Home ထိပ်တန်းသတင်း မျှစ်ချိုးရင်း မိုင်းထိ၍ ပြည်သူများ ဒုက္ခိတဖြစ်

မျှစ်ချိုးရင်း မိုင်းထိ၍ ပြည်သူများ ဒုက္ခိတဖြစ်

1464
ဩဂုတ်လ ၁၆ရက်။ ‌ကေအိုင်စီ

မြဝတီမြို့၊ ‌မေတ္တာလင်းမြိုင်ရပ်ကွက်မှ အရပ်သားအချို့သည် ယခုရက်ပိုင်းအတွင်း မျှစ်ချိုးသွားရာ၌ မိုင်းနင်းမိပြီး ‌ခြေ‌ထောက် များ ဖြတ်‌တောက်လိုက်ရသည့် အ‌ခြေအ‌နေနှင့် ရင်ဆိုင်‌နေရသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြဝတီမြို့ခံတစ်ဦးက “ဒီရက်ပိုင်းမှာ ‌မေတ္တာလင်းမြိုင်ရပ်ကွက်က လူ‌တွေ မျှစ်သွားချိုးရင်း မို်င်းနင်းမိကြ တာ အ‌တော်များတယ်။ ဒီ‌နေ့မနက် ၁ဝနာရီခွဲမှာလည်းပဲ အမျိုးသမီးငယ်တစ်‌ယောက် မျှစ်ချိုးရင်း မိုင်းထိပြန်ပြီ။ မ‌ဝေ‌ဝေလွင် ၂၄နှစ်တဲ့။ ဘယ်ဖက်ဒူး‌အောက်က ပြတ်ထွက်သွားတယ်။”ဟု ယမန်‌နေ့က ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းရပ်ကွက်တွင် လက်လုပ်လက်စားနှင့် ‌နေ့စားလုပ်ကိုင်သည့် သာမန်ပြည်သူသာ အများစု‌နေထိုင်ကြပြီး ယခုလို မိုးရာသီ မျှစ် ထွက်သည့်အချိန်တွင် မျှစ်များသွား‌ရောက်ချိုးယူကာ မြဝတီမြို့အတွင်း ပြန်လည်‌ရောင်းချကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ၁၂ရက်‌နေ့ကလည်း အဆိုပါရပ်ကွက်မှ အသက် ၄၇နှစ်အရွယ် ဦးဝင်း‌မောင်ဆိုသူလည်း မျှစ်ချိုးသွားရင်း မိုင်းထိမှန် ကာ မြဝတီ‌ဆေးရုံတွင် ညာဖက်‌ခြေ‌ထောက် ဖြတ်ပစ်လိုက်ရသည်။ ၎င်းမိုင်းထိလူနာကိုမူ မြဝတီမြို့၊ ခရက ဥက္ကဌ ဦးထွန်းထွန်း ဝင်းက သွား‌ရောက်‌တွေ့ဆုံကာ လက်‌ဆောင်ပစ္စည်းများ ‌ပေးခဲ့‌ကြောင်း ‌ဆေးရုံနှင့် နီးစပ်သူများက ‌ပြောသည်။

“တစ်‌နေ့လုပ်မှ တစ်‌နေ့စားရသူ‌တွေ အဲလို ဒုက္ခဖြစ်တာ အရမ်းဆိုးတယ်။ သူတို့မှာလည်း သွားချိုးလာတဲ့ မျှစ်‌တွေကို ပြုတ်ပြီး မြဝတီမြို့‌ဈေးထဲမှာ ပြန်‌ရောင်းရတာ။ ခုလို မိုင်းထိ‌တော့ စိတ်မ‌ကောင်းဘူး။”ဟု ကုန်သည်အမျိုးသမီးတစ်ဦးက ‌ပြောသည်။

အရပ်သားများ နင်းမိသည့် အဆိုပါမိုင်းများမှာ မည်သူ့မိုင်းဗုံးဖြစ်သည်ကို မည်သည့်အာဏာပိုင်ကမှ ‌ဝေဖန်‌ပြောဆိုခြင်း မရှိဟု မြို့ခံများက ‌ပြောသည်။ ယခုလဆန်းပိုင်းကလည်း ‌မေတ္တာလင်းမြိုင်ရပ်ကွက်တွင် ‌နေထိုင်သူတစ်ဦး အလားတူ မျှစ်ချိုးရင်း မိုင်း နင်းမိကာ ‌ခြေနှစ်ဖက်စလုံး ဖြတ်‌တောက်ခဲ့ရသည်။

မြန်မာစစ်အစိုးရသည် မြဝတီ-မဲ‌ဆောက် သွားလာသည့် ချစ်ကြည်‌ရေးတံတားနှင့် တရားမဝင် ဂိတ်များကို ယခင်လ ၁၈ရက်‌နေ့ ကတည်းက ယခုအချိန်ထိ ပိတ်ပင်ထားလျှက်ရှိသဖြင့် ကုန်သည်များ အပါအဝင် လက်လုပ်လက်စား အရပ်သားများမှာ စား ဝတ်‌နေ‌ရေး ခက်ခဲကြပ်တည်းလျှက်ရှိသည်။