌ထောင်‌သောင်းချီ‌သော မြို့ခံပြည်သူများ ထိုင်းနိုင်ငံ မဲ‌ဆောက် မြို့သို့ ထွက်‌ပြေး‌ရောက်ရှိလာခဲ့သည်။