Home ထိပ်တန်းသတင်း ကရင်လူထု ၅၀၀‌ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်‌ပြေး‌ရောက်ရှိလာ

ကရင်လူထု ၅၀၀‌ကျော် ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်‌ပြေး‌ရောက်ရှိလာ

1577
ဇူလိုင်လ ၂၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ‌ကျေးရွာ‌လေးရွာမှ ‌ဒေသခံလူထု ၅၀၀‌ကျော်သည် မိမိတို့‌ဒေသတွင် တိုက်ပွဲများ ဖြစ်လာနိုင် သည့် အ‌ခြေအ‌နေများ‌ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် ‌မောကဲထာ့နှင့် ‌မော်လီချိုင်း‌ကျေးရွာသို့ ယ‌နေ့နံနက်တွင် ထွက်‌ပြေး‌ရောက်ရှိလာကြသည်။

ဝါ့မီထာ့၊ ‌လေး‌ဝေါ်၊ ဆုံဆည်းမြိုင်နှင့် ‌သေ့‌ဘောဘိုး‌ကျေးရွာမှ ရွာသူရွာသားများသည် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)နှင့် နအဖ စစ်တပ်အကြား ယခုရက်ပိုင်းအတွင်း အချိန်မ‌ရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အ‌နေအထား‌ကြောင့် ထိုင်းနိုင်ငံသို့ ယခုလို တိမ်း‌ရှောင်ထွက်‌ပြေးလာခြင်းဖြစ်‌ကြောင်း ရွာသူတစ်ဦးက ‌ပြောသည်။

‌မောကဲထာ့‌ကျေးရွာစာသင်‌ကျောင်းတွင် ‌တွေ့ရသည့် ဆုံဆည်းမြိုင်ရွာသူရွာသားများ (ဓါတ်ပုံ - ‌ကေအိုင်စီ)

“ဒီ‌နေ့မနက်အ‌စောကြီး ကျမတို့ ရွာက‌နေ ထိုင်းဘက်ခြမ်းကို ထွက်‌ပြေးလာတာ‌လေ။ ဒီ‌ကေဘီ‌အေက ဗမာစစ်တပ် လက်မှတ် ထိုးခိုင်းတာကို မထိုးလို့ လာတိုက်မယ်တဲ့။ အခြားဒီ‌ကေဘီ‌အေ‌တွေက လက်မှတ်ထိုးပြီးကုန်ပြီလို့ ကြားတယ်။ အချို့ကလည်း ဖူးခါ့ချု(ဖူးနှုတ်ခမ်း‌မွှေး)က အ‌ခြေအ‌နေ မ‌ကောင်းလို့ ‌ရှောင်‌နေခိုင်းတယ်လို့ ‌ပြောတယ်။ အခု‌တော့ ကျမ ‌ပြောင်းခင်းကိုလည်း ထားခဲ့ရပြီ။”ဟု ဆုံဆည်းမြိုင်ရွာသူ နန်းနွဲ့ရင် ၃၇နှစ် က ‌ကေအိုင်စီကို ‌ပြောပြသည်။

ထိုသို့ ထွက်‌ပြေး‌ရောက်ရှိလာရာတွင် ယ‌နေ့ည‌နေ ၅နာရီအထိ ထိုင်းနိုင်ငံ ‌မောကဲထာ့‌ကျေးရွာ စာသင်‌ကျောင်းတွင် ဝါ့မီထာ့၊ ‌လေး‌ဝေါ်နှင့် ဆုံဆည်းမြိုင်‌ကျေးရွာမှ အိမ်‌ခြေ ၃၈စုနှင့် လူထု ၂၁၈‌ကျော်၊ ‌မော်လီချိုင်း‌ကျေးရွာ စာသင်‌ကျောင်းတွင် ‌လေး‌ဝေါ် နှင့် ‌သေ့‌ဘောဘိုး‌ကျေးရွာမှ အိမ်‌ခြေ ၃၄စုနှင့် လူထု ၂၀ဝအပြင် ထိုင်း‌ကျေးရွာများရှိ အသိမိတ်‌ဆွေများ၏ ‌နေအိမ်သို့ သွား ‌ရောက်‌နေထိုင် ခိုလှုံ‌နေကြသူများလည်း လူဦး‌ရေ တစ်ရာဝန်းကျင်ရှိသည်ဟု သိရသည်။

မြဝတီမြို့နယ်အတွင်းရှိ ရွာ(၄)ရွာအပြင် မယ်ကလားထာ့၊ ထီးဝါ့မင်းထာ့၊ ပိုဒဲ စသည့်ရွာများမှ လူထုများလည်း ဆက်ကူးလာ ရန် ရှိသည်ဟု ဒီ‌ကေဘီ‌အေနှင့် နီးစပ်သူတဦးက ‌ပြောသည်။

“ကျ‌နော်တို့ သိရသ‌လောက်‌တော့ အဲဒီက ရွာသား‌တွေ ထပ်လာဦးမှာ။ ‌နောက် ဗိုလ်ချစ်သူကလည်း နအဖနဲ့‌ပေါင်းပြီး ဗိုလ်နှုတ် ခမ်း‌မွှေးကို လာတိုက်ဖို့ လူအင်အားစု‌နေပြီ။ အင်အားဘယ်‌လောက်လဲ‌တော့ မသိဘူး။ တိုက်ပွဲဖြစ်လာရင် ‌ကေအဲန်ယူနဲ့ ‌ပေါင်း မယ်လို့ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်‌တွေက ‌ပြောပါတယ်”ဟု သူက ‌ပြောသည်။

‌ကေအဲန်ယူ တပ်ရင်း(၂၀၁)မှ ဗိုလ်ကြီး‌စောကြည်‌အောင်က “ဗိုလ်နှုတ်ခမ်း‌မွှေးက နအဖကို ပြန်တိုက်‌တော့မယ်။ ဒါ‌ကြောင့် တိုက်ပွဲဖြစ်လို့ လိုအပ်ရင်‌တော့ ကျ‌နော်တို့က နှုတ်ခမ်း‌မွှေးဘက်ကို ကူမှာပဲ။ တိုက်ပွဲဖြစ်ပြီဆိုရင်‌တော့ ‌ဒေသခံလူထု‌တွေ ဆက် ပြီး‌တော့ ကူးလာဦးမှာ ‌သေချာတယ်”ဟု ယ‌နေ့ ‌နေ့လည်ပိုင်းက ‌ပြောသည်။

လူထုအချို့က ၎င်းတို့ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် အ‌ကြောင်းရင်း အတိအကျကို သိကြ‌သော်လည်း အချို့ကမူ မသိကြ ‌ကြောင်း ထိုင်းဘက်ခြမ်း ‌မော်လီချိုင်း‌ကျေးရွာသို့ ထွက်‌ပြေးလာသည့် ‌သေ့‌ဘောဘိုးရွာသူတစ်ဦးက ယခုလို ‌ပြောဆိုသည်။

‌မော်လီချိုင်း‌ကျေးရွာ စာသင်‌ကျောင်းမှ ‌သေ့‌ဘောဘိုးရွာသူရွာသားအချို့ (ဓါတ်ပုံ - ‌ကေအိုင်စီ)

သူမက “ကျမတို့ ဒီဘက်ကို ထွက်‌ပြေးလာတာ ဘာ‌ကြောင့်မှန်း‌တောင် မသိလိုက်ဘူး။ အိမ်နားမှာ လူ‌တွေက တစ်အုပ်ပြီးတစ် အုပ် ထွက်‌ပြေးလာ‌နေတာ‌တွေ့‌တော့ ‌မေးကြည့်လို့‌တောင် မအားဘူး။ သူများရွာ‌တွေက ထွက်‌ပြေးကြလို့ ကုန်‌နေပြီ။ ကျမတို့ပဲ ကျန်‌နေမှန်း သိ‌တော့တယ်။ ဒါ‌ကြောင့် ရသမျှ ပစ္စည်း‌လေးသယ်ပြီး ထွက်‌ပြေးလာတာပဲ။ တချို့‌တွေလည်း ရွာမှာ ကျန်‌နေ‌သေး တယ်”ဟု ဆိုသည်။

ဖျားနာ‌နေသည့် ဝါ့မီထာ့ရွာသားတစ်ဦးက “ကျ‌နော်က လူ‌တွေ တဝုန်းဝုန်းနဲ့ ထွက်‌ပြေး‌နေတာကို အစ‌တော့ ‌ပေါ်တာဖမ်းတယ် ထင်တာ။ အရင်‌ပြေးမလို့ပဲ။ တကယ်ကြည့်လိုက်မှ ဟာ ‌ပေါ်တာ မဟုတ်နိုင်ဘူးဆိုပြီး အိမ်ခန်းထဲက ‌နေမ‌ကောင်းလို့ အိပ်ယာ ထဲလှဲ‌နေတဲ့ ကျ‌နော့်မိန်းမကို ထမ်းပိုးလာခဲ့တာပဲ။”ဟု ‌မောကဲထာ့‌ကျေးရွာ၊ စာသင်‌ကျောင်း၌ ‌ခေတ္တနားခို‌နေရင်း ‌ပြောသည်။

မဲ‌ဆောက်မြို့နှင့် ၁၂ဝကီလိုမီတာ အကွာအ‌ဝေးရှိ ‌ဝေါ်‌လေဂွင်မှ ‌မောကဲထာ့နှင့် ‌မော်လီချိုင်း‌ကျေးရွာသို့ ‌ရောက်ရှိလာသည့် ရွာသူရွာသားများ၏ နာမည်စာရင်းများကို ထိုင်းစစ်တပ်များက ‌ကောက်ခံလျှက်ရှိပြီး ‌ကျေးရွာထိုင်းအာဏာပိုင်များက ထမင်း၊ ဟင်းများနှင့် ‌သောက်သုံး‌ရေကို တာဝန်ယူ ‌ကျွေး‌မွေး‌ပေးကြသည်။

‌နောက်ဆုံး သိရှိရသည့် သတင်းအရ ယ‌နေ့ည ၁ဝနာရီအထိ ရွာသူရွာသား‌ပေါင်း ၈၀၀‌ကျော်ရှိပြီဖြစ်‌ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အ‌ခြေစိုက် စကခ(၈)မှ ဗိုလ်မှူးချုပ်သန်းစိုးက ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) တပ်မ ဟာမှူး ဗိုလ်မှူးကြီး‌စောလားပွယ်ကို လာမည့်ဩဂုတ်လ ၁ဝရက်‌နေ့ ‌နောက်ဆုံးထား၍ နယ်ခြား‌စောင့်တပ်ဖွဲ့ရန် ဇွန်လဆန်း ပိုင်း၌ သတိ‌ပေးမှုများ ရှိခဲ့သည်။