Home ထိပ်တန်းသတင်း အငြိမ်းစားယူသည့် ကလလတ မိသားစုများ စားဝတ်‌နေ‌ရေး အခက်ကြုံ

အငြိမ်းစားယူသည့် ကလလတ မိသားစုများ စားဝတ်‌နေ‌ရေး အခက်ကြုံ

2358
ဇူလိုင်လ ၂၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် နယ်ခြား‌စောင့်တပ်လက်ခံလိုက်သည့် ကယားပြည်နယ်၊ မယ်စဲမြို့နယ် ဘီပီ (၁၄) အ‌ခြေစိုက် ကရင်နီလူမျိုး‌ပေါင်းစုံ ပြည်သူ့လွတ်‌မြောက်‌ရေးတပ်ဦး(ကလလတ)မှ အငြိမ်းစားယူသူ အသက် ၅ဝနှင့် အထက်သက်ကြီးပိုင်း များ၏ မိသားစုများ စားဝတ်‌နေ‌ရေး ပြဿနာနှင့် ရင်ဆိုင်‌နေရသည်ဟု သိရသည်။

နယ်ခြား‌စောင့် မဖွဲ့မီက ကလလတ တပ်ဖွဲ့ဝင်များသည် ၎င်းတို့ မိသားစုစားဝတ်‌နေ‌ရေးနှင့် ပတ်သက်၍ တစုံတရာ အဆင်‌ပြေ မှုများရှိခဲ့‌သော်လည်း ယခုအချိန်တွင် စားဝတ်‌နေ‌ရေး အဆင်မ‌ပြေ‌တော့ဘဲ ‌နေ့စားအလုပ်များ လိုက်လုပ်ရသည်အထိ ဖြစ်‌နေရ သည်ဟု လွိုင်‌ကော်မြို့ခံတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

“နယ်ခြား‌စောင့်တပ်ဖွဲ့‌တော့ နအဖရဲ့ ဖွဲ့စည်းပုံနဲ့အညီ အသက်ကြီးတဲ့သူ‌တွေကို ဖယ်ထုတ်လိုက်တယ်။ အဲဒီ‌တော့ ဒီလူ‌တွေ က ‌ထောက်ပံ့‌ကြေး မရ‌တော့ဘူး။ နယ်ခြား‌စောင့်တပ်လုပ်ဖို့ နအဖ‌အောက်မှာ သင်တန်းတက်တဲ့ ကလလတ တပ်ဖွဲ့ဝင်‌တွေ ‌လောက်ပဲ ‌ထောက်ပံ့‌ကြေးရတယ်။ အပယ်ခံရတဲ့သူ‌တွေကျ‌တော့ အလုပ်အကိုင် မရှိ‌တော့ဘူး။ တရက်လုပ် တရက်စား ကြုံရာ ကျဘမ်းအလုပ်‌တွေ လိုက်လုပ်‌နေရတယ်။ သူတို့ရဲ့ တချို့မိသားစုဝင်‌တွေဆိုရင် တ‌နေ့စာ စားရဖို့ သူများအိမ်‌တွေမှာ မြက် ‌ပေါက်ရတဲ့အထိ‌တောင် အလုပ်လိုက်လုပ်ရတယ်”ဟု သူက ‌ပြောသည်။

ကရင်နီအမျိုးသားတိုးတက်‌ရေး ပါတီ(‌ကေအဲန်ပီပီ)၏ အတွင်း‌ရေးမှူး(၁)ဖြစ်သူ ဦးခူးရယ်က “အငြိမ်းစားယူရတဲ့ သက်ကြီးပိုင်း ‌တွေ မကပါဘူး။ နယ်ခြား‌စောင့်တပ်မှာ အမှုထမ်းတဲ့ ရဲ‌ဘော်‌တွေ‌တောင်မှ လစာမလုံ‌လောက်ဘူး။ သူတို့ရဲ့လစာက နအဖ စစ် သား‌တွေလိုပါပဲ။ ရိုးရိုးရဲ‌ဘော်ဆိုရင် ၂၀,၀၀ဝ ‌ကျော်‌လောက် ရှိမှာ‌ပေါ့။ အဲဒီထဲမှာ ဘာ‌ကြေးညာ‌ကြေး အဖြတ်ခံရတာ ရှိ‌သေး တယ်။ ဒီလို အဆင်မ‌ပြေမှု‌တွေ ဖြစ်‌နေတဲ့အတွက် တချို့ဆိုရင် မိသားစုအတွင်းမှာ လင်နဲ့မယား ပြဿနာတက်ရတဲ့အထိ ‌တောင် ရှိတယ်”ဟုု ‌ပြောသည်။

နယ်ခြား‌စောင့်တပ် မဖွဲ့မီအချိန်၌ ကလလတ အဖွဲ့အတွင်း ‌ထောက်ပံ့မှုတချို့ ရှိခဲ့‌သော်လည်း ယခုအချိန်တွင် ‌ထောက်ပံ့မှု မရှိ‌တော့သည့်အတွက် တပ်ဖွဲ့ဝင်အတွင်း မပါဝင်သည့် အခြားသက်ကြီးပိုင်း‌ခေါင်း‌ဆောင်များအတွက် မိသားစု စားဝတ်‌နေ ‌ရေး ပြဿနာနှင့် ပို၍ ကြုံ‌တွေ့‌နေရသည်ဟု သူက ဆက်လက်၍ ‌ပြောဆိုသည်။

သို့‌သော် ကလလတ၏ ဒုဥက္ကဌဖြစ်သူ ဦးထွန်း‌ကျော်သည် ကယားပြည်နယ်၊ လွိုင်‌ကော်မြို့၊ ‌နောင်ယားတပ် ရပ်ကွက်တွင် ကျပ်သိန်း(၃၀၀)‌ကျော် တန်ဖိုးရှိသည့် တိုက်အိမ်ကြီးတလုံး‌ဆောက်ထားသည့်အပြင် မြန်မာနိုင်ငံအတွင်းရှိ အခြား ကုမ္ပဏီများ နှင့်လည်း အစုရှယ်လုပ်ထားမှုများရှိသည်ဟု သိရသည်။

(ကလလတ)အဖွဲ့သည် နယ်ခြား‌စောင့်တပ်ဖွဲ့ရန် လက်ခံပြီး‌နောက် အဖွဲ့‌ခေါင်း‌ဆောင်အချို့က အ‌စောပိုင်း၌ နိုင်ငံ‌ရေးပါတီဖွဲ့ ၍ စစ်အစိုးရ ကျင်းပမည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိ‌သော်လည်း ၎င်းတို့၏ နယ်ခြား‌စောင့် တပ် သ‌ဘောတူချက်အရ နိုင်ငံ‌ရေးပါတီ ဖွဲ့ခွင့်မရှိသည့်အတွက် မဖွဲ့ဖြစ်‌ကြောင်း သိရသည်။

ဦးစန္ဒာနှင့် ဦးထွန်း‌ကျော် ဦး‌ဆောင်သည့် ကလလတ အဖွဲ့သည် ၁၉၇၈ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (‌ကေ အဲန်ပီပီ)မှ ခွဲထွက်ခဲ့ကာ ၁၉၉၄ခုနှစ်၊ ‌မေလတွင် နအဖ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိခဲ့သည်။ ကလ လတသည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် နိုဝင်ဘာလ (၈)ရက်‌နေ့တွင် နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေး အခမ်းအနားတခု ပန်းတိန်းနှင့် စွပ်ပိုင်း‌ဒေသ၌ ပြုလုပ်ကျင်းပခဲ့သည်ဟု ကန္တာရဝတီတိုင်းမ်သတင်းတွင် ‌ဖော်ပြထားသည်။