Home ထိပ်တန်းသတင်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းပြီ

ဒီ‌ကေဘီ‌အေတပ်ဖွဲ့ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းပြီ

1921
ဩဂုတ်လ ၁၉ရက်။ (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့ဝင်တချို့သည် နယ်ခြား‌စောင့်တပ် တပ်ဖွင့်ပွဲ စစ်‌ရေးပြ အခမ်းအနားတစ်ခုကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ‌ဒေသတွင် ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတပ်ဖွင့်ပွဲအခမ်းအနားတွင် စစ်အစိုးရဘက်က ကာကွယ်‌ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ မွန်ပြည်နယ် ‌အေးချမ်း သာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီဥက္ကဌ/အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း၊ ကရင်ပြည်နယ် ‌အေးချမ်းသာ ယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်‌ဇော်မင်းနှင့် တွဲဖက်စစ်‌ရေးချုပ်ဗိုလ်ချုပ်လှ‌ရွှေ၊ ကာကွယ်‌ရေးဝန်ကြီးဌာန ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြား‌ရေးမှူးရုံး ညွှန်ကြား‌ရေးမှူး ဗိုလ်ချုပ်‌မောင်‌မောင်အုန်း၊ ပြည်သူ့ဆက်ဆံ‌ရေးနှင့် စိတ်ဓာတ်စစ်ဆင်‌ရေး ညွှန် ကြား‌ရေးမှူးရုံး ညွှန်ကြား‌ရေးမှူး ဗိုလ်ချုပ်သန်းစိုး၊ ‌ငွေစာရင်းရုံး ညွှန်ကြား‌ရေးမှူးချုပ် ဗိုလ်ချုပ်လှိုင်မြင့်နှင့် တပ်မ‌တော်အရာရှိများ၊ ဌာန ဆိုင်ရာ အကြီးအကဲများ တက်‌ရောက်ကြသည်။

၎င်းအပြင် ဒီ‌ကေဘီ‌အေ ဥက္ကဌ ‌စောသာထူး‌ကျော်၊ ဒုဥက္ကဌ ဗိုလ်ချုပ်‌ကျော်သန်း၊ ဗိုလ်ချုပ်ထွန်းလှိုင်နှင့် တပ်မှူးများနှင့် တပ်သားများ အခမ်းအနားသို့ တက်‌ရောက်ကာ အခမ်းအနားတွင် တပ်မ‌တော်သားတစ်ဦးအဖြစ် သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး ဒုဗိုလ်ချုပ်ကြီးရဲမြင့် မှလွဲ၍ ကျန်တပ်ဖက်ဆိုင်ရာ အရာရှိများက နယ်ခြား‌စောင့်တပ် အရာရှိများအား တပ်မ‌တော်၏ ရာထူးအဆင့်တံဆိပ်ကို တပ်ဆင်‌ပေး ကြသည်။

ထိုအခမ်းအနားတွင် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း၊ ဗိုလ်ချုပ်‌မောင်‌မောင်အုန်းနှင့် ဒီ‌ကေဘီ‌အေ ဒုဥက္ကဌ ဦး‌ကျော်သန်းတို့က အခမ်းအ နား မိန့်ခွန်း‌ပြောကြားခဲ့ကြသည်။

ဦး‌ကျော်သန်းက “ဒီ‌ကေဘီ‌အေသည် ၁၉၉၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်‌နေ့တွင် ပြည်သူ့ရင်ပြင်ကို ခိုလှုံလာကြသူများ ဖြစ်ကြပြီး ၁၉၈၈ မှ ၁၉၉ဝခုနှစ်အတွင်း ငြိမ်းချမ်း‌ရေးအဖွဲ့ကြီး ၁၇ဖွဲ့နှင့် အဖွဲ့ငယ်များစွာတို့မှာ နယ်စပ်‌ဒေသ ဖွံ့ဖြိုး‌ရေးလုပ်ငန်းများတွင် နိို်င်ငံ‌တော်၊ ပြည် သူ၊ တပ်မ‌တော်များနှင့်အတူ လက်တွဲ‌ဆောင်ရွက်လျှက်ရှိ‌ကြောင်း၊ နယ်ခြား‌စောင့်တပ်အသွင် ကူး‌ပြောင်းသွားသည့် ဒီ‌ကေဘီ‌အေတပ် ဖွဲ့များသည် တပ်မ‌တော်နှင့် လက်တွဲပြီး နယ်ခြား‌ဒေသများ အပြည့်အဝ လုံခြုံမှုရှိ‌အောင် သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်း‌ဆောင်သွားကြ မည်။”ဟု အခမ်းအနားတွင် ‌ပြောဆိုသွားသည်။

ထို့‌နောက် နအဖ အာဏာပိုင်များမှ နယ်ခြား‌စောင့်တပ် ဖြစ်လာသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များအတွက် ‌ထောက်ပံ့‌ကြေး‌ငွေများ ‌ပေး အပ်ပြီး တချိန်တည်းတွင် အသက်အရွယ်ကြီးရင့်သည့် ဒီ‌ကေဘီ‌အေတပ်ဗိုလ်တပ်မှူးများနှင့် မသန်မစွမ်းသူများကို ‌ထောက်ပံ့‌ကြေး ‌ပေးအပ်သည့် အခမ်းအနား ဆက်လက် ကျင်းပခဲ့သည်။

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့များသည် အဆိုပါတပ်ဖွင့်ပွဲအတွက် ‌ဒေသခံလူထုများကို ကရင်ဝတ်စုံဝတ်ကာ လုပ်အား‌ပေးသွားရန် ‌ခေါ်‌ဆောင်ခဲ့ သည့်အတွက် တက်‌ရောက်ခဲ့ခြင်းဖြစ်‌ကြောင်း ရွာသူတစ်ဦးက ယခုလို ‌ပြောသည်။ “ကျမတို့ရွာသား‌တွေ တရွာကို အ‌ယောက် ၂ဝစီ လုပ်အား‌ပေးသွားရမယ်။ ကရင်အကျင်္ီ‌တွေ ဝတ်သွားရမယ်ဆိုပြီး ဒီ‌ကေဘီ‌အေက လာ‌ခေါ်‌တော့ ရွာသား‌တွေလည်း မဖြစ်မ‌နေ သွားကြ တာ‌ပေါ့။”ဟု ‌ဒေသခံရွာသူတစ်ဦးက ‌ကေအိုင်စီကို ‌ပြောပြသည်။

ယမန်‌နေ့က ပြုလုပ်သည့် အခမ်းအနားတွင် ဒီ‌ကေဘီ‌အေ နာယက မြိုင်ကြီးငူဆရာ‌တော် ဦးသုဇန မတက်‌ရောက်ခဲ့‌သော်လည်း ဒီ‌ကေ ဘီ‌အေ တပ်ဖွဲ့ဝင် ၆၀ဝခန့် တက်‌ရောက်ခဲ့ပြီး ဆက်လက်၍ ဩဂုတ်လ ၂ဝရက်‌နေ့တွင် ပိုင်ကျုံမြို့နယ်တွင်လည်း‌ကောင်း၊ လာမည့် ၂၂ ရက်‌နေ့တွင် မြဝတီမြို့နယ်တွင်လည်း‌ကောင်း နယ်ခြား‌စောင့်တပ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဟု သိရသည်။

လာမည့် အခမ်းအနားအ‌ပေါ် ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)၊ တပ်ရင်း(၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောလိုက်သိန့်က “နိုင်ငံ‌တော်က ချမှတ်‌ပေးတဲ့ နယ်ခြား‌စောင့်တပ်ကိုဖွဲ့ဖို့ ငါတို့ ဒီ‌ကေဘီ‌အေ‌တွေအ‌နေနဲ့ ဖွင့်ပွဲအခမ်းအနား‌နေ့ကို ‌စောင့်‌နေကြတယ်။ အားလုံး ပြင်ဆင် ထားပြီးပြီ။ အခမ်းအနားတက်ဖို့အတွက်။ ကျ‌နော်လူ‌တွေ အားလုံး‌တော့ တက်ဖို့မလိုဘူး။ လိုအပ်တဲ့လူပဲ ပြန်လာတယ်။ ကျ‌နော်တို့ တအား စိတ်တက်ကြွတယ်။”ဟု ‌ပြောသည်။

နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးကို ငြင်းဆန်သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတစ်ဦးက “ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် ဖြစ်ပြီဆိုရင် ငါတို့သည် အမျိုးဘာသာ သာသနာအတွက် အသက်‌ပေးကာကွယ်ပါ့မည်။ ငါတို့သည် အထက်အကြီးအကဲများကို သစ္စာ တည်ပါ့မည်။ ငါတို့သည် ပြည်သူလူထုကို ကာကွယ်‌စောင့်‌ရှောက်ပါ့မည်။ ငါတို့သည် ကိုယ်ကျင့်တရား‌စောင့်ထိန်းပါ့မည်။ ငါတို့သည် ပြည်သူလုထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်‌စောင့်‌ရှောက်ပါ့မည်။ ဒါ‌တွေကို သာသနာအလံ‌တော်‌အောက်မှာ သစ္စာကျိန်ဆိုခဲ့ပါတယ်။ ဘယ်လူမျိုးမဆို လက်နက်ကိုင်တယ်ဆိုတာ ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်ကြတာဖြစ်တယ်။ သူတို့ ဒီလိုလုပ် လိုက်တာဟာ လာမည့်‌ရှေ့‌ရေးမှာ အမျိုးသားအတွက် ဘာမှလုပ်လို့မရ‌တော့ဘူး။ တခြားလူမျိုး‌တွေကြားမှာ လက်ညှိုး‌ထောင်နိုင်ဖို့ ‌ဝေး ‌ရော။”ဟု ဆိုသည်။

ဗိုလ်မှူးကြီး‌စောလားပွယ် (ဗိုလ်နှုတ်ခမ်း‌မွေး) ဦးစီးသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်ဖွဲ့ကမူ ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ မူအတိုင်း ဆက် လက် ရပ်တည်သွားမည်ဟု ‌ပြောသည်။

ဒီ‌ကေဘီ‌အေ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက “အရင်က ကရင်လက်နက်ကိုင် ဗုဒ္ဓဘာသာအဖွဲ့အ‌နေနဲ့ဆို ကိစ္စမရှိဘူး။ အခုဆို နအဖ လက်‌အောက် လုံးလုံး ‌ရောက်သွား‌တော့ စစ်တပ်ရဲ့ အမိန့်နဲ့ ‌သေဆို‌သေ၊ ရှင်ဆိုရှင်ပဲ။ သူတို့မှာ အမျိုးသား‌ရေးဆိုတာလည်း မရှိ ‌တော့ဘူး။ ‌ပျောက်ပြီ‌ပေါ့။”ဟု ဆိုသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် ၁၉၉၄ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ခွဲထွက်ကာ မြိုင်ကြီးငူဆရာ‌တော် ဦးသုဇန၏ ဦး ‌ဆောင်မှုဖြင့် မြန်မာစစ်အစိုးရနှင့် ပူး‌ပေါင်းသွားခဲ့ပြီး ၁၅နှစ်ကြာ ဒီ‌ကေဘီ‌အေအဖြစ် ရပ်တည်သွားခဲ့ရာမှ လာမည့် ‌ရွေး‌ကောက်ပွဲမတိုင် ခင် ယခုလို နယ်ခြား‌စောင့်တပ်အဖြစ် ‌ပြောင်းလဲလိုက်ခြင်းဖြစ်သည်။