Home ထိပ်တန်းသတင်း ၆၃နှစ်‌မြောက် ‌ကေအဲန်ဒီအို‌နေ့ နယ်စပ်တစ်‌နေရာတွင် ကျင်းပ

၆၃နှစ်‌မြောက် ‌ကေအဲန်ဒီအို‌နေ့ နယ်စပ်တစ်‌နေရာတွင် ကျင်းပ

2254
ဇူလိုင်လ ၁၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ (‌ကေအဲန်ဒီအို)မှ ကြီးမှူး၍ ၂၀၁ဝခုနှစ် ဇူလိုင်လ ၁၆ရက်‌နေ့တွင် ကျ‌ရောက်‌သော ၆၃နှစ် ‌မြောက် (‌ကေအဲန်ဒီအို)‌ဒေး အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ယ‌နေ့ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ‌ကေအဲန်ဒီအိုမှ ဖွင့်လှစ်သည့် ‌ကော့သဘ‌လေး‌ကျောင်းတွင် ယ‌နေ့နံနက် (၈)နာရီအချိန်တွင် ကျင်းပပြု လုပ်ခဲ့ကြပြီး ‌ကေအဲန်ယူ၏ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေ တက်‌ရောက်ကာ ယခုလို အား‌ပေးတိုက်တွန်းစကား ‌ပြောကြားခဲ့သည်။

“ကမ္ဘာ‌မြေ‌ပေါ်မှာ ကျ‌နော်တို့ ကရင်လူမျိုး လုံးဝ မ‌ပျောက်ကွယ်သွားဖို့အတွက် မဟာလူမျိုးကြီး စစ်အာဏာရှင်အစိုးရရဲ့ ညှင်း ပန်းနှိပ်စက်၊ သတ်ဖြတ်သုတ်သင်မှု၊ ပိတ်ပင်တားဆီးမှု အမျိုးမျိုးကို အားကြိုးမာန်တက် ကြိုးပမ်းလုပ်‌ဆောင်‌နေပါတယ်။ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်ကြီး‌တွေရဲ့ မျိုးချစ်စိတ်ဓါတ်နဲ့ အမှန်တရားဘက်က ရပ်တည်ပြီး တွန်းလှန်ကာကွယ်တဲ့အတွက် ‌ကြောင့် အခု မျက်‌မှောက်ကာလမှာ ကရင်လူမျိုးတမျိုးအ‌နေနဲ့ အသက်ရှင် ရပ်တည်နိုင်တာဖြစ်ပါတယ်။ ဒါ‌ကြောင့် သူတို့‌တွေ ရဲ့ မပြီးဆုံး‌သေးတဲ့ လုပ်‌ဆောင်မှု‌တွေကို ကျ‌နော်တို့ ‌ကျောင်းသားလူငယ်‌တွေ ဆက်လက်တာဝန်ယူ ထမ်း‌ဆောင်ဖို့လိုပါ တယ်”ဟု ဗိုလ်မှူး‌စောလှ‌ငွေက တိုက်တွန်း‌ပြောကြားသည်။

ယ‌နေ့ပြုလုပ်သည့် အခမ်းအနားတွင် ကရင်‌ကျောင်းသူ‌ကျောင်းသားနှင့် ‌ဒေသခံ ရွာသူရွာသားများ အပါအဝင် စုစု‌ပေါင်း ပရိ ဿတ် ၁၀ဝနီးပါး တက်‌ရောက်ခဲ့ကြပြီး ‌ကေအဲန်ယူ ထိန်းချုပ်ရာ တပ်မဟာ(၇)ခုရှိ ‌ကေအဲန်ဒီအိုတပ်ရင်းများ အ‌ခြေစိုက်ရာ‌နေ ရာများတွင် ၆၃နှစ်‌မြောက် ‌ကေအဲန်ဒီအို‌နေ့အခမ်းအနားကို အလားတူ ကျင်းပလျှက်ရှိပြီး ‌ကေအဲန်ယူဥက္ကဌ ‌စောတာမလာ ‌ဘော၏ မိန့်ခွန်းနှင့် ‌ကေအဲန်ဒီအို ဗိုလ်ချုပ်မန်း‌ကျော်‌ဖေ၏ မိန့်ခွန်းများကို ဖတ်ကြားခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ ‌စောတာမလာ‌ဘော၏ မိန့်ခွန်းတွင် ‌ကေအဲန်ဒီအိုအဖွဲ့အ‌နေနှင့် မိမိအဖွဲ့ တည်‌ထောင်ခဲ့ရတဲ့ ရည်ရွယ်ချက်များနဲ့ တာဝန်ဝတ္တရား‌တွေကို ဒီ‌နေ့ကာလမှာ ဆက်လက် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင် သွားကြရမှာ ဖြစ်သလို တိုင်းရင်းသားလူထုအ‌ပေါ် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုများ ပို၍များပြားလာသည့်အပြင် ထိတ်လန့် ‌သွေးပျက်ဖွယ်ရာ အကြမ်းဖက်မှု၊ အဓမ္မ‌ငွေ‌ကြေး‌ကောက်‌နေမှု၊ လုယက်မှု။ လူထုများ၏ အိုးအိမ်၊ ဥယျာဉ်ခြံ‌မြေနှင့် အသက်‌မွေး ဝမ်း‌ကြောင်းလုပ်ငန်းများကို မီးရှို့ဖျက်ဆီးမှု၊ ဖမ်းဆီးနှိပ်စက်ညှင်းပမ်းမှု၊ အမျိုးသမီးများအ‌ပေါ် အဓမ္မပြုကျင့်‌စော်ကားမှု စသည် တို့ကို ကရင်ပြည်သူများက အဆက်မပြတ် ‌တွေ့ကြုံခံစားခဲ့ရခြင်း‌ကြောင့် ယင်းအကြမ်းဖက်ပြုမူမှုများကို ကာကွယ်‌ပေးနိုင်ရန် ‌ကေအဲန်ဒီအိုအ‌နေဖြင့် ပုခုံးထမ်းတာဝန် ‌ကျေပြွန်သွားရဦးမည်ဖြစ်‌ကြောင်း ၎င်းက တိုက်တွန်းနှိုး‌ဆော်သည်။

‌ကော့သဘ‌လေး‌ကျောင်းသား ‌စောအုန်းလွင်က “ဒီ‌နေ့ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေ ‌ပြောသွားတဲ့စကား‌တွေဟာ ကျ‌နော်တို့ ‌ကျောင်းသားလူငယ်‌တွေအားလုံး ပခုံး‌ပြောင်းတာဝန် ဆက်လက်ထမ်းဖို့အတွက် ခွန်အားဖြစ်‌စေပါတယ်။ တဆက်တည်းမှာပဲ ကရင့်‌တော်လှန်‌ရေးကို အတိမ်းအ‌စောင်းမခံဘဲ နှစ်‌ပေါင်း (၆၀)‌ကျော်ကြာ တာဝန်ထမ်း‌ဆောင်‌နေတဲ့ ‌ခေါင်း‌ဆောင်‌တွေကို အ ထူးပဲ ဂုဏ်ယူ‌လေးစားမိပါတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ ကရင်လူမျိုး မ‌ပျောက်ကွယ်မသွားဖို့အတွက် ကျ‌နော်တို့ လူငယ်‌မောင် မယ်‌တွေအားလုံး ဆက်လက် တာဝန်ယူဖို့ လိုပါတယ်”ဟု ‌ပြောသည်။

‌ကေအဲန်ဒီအိုသည် ကရင်အမျိုးသား ခုခံ‌တော်လှန်စစ် မစတင်မှီ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၆ရက်‌နေ့တွင် ကရင်ပြည်သူများ၏ လွတ်လပ်မှုနှင့် တရား‌သော ရပိုင်ခွင့်များအတွက် လှုပ်ရှားမှုအ‌ပေါ် မလိုမုန်းတီးစိတ်ဖြင့် တိုက်ခိုက်လာကြမည့် လက်နက်ကိုင် အုပ်စု၏အန္တရာယ်မှ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် ‌ကေအဲန်ယူ၏ ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီဝင်တဦးဖြစ်သူ ကာကွယ် ‌ရေးဌာနတာဝန်ခံ မန်းဘဇံက စတင် ဦး‌ဆောင် ဖွဲ့စည်းခဲ့သည်။

‌ကေအဲန်ဒီအို စတင်ဖွဲ့စည်းခဲ့စဉ်က ကရင်ပြည်သူများသည် ပိုမိုနိုးကြားတက်ကြွလာပြီး ကရင်လူထု၏ ‌ထောက်ခံအား‌ပေးမှုကို ရရှိခဲ့‌သော်လည်း ၁၉၅၆ခုနှစ် ဇူလိုင်လ (၅)ရက်‌နေ့ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) ဖွဲ့ စည်းခဲ့ပြီး‌နောက်ပိုင်း ‌ကေအဲန်ဒီအို၏ အခန်းကဏ္ဍမှာ တဖြည်းဖြည်း ‌မှေးမိန်လာခဲ့သည်။