Home ထိပ်တန်းသတင်း နအဖတပ် ပစ်ခတ်မှု‌ကြောင့် ၁၃နှစ်အရွယ် မိန်းက‌လေး တဦး‌သေဆုံး

နအဖတပ် ပစ်ခတ်မှု‌ကြောင့် ၁၃နှစ်အရွယ် မိန်းက‌လေး တဦး‌သေဆုံး

2213
နိုဝင်ဘာလ ၁၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ နအဖ တပ်များသည် နိုဝင်ဘာလ ၈ရက်‌နေ့မှစ၍ မြို့အနီးတဝိုက်ရှိ ‌ကျေးရွာများတွင် လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ရာ ယမန်‌နေ့ညက ပစ်ခတ်မှု‌ကြောင့် မိန်းက‌လေးတဦး ‌သေဆုံးသွားခဲ့ပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ရှိ နအဖ ခလရ(၂၈၃)၊ (၂၈၄)၊ (၃၁)တပ်များက ၎င်းမြို့အနီးတဝိုက်ရှိ တခါ့‌ချောင်း၊ ခုတ်ကွား၊ မီး‌လောင် ‌ချောင်း၊ ကြာအင်း၊ တ‌ကေးစသည့် ‌ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ယမန်‌နေ့ည ၆နာရီမှ ယ‌နေ့မနက် ၃နာရီအ ထိ ပစ်ခတ်ခဲ့သည့်အတွက် ကြာအင်း‌ကျေးရွာမှ ၁၃နှစ်အရွယ် မိန်းက‌လေးတဦး ‌သေဆုံးပြီး ‌ယောက်ျား‌လေးတဦး ဒဏ်ရာရခဲ့ ‌ကြောင်း ‌ဒေသခံတဦးက ‌ပြောသည်။

သူက “ဆိပ်ကြီးမြို့မှာရှိတဲ့ နအဖတပ်‌တွေက သူတို့ ဗျူဟာကုန်းက‌နေပြီး မ‌နေ့ည ၆နာရီမှ ဒီမနက် ၃နာရီအထိ မြို့အနီးအနား ရွာ‌တွေမှာ လက်နက်ကြီး‌တွေနဲ့ လှမ်းပစ်တယ်‌လေ။ သူတို့ပစ်တာ လက်နက်ကြီးအလုံး ၅၀‌ကျော်‌လောက်ရှိတယ်။ အဲဒီမှာ ကြာ အင်းရွာက ‌စော‌ဘောဟဲရဲ့ သမီးတ‌ယောက် လက်နက်ကြီးအစ ထိမှန်ပြီး ‌သေသွား‌တော့ သူ့သားတ‌ယောက် ဒဏ်ရာရတယ်။” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ရက်‌နေ့ကလည်း နအဖတပ်များ၏ ပစ်ခတ်ခဲ့မှု‌ကြောင့် အသက် ၃၂နှစ်အရွယ် တခါ့‌ချောင်းရွာသားတ ဦး လက်နက်ကြီးအစ ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

ထို‌ဒေသတွင် လှုပ်ရှား‌နေသည့် ‌ကေအဲန်ယူ တာဝန်ရှိသူတဦးက “နအဖက‌နေပြီး‌တော့ ‌ကျေးရွာ‌တွေကို လက်နက်ကြီးနဲ့ လှမ်း ပစ်တယ်။ ကျ‌နော်တို့နဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ ၉ရက်‌နေ့ကတည်းက သူတို့ စပစ်တာ။ သူတို့ချည်း ပစ်‌နေတာ။”ဟု ‌ပြော သည်။

အဆိုပါ‌ဒေသတွင် ‌ရွေး‌ကောက်ပွဲမကျင်းပခင်က မဲရုံနှစ်ရုံသာရှိမည်ဟု သက်ဆိုင်ရာများက ‌ပြောဆိုထား‌သော်လည်း နိုဝင်ဘာ လ ၇ရက်‌နေ့တွင်မူ ဆိပ်ကြီးမြို့‌ပေါ် အပါအဝင် အနီးဝန်းကျင်ရှိ ‌ကျေးရွာများ၌လည်း စုစု‌ပေါင်း မဲရုံ ၁၂ရုံရှိ‌ကြောင်း မဲရုံ‌ကော်မ ရှင်များနှင့် နီးစပ်သူ ဆိပ်ကြီးမြို့ခံတစ်ဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“အရင်က‌တော့ မဲရုံကို ဆိပ်ကြီးမြို့ထဲမှာ မလုပ်ဘူးတဲ့။ ‌နောက် မဲထည့်တဲ့‌နေ့ကျ‌တော့ မြို့‌ပေါ်ရပ်ကွက် ၆ခုက မဲရုံ ၆ခုနဲ့ မဂင်္ လာကုန်း၊ ‌ကျောက်ခဲကုန်း အပါအဝင် အချို့ရွာ‌တွေမှာလည်း မဲရုံ‌တွေထားတာ စုစု‌ပေါင်း ၁၂ရုံရှိတယ်။ အဲဒီမဲ‌ပေးတဲ့ မနက်မှာ ‌တောင် မဲရုံကို ၆နာရီကတည်းက စဖွင့်တာ ဘယ်သူမှလည်း မဲမလာထည့်ဘူး။ ၇နာရီ‌ကျော်လည်း မလာဘူးဆို‌တော့ ရပ်ကွက် မှူး‌တွေ၊ ရွာသူကြီး‌တွေက လူ‌တွေကို သွား‌ခေါ်ပြီး မဲလာထည့်ခိုင်းရတယ်။ ဒါ‌တောင်မှ ကျိုးတိုးကျဲတဲပဲ လာကြတာ။”ဟု ဆို သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှ မဲရုံမှူးများသည် မဲစာရင်းကို ‌ရွေး‌ကောက်ပွဲညတွင် မ‌ရေတွက်‌သေးဘဲ ‌နောက်ရက်များမှသာ ‌ရေ တွက်သဖြင့် လုံခြုံ‌ရေးအတွက် ယခုလို ပစ်ခတ်ခြင်းဖြစ်နိုင်သလို ပြီးခဲ့သည့် ရက်သတ္တပတ်က ကြာအင်းဆိပ်ကြီးမြို့ အနီးဝန်း ကျင်ရှိ ‌ကျေးရွာများမှ ရွာသူရွာသားများက ‌ရွေး‌ကောက်ပွဲဆန့်ကျင်ဆန္ဒပြပွဲများ လုပ်‌ဆောင်ခဲ့ခြင်း‌ကြောင့် ယခုလို ပြန်လည် တုန့်ပြန်ခြင်းလည်း ဖြစ်နိုင်သည်ဟု ‌ဒေသခံများက ခန့်မှန်း‌ပြောဆို‌နေကြသည်။