Home ထိပ်တန်းသတင်း နယ်ခြား‌စောင့်တပ်ကိစ္စ ဒီ‌ကေဘီ‌အေအတွင်း သ‌ဘောထား မတိုက်ဆိုင်

နယ်ခြား‌စောင့်တပ်ကိစ္စ ဒီ‌ကေဘီ‌အေအတွင်း သ‌ဘောထား မတိုက်ဆိုင်

2006
‌မေလ ၂၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နအဖ စစ်အစိုးရက ၂၀၁၀‌ရွေး‌ကောက်ပွဲ မတိုင်ခင် အပစ်ရပ်တိုင်းရင်းသားအဖွဲ့များကို နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်းမည့် ကိစ္စ‌ကြောင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့အတွင်း သ‌ဘောထားချင်းတိုက်ဆိုင်မှုမရှိဘဲ မရှင်းမလင်း ဖြစ်‌နေသည်ဟု သိရသည်။ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲ့စရိနှင့် မဲ့သ‌ဝေါဂွင်တွင် တာဝန်ကျ‌နေ‌သော ဒီ‌ကေဘီ‌အေ တပ်မဟာ(၅၅၅)၊ တပ်ရင်း (၃)မှ တပ်ဖွဲ့ဝင်များသည် ၎င်းနယ်ခြား‌စောင့်တပ်ကိစ္စ‌ကြောင့် အချို့‌သော အထက်ပိုင်းတပ်မှူးများနှင့် ‌အောက်‌ခြေတပ်မှူးတပ်သား တို့အကြား သ‌ဘောထားကွဲလွဲမှုများ ဖြစ်‌ပေါ်‌နေ‌ကြောင်း နယ်ခြား‌စောင့်တပ်ကို လက်မခံသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅၅၅) မှ တပ်ခွဲမှူးတဦးက ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောသည်။

“ကျ‌နော်တို့တပ်ရင်းက တပ်မှူးတပ်သား‌တွေရဲ့ ထွက်‌ပေါ်လာတဲ့ သ‌ဘောထားအရဆိုရင် နအဖက အရမ်းဖိအား‌ပေးလာမယ် ဆိုရင် ‌ကေအဲန်ယူနဲ့ ပြန်လာပူး‌ပေါင်းမယ့်လူ‌တွေပဲ။ ‌လော‌လောဆယ် နားစွင့်တဲ့လူ‌တွေရှိသလို ထွက်‌ပြေးတဲ့လူလည်းရှိတာ ‌ပေါ့”ဟု ‌မေလ ၁၁ရက်‌နေ့က ‌ကေအဲန်ယူနှင့် လာ‌ရောက်ပူး‌ပေါင်းခဲ့သည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅၅၅) တပ်ရင်း (၃)မှ တပ်ခွဲ (၄)မှူး ဗိုလ်ကြီး‌စော‌ကျော်ဒီ့က ‌ပြောသည်။

ယင်းသို့ နယ်ခြား‌စောင့်တပ်ကိစ္စအ‌ပေါ် သ‌ဘောထားချင်းမတိုက်ဆိုင်‌သော‌ကြောင့် ၎င်းတို့တပ်ရင်းအတွင်း တဦးနှင့်တဦး တိုင် ပင်‌ဆွေး‌နွေးမှုများ မရှိသည့်အတွက် တဦးအ‌ပေါ်တဦး ယုံကြည်မှုလည်း နည်းပါးလာသည်ဟု ၎င်းက ဆက်‌ပြောသည်။

ဗိုလ်ကြီး‌စော‌ကျော်ဒီ့သည် ၁၉၉၅ခုနှစ်ကတည်းက ဒီ‌ကေဘီ‌အေအတွင်း ဝင်‌ရောက်စစ်မှုထမ်းခဲ့ပြီး ၂၀၀၉ခုနှစ် ဇွန်လဆန်းက နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့ ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေကို ထိုးစစ်ဆင်ခဲ့စဉ် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅၅၅) တွင် ပါဝင်ခဲ့ကာ နယ်စပ်၌ တာဝန်ယူထားရာမှ ထွက်‌ပြေးလာခြင်းဖြစ်သည်။

အလားတူ ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ တပ်မှူးတဦးကလည်း “နအဖက အတင်းလုပ်လို့မရဘူး‌လေ။ အတင်းလုပ်လာလို့ရှိရင် ဒီ‌ကေဘီ‌အေဟာ ‌သေချာ‌ပေါက်နှစ်ခြမ်းကွဲပြီ။ နအဖက ကြိုး‌လေးနည်းနည်းသာတင်းကြည့် ‌အောက်‌ခြေတပ်မှူးတပ်သား‌တွေ ‌အော်တိုမက်တစ် ‌ကေအဲန်ယူနဲ့ ပူး‌ပေါင်းပြီ”ဟု ဆိုသည်။

စစ်အစိုးရက ဒီ‌ကေဘီ‌အေနှင့် အခြားအပစ်ရပ်တိုင်းရင်းသားတပ်ဖွဲ့များကို ပြီးခဲ့သည့် ဧပြီလ ၂၈ရက်‌နေ့က နယ်ခြား‌စောင့် တပ်အသွင်ကူး‌ပြောင်းရန် ‌နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့အချိန်တွင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များအတွင်း သ‌ဘောထားကွဲ လွဲမှုများ ထွက်‌ပေါ်လာခဲ့သည်။

၁၅နှစ်‌မြောက် ဒီ‌ကေဘီ‌အေ‌နေ့ အခမ်းအနားတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌ကျော်သန်းမှ တပ်စစ်‌ဆေး‌နေစဉ်

ထိုသို့ ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များအတွင်း အချို့မှာ စစ်‌ရေးပြင်ဆင်မှုများလုပ်‌ဆောင်ခဲ့သည့်အ‌ပေါ် နအဖနှင့် ဒီ‌ကေဘီ‌အေတို့ အကြား စစ်‌ရေးတင်းမာလာနိုင်သည့် အ‌ခြေအ‌နေ‌ကြောင့် ကရင်ပြည်သူအချို့သည် ထိုင်းနယ်စပ်‌ဒေဘက်သို့ ‌ပြောင်း‌ရွှေ့‌နေ ထိုင်လာကြသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် ၁၉၉၄ခုနှစ်၌ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)မှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ပူး ‌ပေါင်းသွားခဲ့သည့် အင်အားအကြီးဆုံး ကရင်လက်နက်ကိုင် အပစ်ရပ်အဖွဲ့ဖြစ်သည်။