Home ထိပ်တန်းသတင်း ၂၁နှစ်‌မြောက် ‌ကေဝိုင်အို‌နေ့ အခမ်းအနား ကျင်းပပြီးစီး

၂၁နှစ်‌မြောက် ‌ကေဝိုင်အို‌နေ့ အခမ်းအနား ကျင်းပပြီးစီး

1468
‌မေလ ၂၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

‌မေလ (၂၃)ရက်‌နေ့တွင် ကျ‌ရောက်သည့် ၂၁နှစ်‌မြောက် ကရင်လူငယ်အစည်းအရုံး (‌ကေဝိုင်အို)‌နေ့ အခမ်းအနားကို သံလွင်မြစ် ကမ်းတ‌နေရာရှိ အီးတူထာ့ ပြည်တွင်းဒုက္ခသည်စခန်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင် ‌ကေဝိုင်အို ဥက္ကဌ ‌စောလှထွန်းက ကရင့်လူမျိုးတို့၏ သမိုင်း‌ကြောင်းကို လူကြီးများအ‌နေဖြင့် မျိုးဆက် သစ်ကရင်လူငယ်များ သိရှိနားလည်‌အောင် သင်ကြား‌ပေးရန် ယခုလို တိုက်တွန်း‌ပြောကြားလိုက်သည်။

“ကရင့်အမျိုးသားလွတ်‌မြောက်မှု ‌တော်လှန်‌ရေး၊ ကရင်လူမျိုး ကမ္ဘာ‌ပေါ်မှာ မ‌ပျောက်ကွယ်‌ရေးနဲ့ ကရင်အမျိုးသားတို့ရဲ့ အနာ ဂတ်ဘဝ ရပ်တည်နိုင်‌ရေးဟာ ကရင်လူမျိုးတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဒါ‌ကြောင့် ‌နေရာအနှံ့မှာရှိတဲ့ တတ်သိနားလည်တဲ့ လူကြီး ‌တွေ မျိုးဆက်သစ်လူငယ်‌တွေကို ကရင့်သမိုင်းသင်ကြား‌ပေးကြဖို့ တိုက်တွန်းရင်း သမိုင်း‌ပေးတာဝန်ကို မျိုးဆက်သစ်‌တွေက လည်း ကိုယ်စီ ထမ်း‌ဆောင်သွားကြဖို့လည်း လိုအပ်ပါတယ်”ဟု သူက ‌ပြောသည်။

အခမ်းအနား တက်‌ရောက်ခဲ့သည့် ကရင်လူငယ်တဦးက “ဒီလို ‌ကေဝိုင်အို‌နေ့ အခမ်းအနားမှာ ‌ပြောသွားတာ အင်မတန် ‌ကောင်း ပါတယ်။ လူငယ်‌တွေဟာ တ‌နေ့ကျရင် တိုင်းပြည်ရဲ့တာဝန်ကို ထမ်းရမယ့်သူ‌တွေဖြစ်တယ်‌လေ။ ဒါ‌ကြောင့် အရင်က ဖြစ်ခဲ့တဲ့ ကရင့်သမိုင်း‌ကြောင်း‌တွေကို ပြန်သိရမယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလက ကရင်အမျိုးသမီးလူငယ် နမ့်ဇိုယာဖန်း ကမ္ဘာ့လူငယ်‌ခေါင်း‌ဆောင်အဖြစ် အ‌ရွေးခံရခြင်းသည် ယ‌နေ့ ကရင် လူငယ်များအတွက် စံပြနမူနာ‌ကောင်းတခုဖြစ်သည့်အပြင် ကရင်တမျိုးသားလုံးအတွက် အင်အားတခုဖြစ်‌ကြောင်း ရှင်းလင်း ‌ပြောဆိုခဲ့သည်။
(ကယ်ခို‌ဘော်ခို)
၂၁နှစ်‌မြောက် ‌ကေဝိုင်အို‌နေ့ကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၇)ခုတွင် အသီးသီး ပြုလုပ်ကျင်းပခဲ့ကြပြီး အီးတူထာ့ စခန်းတွင် ပြုလုပ်သည့် ‌ကေဝိုင်အို‌နေ့ အခမ်းအနားသို့ လူထုပရိဿတ် ၂၀ဝ ဝန်းကျင် တက်‌ရောက်ခဲ့ကြသည်။

ကရင်လူငယ်အစည်းအရုံးကို ၁၉၈၉ခုနှစ်၊ ‌မေလ ၂၃ရက်‌နေ့က ကရင်မျိုးချစ်‌ခေါင်း‌ဆောင်များ ဦး‌ဆောင်၍ ယခင် ‌ကေအဲန်ယူ မာနယ်ပ‌လော ဌာနချုပ်တွင် ဖွဲ့စည်းတည်‌ထောင်ခဲ့သည်။