Home ထိပ်တန်းသတင်း ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်အင်အား တစ်‌သောင်းရှိပြီ

ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ အဖွဲ့ဝင်အင်အား တစ်‌သောင်းရှိပြီ

1718
ဩဂုတ်လ ၁၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကိုယ်စားပြုပါတီတခုဖြစ်‌သော ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (Phlone-Sguaw Democratic Party–PSDP)သည် ပြီးခဲ့သည့် ၂လခန့်မှစ၍ ပါတီဝင်များ လိုက်လံစည်းရုံးလျှက်ရာ လက်ရှိအချိန်တွင် အင်အားတစ်‌သောင်းရှိပြီဟု သိရသည်။

PSDP ပါတီ ဥက္ကဌ ‌စောခင်‌မောင်မြင့်က “ပါတီဝင်အင်အားက‌တော့ လက်ရှိသတ်မှတ်ထားတဲ့ အင်အားထက် ‌ကျော်လာပြီး ‌လေ။ ဟိုမှာ သူတို့(‌ရွေး‌ကောက်ပွဲ‌ကော်မရှင်)က တစ်‌ထောင် သတ်မှတ်တာကိုး။ အင်အားက‌တော့ ‌သောင်းဂဏန်းထိ‌လောက် ရ‌နေပါပြီ။ ဒီဖားအံ‌ကော ၇မြို့နယ်လုံး‌ပေါ့‌လေ။ အဓိကက‌တော့ ဖားအံမြို့နယ်‌ပေါ့။”ဟု အတည်ပြု ‌ပြောဆိုသည်။

မြို့နယ် ၇ခုတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီသည် လက်ရှိအချိန်တွင် ပါတီဝင် စည်းရုံး‌ရေး ခရီးစဉ် ကို ဖားအံ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ဖာပွန် စသည့်မြို့နယ်များတွင် စည်းရုံး‌ရေးခရီးစဉ် ပြုလုပ်ပြီး စီးခဲ့ပြီး ကရင်လူထုမှ အင်တိုက်အားတိုက် ပါဝင်လာခဲ့ကြရာ ဆက်လက်စည်းရုံးရန် သံ‌တောင်မြို့နယ်တစ်ခု ကျန်ရှိ‌သေးသည် ဟု ‌စောခင်‌မောင်မြင့်က ဆက်‌ပြောသည်။

“လက်ရှိမှာ ဒီကရင်ပြည်နယ်အတွင်းမှာက အင်တိုက်အားတိုက်‌တော့ ‌ထောက်ခံမှု ရှိပါတယ်။ အနည်းဆုံး ၇ဝရာခိုင်နှုန်း ‌လောက်က‌တော့ ‌ပြောစရာ သိပ်မလိုဘူး‌ပေါ့။ ‌ပြောပြလိုက်တာနဲ့ သူတို့ သ‌ဘော‌ပေါက်ပါတယ်။ ဒါနဲ့ပဲ ပါဝင်လာကြတာ‌ပေါ့ ‌လေ။ ကိုယ့်ရဲ့ တိုင်းရင်းသားလူမျိုးကို အ‌ခြေခံပြီး ဖွဲ့စည်းတဲ့ ပါတီဖြစ်တဲ့အတွက်ရယ်၊ ‌နောက်ပြီး‌တော့ ကရင်ပြည်နယ်‌ဒေသ မှာပဲ အ‌ခြေခံပြီး‌တော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်တာက တစ်‌ကြောင်း‌ပေါ့‌လေ။”ဟု ၎င်းက ‌ပြောသည်။

အဆိုပါ PSDP ပါတီတွင် အလုပ်အမှု‌ဆောင် ၉ဦးဖြင့် သတ်မှတ်ဖွဲ့စည်းထားရာ ယာယီဥက္ကဌအဖြစ် ‌စောခင်‌မောင်မြင့်၊ ဒုဥက္ကဌ ‌စော‌အောင်‌ကျော်နိုင်၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စောကြည်လင်း၊ တွဲဘက်အတွင်း‌ရေးမှူး(၁) ‌စောတင်လှိုင်၊ တွဲဘက်အတွင်း ‌ရေးမှူး(၂) ‌စောရှားထွန့်‌ဖေါင်၊ လူငယ်ဥက္ကဌ စဘီကျင်ဦး၊ အမျိုးသမီးဥက္ကဌ ‌ဒေါ်နန်း‌စေအွာ၊ အဖွဲ့ဝင် ‌စောမြထွန်းနှင့် ‌စောခင် ‌ကျော်ဦးတို့ ဖြစ်သည်။

ဖားအံမြို့နယ်၊ (၇)ရပ်ကွက်၊ ထုံးအိုင်လမ်း၊ မိုးကယ်ဘုန်းကြီး‌ကျောင်းအနီးတွင် ပါတီရုံးချုပ်ထားရှိသည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက် တစ်ပါတီသည် နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ကို ပြီးခဲ့သည့် ‌မေလ ၂၇ရက်‌နေ့တွင် ‌နေပြည်‌တော်ရှိ ပြည်‌ထောင်စု ‌ရွေး ‌ကောက်ပွဲ ‌ကော်မရှင်ထံ ‌လျှောက်ထားခဲ့ပြီး ဇွန်လ ၄ရက်‌နေ့တွင် မှတ်ပုံတင်အမှတ်(၃၀)ဖြင့် ပါတီတည်‌ထောင်ခွင့် ရရှိခဲ့ပြီးဖြစ် ‌သော်လည်း ပါတီဆိုင်းပုဒ်ကိုမူ ယခုအချိန်ထိ မ‌ထောင်ရ‌သေး‌ကြောင်း သိရသည်။

PSDP ပါတီသည် လွန်ခဲ့သည့် ဇွန်လကတည်းက ၎င်းအ‌ခြေပြုသည့် ကရင်ပြည်နယ်အတွင်း ပါတီဝင်များစွာ စည်းရုံးဖွဲ့စည်းနိုင် ခဲ့‌သော်လည်း ရန်ကုန်မြို့တွင် ပါတီရုံးအ‌ခြေစိုက်သည့် ကရင်ပြည်သူ့ပါတီ(KPP)ကိုမူ ရန်ကုန်တိုင်းအတွင်းရှိ ကရင်လူထုက အ ယုံအကြည် မရှိကြဘဲ ၎င်းတို့၏ ‌ဟော‌ပြောမှုများကိုပင် စိတ်ပျက်သူများရှိသည်ဟု ရန်ကုန်တိုင်းရှိ ကရင်အသိုင်းအဝိုင်းက ‌ပြောဆို‌နေကြသည်။

ဖားအံမြို့ အမှတ်(၄)ရပ်ကွက်မှ အငြိမ်းစား ‌ကျောင်းဆရာတစ်ဦးက “ဖလုံ-စ‌ဝေါ်ပါတီမှာ ပါဝင်ဦး‌ဆောင်တဲ့သူ‌တွေက သာမန် အစိုးရ ဝန်ထမ်း‌တွေပါပဲ။ ‌နောက်ပြီး လူထုကို အရင်းခံပြီး ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်တဲ့အတွက်‌ကြောင့်မို့ ကရင်ပြည်သူ‌တွေက ‌ထောက်ခံကြတာပါ။ KPP၊ UKL ပါတီ‌တွေက ဦး‌ဆောင်သူ‌တွေဟာ စစ်တပ်ထဲက အငြိမ်းစားအရာရှိ‌တွေ၊ စစ်အာဏာပိုင်‌တွေ ရဲ့ အာဏာသက်‌ရောက်သူ‌တွေ ဖြစ်‌နေ‌တော့ လူထုက သူတို့ကို ယုံကြည်မှု မရှိတာပဲ‌လေ။”ဟု ဆိုသည်။

ကရင်ပြည်နယ်တွင် လက်ရှိအချိန်၌ ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီအပြင် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ တိုင်း ရင်းသား စည်းလုံးညီညွှတ်‌ရေးပါတီ(တစည)နှင့် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီတို့ အဖွဲ့ဝင်စည်းရုံးမှုများ လုပ်‌ဆောင် လျှက်ရှိပြီး စစ်အစိုးရသတင်းစာတွင် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီက ဩဂုတ်လ ၁၂ရက်‌နေ့က ပြည် ‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်သို့ နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်‌လျှောက်ထားသည်ဟု ‌ဖော်ပြထားသည်။

စစ်အစိုးရက ကျင်းပပြုလုပ်မည့် ၂၀၁၀‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန် ပါတီမှတ်ပုံတင်ထားသည့် PSDP, KPP နှင့် UKL ကရင်ပါတီ ၃ဖွဲ့သည် မိမိတို့၏ ပါတီဝင်အင်အားများကို လိုက်လံစု‌ဆောင်းလျှက်ရှိပြီး လာမည့် နိုဝင်ဘာလ ၇ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲ၌ သက်ဆိုင်ရာ မဲဆန္ဒနယ်‌မြေအလိုက် ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဟုလည်း သိ ရသည်။

PSDP ပါတီသည် ကရင်ပြည်နယ်ကို အ‌ခြေခံကာ ဖွဲ့စည်းတည်‌ထောင်ထား‌သော်လည်း မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းများအထိ တိုးချဲ့ဖွဲ့စည်းသွားမည်ဟုလည်း ၎င်းတို့၏ ဖွဲ့စည်းပုံအရ သိရသည်။