Home ထိပ်တန်းသတင်း ဖမ်းဆီးခံရ‌သော ရွာသား ၃ဦး အသတ်ခံရ

ဖမ်းဆီးခံရ‌သော ရွာသား ၃ဦး အသတ်ခံရ

1568
ဇူလိုင်လ ၂၇ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌မြောက်ပိုင်း ထန်းတပင်မြို့နယ်ရှိ ပယ်‌တော်‌ဒေးနှင့် ဘုမ္မတီးရွာသား ၃ဦးသည် ပြီးခဲ့သည့်အပတ်က ထို‌ဒေသ၌ လှုပ် ရှား‌နေ‌သော နအဖစစ်တပ်၏ ဖမ်းဆီးခံခဲ့ရပြီး‌နောက် ယခု အသတ်ခံလိုက်ရပြီဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်‌နေ့တွင် ထန်တပင်မြို့နယ် ပယ်‌တော်‌ဒေးဂွင်အတွင်း လှုပ်ရှားသည့် နအဖ စစ်ကွပ်‌ရေးဌာနချုပ်-စကခ (၇) လက်‌အောက်ခံ ခလရ(၇၃)တပ်ရင်းက ပယ်‌တော်‌ဒေးရွာသား ‌စောတာမလာဒို ၃၉နှစ်နှင့် ‌စောဝါး‌နေ‌စေး ၂၈နှစ်တို့နှစ်ဦးအပြင် ဘုမ္မတီးရွာသား ဦးမန်းတင် ၅ဝနှစ်ကိုလည်း ၎င်းတို့၏တပ်စခန်းရှိရာ ဇရပ်ကြီးသို့ ‌ခေါ်‌ဆောင်သွားခဲ့ရာ လမ်းတဝက်အ‌ရောက်တွင် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု မြန်မာပြည်လွတ်‌မြောက်‌ရေးအဖွဲ့ (FBR) က‌ပြောသည်။

“ဖမ်း‌ခေါ်သွားတာက ၁၃ရက်‌နေ့မှာ‌ပေါ့‌နော်။ ဇရပ်ကြီးစခန်းကို ‌ခေါ်သွားမယ်လို့ ရွာသား‌တွေက ထင်ကြတယ်။ ၁၆ရက်‌နေ့မှာ‌တော့ ဇရပ်ကြီးစခန်းနဲ့ ဘုမ္မတီးစပ်ကြား အုန်း‌တောစုုမှာ အသတ်ခံရတဲ့ ရွာသား‌တွေရဲ့အ‌လောင်းကို ပြန်‌တွေ့တယ်”ဟု (FBR)မှ တာဝန်ရှိ သူတစ်ဦးဖြစ်သူ ‌စောမန်းကီးက ‌ပြောသည်။

ထို့အပြင် ဇူလိုင်လ ၁၅ရက်၌ စကခ(၇)မှ ခလရ(၁၀၂)တပ်ရင်းသည်လည်း ထန်းတပင်မြို့နယ်ရှိ ဟူးမုဒဲရွာသားများဖြစ်‌သော ‌စော ‌ဘေး‌ဘေ့ထူနှင့် ‌စောဟဲက‌ရေ့တို့နှစ်ဦးအား ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့ရာ ယ‌နေ့အချိန်ထိ ပြန်လွွှတ်‌ပေးခြင်းမရှိ‌သေး‌ကြောင်း သိရ သည်။

၎င်းရွာသားများ ဖမ်းဆီးသတ်ဖြတ်ခံရသည့် နယ်‌မြေသည် နအဖစစ်တပ်မှ စကခ(၇) လက်‌အောက်ခံတပ်များအပြင် ‌ကေအဲန်ယူ တပ်မဟာ(၂) လက်‌အောက်ခံ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၆)များလည်း လှုပ်ရှား‌နေသဖြင့် နအဖဘက်က အနက်‌ရောင်နယ် ‌မြေအဖြစ် သတ်မှတ်ထား‌သော‌ကြောင့် မြင်‌တွေ့သမျှ ရွာသူရွာသားများအပြင် က‌လေးသူငယ်ပါမကျန် အကုန်သတ်ဖြတ်သည်ဟု ဌာ‌နေမဲ့ ကရင်ပြည်သူများ ကူညီ‌စောင့်‌ရှောက်‌ရေး ‌ကော်မတီ (CIDKP) မှ သတင်းနှင့် ပြန်ကြား‌ရေးတာဝန်ခံ ‌စောအယ်ဝါးက ‌ပြော သည်။

တဆက်တည်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်‌နေ့က ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်အတွင်း လှုပ်ရှားသည့် နအဖ စကခ(၁၀) ဗျူဟာ(၂)သည် သဒါးဒဲ‌ကျေးရွာတရွာလုံးကို ဝင်‌ရောက်မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ‌ကျေးရွာအတွင်း ‌မြေမြှုပ်မိုင်းများ ‌ထောင်ထားခဲ့‌သော‌ကြောင့် ရွာသူရွာသား ၉၀၀‌ကျော် ‌တောထဲ‌တောင်ထဲသို့ ထွက်‌ပြေးပုန်း‌အောင်း‌နေရသည်ဟု (FBR)က ‌ပြော သည်။