Home ထိပ်တန်းသတင်း ကရင်ပြည်သူများ မဲ‌ရွေးချယ်ရန် အကန့်အသတ်ရှိ

ကရင်ပြည်သူများ မဲ‌ရွေးချယ်ရန် အကန့်အသတ်ရှိ

1600
ဩဂုတ်လ ၁၇ရက်။ ‌ကေအိုင်စီ

လာမည့် နိုဝင်ဘာလ ၇ရက်‌နေ့တွင် ပြုလုပ်မည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒရှင်များအ‌နေဖြင့် ပါတီ ‌လေးခုမှ ကိုယ်စားလှယ်များကို ‌ရွေး‌ကောက်တင်‌မြှောက်ရမည်ဖြစ်‌သော်လည်း ယင်းပါတီများအနက် ၃ပါတီမှာ စစ်အစိုးရနှင့် နီးစပ်ကာ ယိမ်းယိုင်နိုင်‌ကြောင်း ဖားအံမြို့ရှိ မဲ‌ပေးပိုင်ခွင့်ရှိသူ ‌စောကြီး*က ‌ဝေဖန်‌ပြောဆိုသည်။

ကရင်ပြည်နယ်တွင် ‌ရွေး‌ကောက်ပွဲဝင်‌ရောက်ယှဉ်ပြိုင်မည့် ပါတီများတွင် ပါဝင်သူများကို ‌လေ့လာကြည့်လျှင် ပြည်‌ထောင်စု ကြံ့ ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ဥက္ကဌသည် လက်ရှိ စစ်အစိုးရ၏ ဝန်ကြီးချုပ်ဖြစ်ပြီး ထိပ်ပိုင်း စစ်အရာရှိကြီးတစ်ဦး ဖြစ်‌နေသည်။ ၎င်း အပြင် တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီကို ဦး‌ဆောင်သူမှာလည်း စစ်မှု‌ဟောင်းတစ်ဦးဖြစ်ပြီး မကြာခင်က ပါတီမှတ်ပုံ တင်ခွင့်ရရှိခဲ့သည့် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီကိုမူ စစ်အာဏာရှင်၏ လက်ရှိ ဗိုလ်ချုပ်အဆင့်ရှိသူ ပြန်ကြား‌ရေးဝန်ကြီးက လာ‌ရောက်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်တွင် စစ်အစိုးရနှင့် ကင်းရှင်းမှုရှိသည်ဟု ယူဆနိုင်သည်မှာ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီတခုသာရှိပြီး လူထု အတွင်းမှ ဖွဲ့စည်းလာသည့်ပါတီဖြစ်သည့်အတွက် မိမိအ‌နေဖြင့် လက်ခံနိုင်‌ကြောင်း ‌စောကြီး*က ရှင်းပြ‌ပြောဆိုခဲ့သည်။

သူက “အခြားပါတီ‌တွေက‌တော့ စစ်အစိုးရရဲ့ လက်ညှိုး‌ထောင်၊ ‌ခေါင်းညိတ်သမား‌တွေချည်းပဲ။ ‌ခေါင်းခါငြင်းဆန်မဲ့သူ‌တွေ မ ဟုတ်ဘူး။ စစ်အစိုးရ‌ပြောသမျှ လိုက်လုပ်မဲ့သူ‌တွေ။ ဒီလူ‌တွေက တိုင်းပြည်နဲ့ လူထုအကျိုးကို တကယ်ကြည့်မှာ မဟုတ်ဘူး။ ကျ‌နော် စိုးရိမ်တာက တကယ်လို့ ဖလုံ-စ‌ဝေါ်ပါတီများ မဲအနိုင်ရသွားရင် သူတို့ နိုင်ငံ‌ရေးလုပ်ကြံမှု‌တွေ ဖြစ်မှာ‌တောင်စိတ်ပူမိ တယ်။”ဟု ဆိုသည်။

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ၏ ယာယီ ဥက္ကဌဖြစ်သူ ‌စောခင်‌မောင်မြင့်က မိမိတို့ပါတီသည် လက်ရှိ ‌လေးပါတီအနက် တစ်ခု တည်း‌သော ပြည်သူလူထုနှင့် ရင်းနှီးကျွမ်းဝင်မှုရှိ‌ကြောင်း ယခုလို ‌ပြောဆိုသွားသည်။

“ကျ‌နော်တို့ပါတီက မဖွဲ့ခင်ကတည်းက လူထုအတွင်း သွား‌ရောက်ပြီး သူတို့ရဲ့ သ‌ဘောထားကို ‌မေးကြည့်ပြီးမှ သူတို့ရဲ့တုန့်ပြန် လိုလားမှုအရ ကျ‌နော်တို့ ဖွဲ့လိုက်တာပါ။ ‌နောက်ပြီး မဲဆန္ဒနယ်‌တွေက ပြည်သူ‌တွေကိုယ်တိုင် ‌ရွေးချယ်လာတဲ့ ကိုယ်စားလှယ် ‌လောင်းကို ကျ‌နော်တို့က အသိအမှတ်ပြုသွားမှာပါ။ ပါတီ‌ခေါင်း‌ဆောင်‌တွေက ‌ရွေးချယ်မှာ မဟုတ်ပါဘူး။”ဟု ‌ပြောသည်။

ထို့အပြင် စစ်အစိုးရ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ စစ်တပ်က ၂၅ရာခိုင်နှုန်းသာ ‌နေရာယူထားပြီး အခြားကဏ္ဍများတွင်လည်း ၎င်းတို့‌လောင်းရိပ်မိသည့် ပါတီငယ်များနှင့်ပါဆိုလျှင် ထိုထက်မက မဲပိုများ‌နေ‌ကြောင်း ‌ပြောဆိုသွားခဲ့သည်။

၎င်းက “သူတို့က နည်းနည်းမှ ဟာကွက်မရှိဘူး။ ဒီ‌လေးပါတီထဲက သုံးပါတီက စစ်အစိုးရနဲ့ ဆက်စပ်မှုရှိတဲ့အတွက် စစ်အစိုးရ ဖက်ကို ပါသွားမှာပဲ။ ပြည်နယ်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ဥက္ကဌ ‌စော‌အောင်ပွင့်ကလည်း (တစည)ပါတီက လူ‌တွေနဲ့ အများကြီး နီးစပ်မှု‌တွေရှိ‌နေတယ်။”ဟု ‌ပြောသည်။

ကရင်ပြည်နယ်တွင် မဲဆန္ဒနယ်‌မြေ ၇ခုရှိပြီး ထိုနယ်‌မြေများတွင် ဤပါတီ‌လေးပါတီက လာမည့် နိုဝင်ဘာလ ၇ရက် ‌ရွေး ‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

*(အမည်ရင်းမဟုတ်)