Home ထိပ်တန်းသတင်း နအဖ တပ်အင်အား ၁,၀၀ဝခန့် ဝင်‌ရောက်လှုပ်ရှားလာ

နအဖ တပ်အင်အား ၁,၀၀ဝခန့် ဝင်‌ရောက်လှုပ်ရှားလာ

1891
ဇူလိုင်လ ၁၅ရက်။ ‌နော်‌အောင်‌လေး(‌ကေအိုင်စီ)

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ဒူးပလာယာခရိုင်ရှိ ဝင်း‌ရေးနှင့် ကြာအင်းမြို့နယ်တို့တွင် ယခုလဆန်း ပိုင်းမှစ၍ နအဖနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့တို့ ပူး‌ပေါင်းကာ အင်အား ၁,၀၀ဝခန့်ရှိသည့် စစ်‌ကြောင်း (၆)‌ကြောင်းဖြင့် ဝင်‌ရောက်လှုပ် ရှားလာသည်ဟု သတင်းရရှိသည်။

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ ပါဝင်‌သော နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၈) လက်‌အောက်ခံ ခမရ (၄၀၆)၊ (၄၀၁)တပ်ရင်း များ၊ နည်းဗျူဟာ-နဗဟ (၃)တပ်ဖွဲ့နှင့် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်(ရတခ) စစ်ဗျူဟာ(၃)တို့ ပူး‌ပေါင်းကာ ဝင်း‌ရေးမြို့နယ် အနန်းကွင်း‌ကျေးရွာတွင် အ‌ခြေချရန် ယခုလ ၅ရက်‌နေ့က စတင် ဝင်‌ရောက်လှုပ်ရှားလာသည်ဟု ‌ကေအဲန်ယူ၏ စစ်‌ရေးမှတ်တမ်း များအရ သိရသည်။

အဆိုပါ နအဖ တပ်များ ဝင်‌ရောက်လှုပ်ရှားရာတွင် ဒီ‌ကေဘီ‌အေ တပ်ရင်း (၉၀၇)၊ (၉၀၁)၊ (၉၀၆)တပ်ဖွဲ့ဝင်များက လမ်းပြအဖြစ် တပ်ရင်းတရင်းစီကို ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် ၂ဝဦးခန့် ပါဝင်လိုက်ပါရပြီး ယခုလ ၈ရက်‌နေ့တွင် ၎င်းတို့တပ်ဖွဲ့များ အ‌ခြေချမည့် အနန်းကွင်းနှင့် သံပုရာ‌ကျေးရွာများသို့ ‌ရောက်ရှိ‌နေပြီဟု သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၆)မှ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီး‌စောထဲ‌နေက “ကျ‌နော်တို့ ဒီဝင်း‌ရေးနယ်မှာ နအဖတပ် ခမရ(၄၀၇)၊ (၄၀၁)တပ်ရင်း စစ်‌ကြောင်း‌တွေ ဒီအနန်းကွင်းနဲ့ ဖားပြဂွင်မှာ ဝင်‌ရောက် လှုပ်ရှားလာတယ်။ အခု သူတို့ (နအဖ)က ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်‌တွေနဲ့ ‌ရောပြီး‌တော့မှ ဝင်လာတာ။ လူထု‌တွေကို ဖိအား‌ပေးမှု‌တွေ၊ အနိုင်ကျင့် တာ‌တွေ‌တော့ မရှိ‌သေးဘူး”ဟု ‌ကေအိုင်စီ ကို ‌ပြောသည်။

ထို့အပြင် စကခ (၈)လက်‌အောက်ခံ ခမရ(၄၀၁)တပ်ဖွဲ့ဝင်များ၊ ခရလ (၂၀၉)တို့သည် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ၊ ‌ကေပီအက်ဖ်-ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကြာအင်းမြို့နယ်အတွင်းသို့ ယခုလ ၅ရက်‌နေ့တွင် ဝင်‌ရောက် လှုပ်ရှားလျှက်ရှိ‌ကြောင်း ‌ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နအဖ တပ်ဖွဲ့များနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့များ ပူး‌ပေါင်းကာ ကြာအင်းနှင့် ဝင်း‌ရေးမြို့နယ်အတွင်း ဝင်‌ရောက် လှုပ်ရှားလာခြင်းအ‌ပေါ် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး (၁) ဗိုလ်မှူး‌စောလှ‌ငွေက ယခုလို သုံးသပ်‌ပြောဆိုသည်။

“အခု သူတို့လှုပ်ရှားမှုရဲ့ အဓိပ္ပါယ်က တစ်တချက်က ဒီ‌ကေဘီ‌အေအတွင်းမှာ နှုတ်ခမ်း‌မွေးကို ထိုးစစ်ဆင်ဖို့ နအဖ‌တွေက ခိုင်း ထားတာ ကြာပြီ။ ဒါ‌ပေမဲ့ ဒီ‌ကေဘီ‌အေက မလုပ်ဘူး။ နှုတ်ခမ်း‌မွေးကလည်း လာမည့် ဩဂုတ်လ ၁ဝရက်‌နေ့မှာ အပြီးအပိုင် နယ် ခြား‌စောင့်တပ် ‌ပြောင်းမ‌ပြောင်း အ‌ဖြေ‌ပေးရ‌တော့မယ်လို့ နအဖက ‌ပြောထားတယ်‌လေ။ တကယ်လို့ မ‌ပြောင်းဘူးဆိုရင် သူတို့အ ‌နေနဲ့ တိုက်ဖို့ရည်ရွယ်ပြီး စစ်‌ကြောင်း‌တွေ ဝင်လာတာဖြစ်တယ်။ နှစ်အချက်က ကျ‌နော်တို့ တပ်ရင်း(၁၆) အပါအဝင် အဲဒီမှာ ရှိတဲ့ တပ်‌တွေက သူတို့ကို ‌ချေမှုန်းထားတာရှိတယ်‌လေ။ သူတို့လူ‌တွေ အကြီးကျယ်ဆုံးတဲ့အ‌ပေါ်မှာ သူတို့သိက္ခာ‌တွေ ကျဆင်း‌စေ တယ်။ အဲဒီအ‌ပေါ်မှာ ပြန်တုန့်ပြန်ဖို့ ဖြစ်နိုင်တယ်”ဟု ဗိုလ်မှူး‌စောလှ‌ငွေက ‌ပြောသည်။

ထို့အပြင် သူက “မကြာခင်မှာ နအဖ စစ်အုပ်စုအ‌နေနဲ့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ ကျင်းပ‌တော့မယ်‌လေ။ အဲဒီအတွက် ကြံ့ဖွံ့‌တွေ မဲဆွယ်လှုပ်ရှားမှု‌တွေ လုပ်လာမယ်။ မြို့‌တွေနဲ့ မြို့အစပ်‌တွေမှာ အဲဒီလှုပ်ရှားမှု‌တွေအတွက် လုံခြုံ‌ရေး ယူ‌ပေးရမယ်။ အဲဒီအတွက် အခု မိုးရာသီမှာစပြီး‌တော့ ထိုးစစ်ဆင်ပြီး စစ်‌ကြောင်း (၆)‌ကြောင်းနဲ့ နယ်‌မြေရှင်းလင်း‌ရေး‌တွေ လုပ်‌နေတာဖြစ်တယ်”ဟု သုံးသပ် ‌ပြောဆိုသွားသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) တပ်ဖွဲ့ဝင်တဦးက “နအဖတပ်‌တွေ လူထု‌တွေကို အနိုင်ကျင့်မှာကို စိုးရိမ်လို့ သူတို့လိုက်ပါရတာ ဖြစ် နိုင်တယ်။ အခု ဒီက ဒီ‌ကေဘီ‌အေ‌တွေက သူတို့(နအဖ)ရဲ့ စစ်‌ရေး၊ နို်င်ငံ‌ရေးလှုပ်ရှားမှု‌တွေကို သိပ်နားမ‌ထောင်တဲ့အ‌ပေါ်မှာ သူတို့ ရဲ့လှည့်ကွက်တခုလည်း ဖြစ်နိုင်တယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အ‌ခြေစိုက် စကခ (၈)မှ ဗိုလ်မှူးချုပ်သန်းစိုးက ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်မဟာမှူး ဗိုလ်မှူးကြီး‌စောလားပွယ်(ဗိုလ်နှုတ်ခမ်း‌မွေး)ကို လာမည့် ဩဂုတ်လ ၁ဝရက်‌နေ့ ‌နောက်ဆုံးထား၍ နယ်ခြား‌စောင့်တပ်ဖွဲ့ရန် ဇွန်လ ဆန်းပိုင်းက သတိ‌ပေးထားသည်ဟု နယ်စပ်သတင်းရပ်ကွက်များက ‌ပြောသည်။

ထို့အပြင် ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောချစ်သူက ကရင်အချင်းချင်း တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှု များ မလုပ်‌တော့ဘူးဟု ဇွန်လ ၂၆ရက်‌နေ့က မြဝတီမြို့နယ်ရှိ ‌ရွှေကုက္ကို‌ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် တိုက်ပွဲများ‌ကြောင့် ကျ ဆုံးသွားခဲ့‌သော ဒီ‌ကေဘီ‌အေ ‌ခေါင်း‌ဆောင်များနှင့် ရဲ‌ဘော်များအား ‌အောက်‌မေ့ဂုဏ်ပြုပွဲအခမ်းအနားတွင် ‌ပြောဆိုခဲ့သည်။

နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးအတွက် ဒီ‌ကေဘီ‌အေအ‌ပေါ် နအဖ ဖိအား‌ပေးမှု‌နောက်ပိုင်း ဒီ‌ကေဘီ‌အေအတွင်း သ‌ဘော ထား မတိုက်ဆိုင်မှုများ ရှိလာပြီး တပ်ဖွဲ့ဝင်အချို့သည် ‌ကေအဲန်ယူနှင့် နားလည်မှုယူ၊ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ လုပ်‌ဆောင်လာသည့် အပြင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင် တစ်ဦးစနှစ်စ‌သော်လည်း‌ကောင်း၊ တပ်ခွဲအလိုက်၊ တပ်စုအလိုက်‌သော်လည်း‌ကောင်း ‌ကေအဲန်ယူ ဘက်သို့ ကူး‌ပြောင်းလာမှုအ‌ပေါ် နအဖအ‌နေဖြင့် ‌ကေအဲန်ယူနှင့် ဒီ‌ကေဘီ‌အေအကြား ဆက်ဆံ‌ရေး ‌ကောင်းမွန်လာမည်ကို စိုးရိမ် ကာ ၎င်းတို့ စစ်‌ရေးလှုပ်ရှားရာ စစ်‌ကြောင်းနှင့်အတူ ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များကို ‌ခေါ်ယူလိုက်ပါခြင်းဖြစ်သည်ဟု သုံးသပ်သူများ လည်း ရှိသည်။