Home ထိပ်တန်းသတင်း လက်ပစ်ဗုံး‌ကြောင့် ခလရ(၂၉၉) တပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိ

လက်ပစ်ဗုံး‌ကြောင့် ခလရ(၂၉၉) တပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိ

1764
ဩဂုတ်လ ၂၁ရက်။ ‌ကေအိုင်စီ

မြဝတီမြို့၊ ‌မေတ္တာလင်းမြိုင်ရပ်ကွက်၌ ယ‌နေ့မနက် ‌စော‌စောတွင် လက်ပစ်ဗုံးဖြင့် ပစ်ချလိုက်ခြင်း‌ကြောင့် လုံခြုံ‌ရေးတာဝန်ယူ ထားသည့် နအဖ တပ်ဖွဲ့ဝင်နှစ်ဦး ‌ခေါင်းနှင့် လက်များတွင် ဒဏ်ရာရရှိသွားခဲ့‌ကြောင်း မြဝတီမြို့ခံတစ်ဦးက ‌ပြောပြသည်။

သူက “မနက်က ၂နာရီ‌လောက် ‌မေတ္တာလင်းမြိုင်ရပ်ကွက်မှာ စစ်တပ် လုံခြုံ‌ရေး‌နေရာကို လက်ပစ်ဗုံးနဲ့ လှမ်းပစ်ခံရလို့ ဒဏ်ရာ ရသွားတယ်လို့ သိရတယ်။ ‌ဆေးရုံကို ‌ရောက်လာတာ‌တော့ မနက် ၆နာရီ‌လောက်မှ‌လေ။”ဟု ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြဝတီ‌ဆေးရုံမှ ဆရာဝန်တစ်ဦးက “ဗုံးထိလူနာ‌တော့ ဒီ‌နေ့ နှစ်‌ယောက်‌ရောက်တာတာ ဟုတ်ပါတယ်။ ဒါ‌ပေမဲ့ ဒဏ်ရာက သိပ်မပြင်းပါဘူး။ ရှပ်ထိရုံသ‌ဘောမျိုး‌လောက်ပါပဲ။ ကျမတို့ အ‌ရေး‌ပေါ်‌ဆောင်ကို ပို့လိုက်ပါတယ်။ သိချင်ရင် ကိုယ်တိုင်သွားကြည့်နိုင်ပါတယ်။”ဟု အတည်ပြု ‌ပြောဆိုသည်။

ဒဏ်ရာရသွားသည့် နအဖ တပ်ဖွဲ့ဝင်များမှာ စကခ (၁၉)လက်‌အောက်ခံ ခလရ(၂၉၉)မှ ဒုဗိုလ်လှိုင်မိုး ၂၈နှစ်နှင့် တပ်သား မျိုးမင်း ၂၃နှစ်တို့ဖြစ်ကြသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

အဆိုပါ လက်ပစ်ဗုံးမှာ မည်သူ့လက်ချက်မှန်း မသိရ‌သေးဘဲ ‌မေတ္တာလင်းမြိုင်တွင် ယ‌နေ့ပြုလုပ်သည့် ဒီ‌ကေဘီ‌အေ (၉၀၇) တပ်ဖွဲ့၏ နယ်ခြား‌စောင့်တပ်ဖွင့်ပွဲ အတွက် လုံခြုံ‌ရေးယူထားသူများကို ထိမှန်သွားခြင်းဖြစ်သည်။

ယခုလ ၆ရက်‌နေ့ကလည်း မြဝတီမြို့ ည‌ဈေးတန်းတွင် ဗုံး‌ပေါက်ကွဲမှု‌ကြောင့် ၂ဦး ပွဲချင်းပြီး‌သေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့‌သော် လည်း တရားခံကို မသိရှိရ‌ပေ။