Home တွေ့ဆုံမေးမြန်းခန်း ကလိုကွယ် ‌တေးဂီတ၏ ၉နှစ်ပြည့် အထိမ်းအမှတ် ပါဝင်တီးခတ်သူအချို့၏ ရင်ဖွင့်စကားသံများ

ကလိုကွယ် ‌တေးဂီတ၏ ၉နှစ်ပြည့် အထိမ်းအမှတ် ပါဝင်တီးခတ်သူအချို့၏ ရင်ဖွင့်စကားသံများ

1874

ယခုလ ၂၁ရက်‌နေ့တွင် ၉နှစ်ပြည့်‌မြောက်ပြီဖြစ်သည့် ကလိုကွယ် ‌တေးဂီတအဖွဲ့ကို ၂၀၀၁ခုနှစ်တွင် ရန်ကုန်မြို့ ကရင်နှစ်ခြင်းခရစ်ယန်လူငယ်အဖွဲ့မှ ဂီတဝါသနာရှင်များက စတင် တည်‌ထောင်ခဲ့သည်။ ကလိုကွယ်သည် ဘာသာ‌ရေးနှင့် ဂီတကို အ‌ခြေခံကာ ဖွဲ့တည်လာခဲ့‌သော်လည်း လူမျိုး‌ရေးအတွက် ရပ် တည်‌ပေး‌နေခြင်းဖြစ်ပြီး အဖွဲ့ဝင်‌ပေါင်း ၄ဝနီးပါးရှိသည်။ အဆိုပါအဖွဲ့သည် ဂီတလှုပ်ရှားမှုအပြင် မြန်မာနိုင်ငံအတွင်း၌ ပညာ ‌ရေး၊ လူမှု‌ရေးနှင့် ဘာသာ‌ရေးလုပ်ငန်းများတွင်လည်း ပါဝင်‌ဆောင်ရွက်မှုများ ရှိသည်ဟု သိရသည်။

‌စောဝစ်စတန် (Bass ဂီတာ)

ကျ‌နော်က နဂိုကတည်းက Musician တ‌ယောက်အ‌နေနဲ့ ရပ်တည်ခဲ့ပါ။ ဒီ ကလိုကွယ်‌တေးဂီတ စတည်‌ထောင်ကတည်းက ကျ‌နော် ပါဝင်ခဲ့တာ အခုဆိုရင် ၉နှစ်ပြည့်‌နေပါပြီ။ ဒီကာလတ‌လျှောက် ‌အောင်မြင်မှု‌တွေ‌တော့ အများကြီးရခဲ့ပါတယ်။ ကျ‌နော် တို့‌တွေ ‌ပေးဆပ်တဲ့ အတိုင်းအတာတခုအထိ‌တော့ ‌အောင်မြင်ပါတယ်။ ဒါ‌ပေမဲ့ ကမ္ဘာနဲ့ချီပြီး ‌အောင်မြင်တဲ့ အတိုင်းအတာက ‌တော့ မရှိ‌သေးပါဘူး။
ဒီ ၉နှစ်အတွင်းမှာ အခက်အခဲ‌တွေက လူတကိုယ် စိတ်တမျိုးဆို‌တော့ ရှိတာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် ကျ‌နော်ကိုယ်၌က ကျ‌နော့်လူ မျိုးအတွက် ဦးစား‌ပေးတဲ့စိတ်တခုနဲ့တင် ဒီစိတ်ချမ်းသာမှုအ‌ပေါ်မှာပဲ ဆက်လုပ်သွားမှာပါ။ အဓိက‌တော့ ကရင်လူမျိုးအတွက် ကို ဦးစား‌ပေးပြီး စိတ်ထဲမှာ ထည့်ထား‌တော့ အဲဒီအခက်အခဲ‌တွေကို ခဏ‌မေ့ပြီး လုပ်လာလိုက်တာပဲ။
‌ရှေ့ဆက်ပြီး ကျ‌နော်တို့ရဲ့ Target ‌ပေါ့‌နော်။ ကျ‌နော်တို့ ‌မျှော်လင့်ထားတာက‌တော့ ‌ပျော်‌ပျော်ရွှင်ရွှင်နဲ့ပဲ မြင်ချင်ပါတယ်။ ဘယ် ‌နေရာမှာ‌တွေ့တဲ့ ကရင်လူမျိုး‌တွေပဲဖြစ်ဖြစ် ကျ‌နော်တို့က အားလုံးကို ချစ်ခင်လိုတဲ့ စိတ်ဆန္ဒအမြဲရှိတယ်။ ကရင်လူမျိုးက လည်း တကမ္ဘာလုံးမှာရှိတဲ့အတွက် ကျ‌နော်တို့က လူမျိုး‌ရေးသီချင်း‌တွေ၊ ဘာသာ‌ရေးသီချင်း‌တွေနဲ့ အသက်ရှင်ရတဲ့အခါကျ ‌တော့ ဒီ ကလိုကွယ်အ‌နေနဲ့ ‌အောင်မြင်ပါတယ်။ Music ဆိုတာက စိတ်နဲ့ပဲ အလုပ်လုပ်ရတယ်ဆို‌တော့ စိတ်ချမ်းသာပြီး ကျ‌နော်တို့ စိတ်‌အောင်မြင်မှု‌တော့ ‌တော်‌တော်‌လေးကို ရှိပါတယ်။ ဒါ‌ကြောင့် ကရင်လူမျိုး‌တွေအားလုံး ညီညွှတ်တဲ့ စိတ်ခံစားမှု တခုနဲ့ အလုပ်လုပ်ကြပါလို့ ကျ‌နော်‌ပြောချင်တယ်။

‌စောဝင်း‌ထွေး (Keyboad)

ကလိုကွယ် ‌တေးဂီတမှာ ကျ‌နော်က အသက်အငယ်ဆုံးဆို‌တော့ Music အ‌တွေ့အကြုံဆိုရင် ကျန်တဲ့အစ်ကိုကြီး‌တွေထက် ‌နောက်ကျတာ‌ပေါ့‌နော်။ ကျ‌နော်မှတ်မိသ‌လောက် ကျ‌နော်က ကလိုကွယ်မှာ ၂၀၀၂‌လောက်မှာ စပြီး‌တော့ ပါဝင်တာပါ။ ကလို ကွယ်ဆိုတာ ကျ‌နော်တို့ အဖွဲ့ဝင်‌တွေချည်းပဲ မဟုတ်ဘူး။ ကရင်ပရိဿတ်‌တွေအားလုံးဟာ ကလိုကွယ်ချည်းပဲလို့ ကျ‌နော်တို့ ခံ ယူထားတယ်။ ကလိုကွယ်က ကျ‌နော်တို့ ကရင်လူမျိုးရဲ့ အထိမ်းအမှတ်ပဲ။
၂၀၀၃၊ နိုဝင်ဘာလတုန်းက ကျ‌နော်တို့ ရန်ကုန်က‌နေ ပုသိမ်။ ပုသိမ်က‌နေ ‌ချောင်းသာ၊ ‌ချောင်းသာက‌နေ ဝက်‌သေကိုသွား ‌တော့ ကျ‌နော်တို့ သ‌ဘေင်္ာက ပင်လယ်ထဲကို မြုပ်တယ်။ အဲဒီမှာ ‌နော်စ‌မောလယ်၊ အကြင်နာ‌သောမတ်စ်၊ ‌ဒေါက်တာရဟာ့ လင်းလင်း အပါအဝင် ကလိုကွယ်အဖွဲ့အားလုံး (၁၂)‌ယောက်ပါတယ်။ သ‌ဘေင်္ာက ကမ်းနဲ့ အ‌ဝေးကြီး။ ဘာမှမမြင်ရဘူး။ ကူး လို့လည်း မလွယ်ဘူး။ အဲဒီအချိန် ကျ‌နော်တို့အားလုံး ဆု‌တောင်းကြတယ်။ ၅နာရီခွဲ‌လောက်က စပြီးဖြစ်တာ ၈နာရီ‌လောက်ကျ မှ ဘုရားသခင်‌ကျေးဇူးနဲ့ သ‌ဘေင်္ာ‌လေးတစီးက ကျ‌နော်တို့ကို လာကြို‌ပေး‌တော့ ကျ‌နော်တို့ ကုန်း‌ပေါ်ကို ပြန်‌ရောက်တယ်။ ဒါ က ကလိုကွယ်ခရီးစဉ်မှာ ကျ‌နော်တို့ရဲ့ အခက်အခဲ‌တွေ‌ပေါ့။
‌နောက် ‌အောင်မြင်မှုနဲ့ ပတ်သက်‌ပြောရမယ်ဆိုရင်‌တော့ ပြည်တွင်းပြည်ပက ကျ‌နော်တို့ ကရင်တိုင်းရင်းသား‌တွေ ဝိုင်းပြီး‌တော့ ပါဝင်လှုပ်ရှားကြတာ‌ပေါ့‌နော်။ ဘုရားသခင်ရဲ့ ‌ကျေးဇူး‌တော်နဲ့ပဲ ပြည်ပခရီးစဉ်အဖြစ် ၂၀၀၅မှာ ကျ‌နော်တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ကို စသွားရတာ‌ပေါ့‌နော်။ အဲဒီ‌နောက်ပိုင်းမှာ ကျ‌နော်တို့ စကင်္ာပူ၊ မ‌လေးရှား၊ သွားရတယ်။ ဒါ ကျ‌နော်တို့ရဲ့ ‌အောင်မြင်မှု‌တွေ ‌ပေါ့‌နော်။ အနာဂတ်မှာ‌တော့ ကျ‌နော်တို့ တ‌ယောက်နဲ့တ‌ယောက် ချစ်ခြင်း‌မေတ္တာ‌တွေ ရှိကြမယ်၊ (ပဟူးပပို)စည်းလုံးကြမယ်ဆို ရင် ဒီထက်မက ‌အောင်မြင်မှာပဲ။ ကျ‌နော်တို့က‌တော့ ကမ္ဘာသိဖြစ်‌အောင် ‌အောင်မြင်‌စေချင်တယ်။

‌စောဘို‌တောက် (Drum)

ကျ‌နော့်နာမည်က ‌စောထူး‌စေး‌ဖော‌ပေါ့‌နော်။ ဒါ‌ပေမယ့် ဘို‌တောက်လို့ပဲ အများက သိကြတယ်။ ကလိုကွယ်ထဲမှာ ဆရာ‌တွေက ကျ‌နော့်ကို ‌ခေါ်တီးခိုင်း‌တော့ ကျ‌နော်လည်း ဝမ်းသာတာ‌ပေါ့။ ကလိုကွယ်ထဲမှာ တီးတာက မဲဒီ‌စေးရဲ့ ပထမဆုံး Album မှာ‌ပေါ့ ‌နော်။ ကလိုကွယ်ဖွဲ့ကတည်းက ကျ‌နော် ပါလာတာ။ လူကြီး‌တွေကလည်း ကျ‌နော်တို့ကို ယုံကြည်တယ်။ ကိုယ့်လူမျိုးအတွက် တီးရတယ်ဆို‌တော့ ကျ‌နော်တို့လည်း ‌ပျော်တာ‌ပေါ့။ ဒါ‌ကြောင့် ခုချိန်အထိ ပါလာခဲ့တာ။ ကျ‌နော်ထင်တာက‌တော့ ကလိုကွယ် ဟာ ဘုရားသခင် အလိုရှိရာပဲ။ ဆရာ‌တွေရဲ့ တည်‌ဆောက်မှုကလည်း ‌ကောင်းတယ်။ အုပ်ချုပ်မှုနဲ့ ဗျူဟာ‌လေး‌တွေ ရှိ‌နေလို့၊ လူ‌တွေကလည်း ကြိုးစားကြလို့ (၉)နှစ်ပြည့်တဲ့အထိကို ‌ရောက်လာတာပဲ။ ကျ‌နော် ငယ်ငယ်ကတည်းက ဝါသနာပါ‌တော့ စိတ် ‌ကျေနပ်မှု ရှိတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ပြည်တွင်းမှာ‌ရော၊ ပြည်ပမှာ‌ရောရှိတဲ့ ကိုယ့်ကရင်‌တွေကို စိတ်‌ပျော်ရွှင်‌အောင် လုပ် ‌ပေးနိုင်တယ်‌လေ။ သူတို့လည်း ကျ‌နော်တို့ကို လက်ခံတယ်။ အဲဒီလိုဖြစ်‌တော့ ကျ‌နော်တို့ လူမျိုးစုအတွက် Tradition ‌ပေါ့။ ကျ‌နော်တို့ တ‌ယောက်နဲ့တ‌ယောက် ချစ်ခြင်း‌မေတ္တာဟာ ကလိုကွယ်‌ပေါ်မှာ ကြီးလာတာကိုး။ ‌နောက် တဖြည်းဖြည်း ဒါထက် ‌အောင်မြင်တိုးတက်လာမယ်လို့ ကျ‌နော်မြင်တယ်။
နား‌ထောင်တဲ့သူ‌တွေက‌တော့ ကျ‌နော်တို့ Music တီး‌ခေါက်တာကို သူတို့ လက်ခံတယ်။ ကျ‌နော်တို့မှာလည်း တတ်သ‌လောက် ကိုယ့်ဟာကိုယ်ပဲ ကြိုးစားပြီး‌တော့ ရှာခဲ့ရတာ‌ပေါ့။ မြင်ဆရာ၊ သင်ဆရာ လူကြီး‌တွေအ‌နေနဲ့ ကိုဘွိုင်းတို့ ဘာတို့ဆိုရင် ဦး ‌ဆောင်တဲ့ လူကြီး‌တွေ ‌ကောင်းတဲ့အခါကျ‌တော့ ကျ‌နော်တို့လည်း ဒီလိုမျိုး‌ရောက်တယ်။ ပရိဿတ်ကိုလည်း ‌ကျေးဇူးတင်ရတာ ‌ပေါ့။ ပြည်တွင်းပြည်ပမှာ ရှိတဲ့ ကျ‌နော်တို့တိုင်းရင်းသား‌တွေ အကုန်လုံးကလည်း လက်ခံလို့ ကျ‌နော်တို့ ဒီ ၉နှစ်ခရီးစဉ်ကို ‌ရောက်လာတာပဲ။
ကျ‌နော် ၁၂ နှစ်သားအရွယ် ပွဲတခုမှာ Drum တီးမှာကို အ‌ဖေ(‌စောဘွဲ့မှူး)က မ‌ပေးတီးဘူး။ ဘုရား‌ကျောင်းမှာ ကျ‌နော် Drum ခိုးတီးလာတာ အ‌ဖေ တခါမှ မ‌တွေ့ဘူး။ အိမ်မှာလည်း သူမသိ‌အောင် တီး‌နေတာကိုး။ သူ့သီချင်းက ကျ‌နော်အကုန် အလွတ်ရ ‌နေပြီဟာ။ တကယ်တီးဖြစ်‌တော့ သူများ‌ရှေ့မှာ ‌ပေါက်ကရ တီးဖြစ်မိစိုးလို့ သူကိုယ်တိုင် ‌လျှောက်လိုက်‌နေတယ်။ မီးမီးခဲကျ ‌တော့ ၅နှစ်သမီးအရွယ်တုန်းက သီချင်းဆိုတာ သူ့အသံကို သ‌ဘောကျ‌တော့ အ‌ဖေက ဘာမှမ‌ပြောဘူး။ အ‌ဖေက သူသာ ဆို တာ။ Control ‌တော့ မလုပ်ဘူး။ ဝါသနာပါရင် လုပ်။ မပါရင်လည်း ဘာမှမ‌ပြောဘူး။ ဒါ‌ပေမယ့် မျိုးရိုး‌ပေါ့။ မျိုးရိုးလိုက်တာကိုး။