စောဒို့ထူး ၂၇နှစ်
ဝါသနာ စစ်ရေး၊ နိုင်ငံရေး
ပညာ ၁ဝတန်း
ကျနော်က နို့တကော(ကြာအင်း)မြို့နယ်၊ တအေးစေးကျေးရွာမှာ နေပါတယ်။ မိဘတွေက ရွာမှာ တောင်ယာလယ်ယာနဲ့ အသက်မွေးကြတယ်။ မောင်နှမ ၇ယောက်မှာ ကျနော်က အကြီးဆုံးဖြစ်ပြီး ညီငယ်၊ ညီမငယ်တွေက ကျောင်းနေကြတုန်းပါ။ ကျနော့် ဘဝမှာ မောင်နှမတွေများတော့ ပညာကို ခက်ခက်ခဲခဲ သင်ယူခဲ့ရတယ်။ အဖေအမေတွေက ကျနော့်ကို ကျောင်းမပို့နိုင်ဘူး။ ကျနော် ငယ်ငယ်ကတည်းက ပညာရေးကို စိတ်ဝင်စားတယ်။ ရွာမှာ ၄တန်းကျောင်းတက်တဲ့နှစ်မှာပဲ ဗမာစစ်တပ်တွေ တက်လာတော့ ကျနော် တို့ တောထဲတောင်ထဲမှာ လိုက်ပြေးပုန်းရတယ်။ ကျောင်းလည်း မတက်ရတော့ဘူး။ ပညာသင်ချင်တဲ့ဆန္ဒကြောင့် ကျနော်ကိုယ်တိုင် ကြိုး စားနည်းလမ်းရှာပြီး ကော့ကရိတ်က ဦးလေးတယောက်အိမ်မှာနေရင်း ကံကောင်းစွာနဲ့ (၇)တန်းအထိ ကျောင်းပြန်ဆက်တက် ခွင့်ရခဲ့တယ်။ ပြီးတော့ ကျနော် နို့ဖိုးဒုက္ခသည်စခန်းမှာ ဆယ်တန်းအောင်အထိ ပညာသင်ခဲ့တယ်။
ကျနော် ပညာဆက်မသင်တော့ဘဲ ၂၀၀၄ ခုနှစ်မှာ ကရင့်တော်လှန်ရေးထဲ ဝင်လိုက်တယ်။ ကျနော်တို့အပေါ်မှာ ဗမာစစ်တပ် ပြုမူတဲ့လုပ်ရပ်တွေကို ကိုယ်တိုင် ကြုံခဲ့၊ ခံစားခဲ့ရတော့ ကရင်အမျိုးသားတွေ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ တတ်နိုင်သလောက် ဝိုင်းကူမယ်လို့ ငယ်ငယ်ကတည်းက ဆုံးဖြတ်ထားတာ။ ကျနော်က စစ်ရေးကို ပိုစိတ်ဝင်စားတယ်။ အဖွဲ့အစည်းထဲ စဝင်တုန်းက စစ် ရေးဘက်မှာပဲ။ စစ်သားဖြစ်ရတာ ကျနော် ပျော်တယ်။ လုပ်ငန်းလိုအပ်ချက်အရ အခုဆို နို့တကောမြို့နယ်၊ သစ်တောဌာနမှာ ပါဝင် လုပ်ဆောင်ပေးခဲ့တယ်။ စစ်ရေးနဲ့ အုပ်ချုပ်ရေးနှစ်ခုစလုံးဟာ ကျနော်တို့ တော်လှန်ရေးအတွက် အရေးကြီးတယ်လို့ ကျနော် ခံယူ တယ်။ နိုင်ငံရေးအသိမရှိဘဲ စစ်ရေးအမြင်တခုတည်းနဲ့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ အောင်မြင်မှုကိုရ မှာ မဟုတ်ဘူး။
ကျနော် ရောက်ခဲ့တဲ့ဒေသက ကရင်လူထုတွေဟာ လူနေမှုအဆင့်အတန်း တအားနိမ့်ကျနေတယ်။ စီးပွားရေးမှာလည်း လွတ် လွတ်လပ်လပ် လုပ်ခွင့်မရ၊ ပညာရေးဆိုရင်လည်း တချို့ရွာတွေမှာ ကျောင်းမရှိတော့ ကလေးတွေ ကျောင်းမနေရဘူး။ တချို့ဆို တော ထဲမှာ ပုန်းအောင်းနေထိုင်ရတယ်။ အဲဒီအခါကျတော့ လူနေမှုက နိမ့်ကျကျန်ရစ်ခဲ့တယ်။ ကျနော်တို့ ကရင်အမျိုးသားတွေ လိုလား တောင့်တတဲ့အရာတွေ ပြည့်စုံအောင်မြင်ဖို့၊ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ ကျနော်တို့လူငယ်တွေရဲ့လက်ထဲမှာရှိတယ်။ လူငယ်တွေ ကိုယ့်တာဝန် ကိုယ်သိရမယ်။ တော်လှန်ရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေ ရှိပါတယ်။ အခုခေတ်မှာ ကျနော်တို့ ပညာတတ်ဖို့ လို တယ်။ ဒါကြောင့် လူငယ်တွေ ပညာဆည်းပူးကြပါ။ သမိုင်းကြောင်းကို လေ့လာပါ၊ ကျနော်တို့ တော်လှန်ရေးအထဲမှာ ပညာ၊ ဗဟုသုတ နည်းတာရယ်၊ နိုင်ငံရေး နားလည်မှု အားနည်းတာရယ်၊ ကရင့်သမိုင်းကြောင်း မသိတာတွေ ကြောင့် ကရင့်တော်လှန်ရေး ဒီနေ့အထိ ကြာရတာ ဖြစ်တယ်။
လက်ရှိအချိန်မှာ မြန်မာပြည်ကို အုပ်ချုပ်နေတဲ့ စစ်အုပ်စုက သူတို့ တရားဝင်အစိုးရဖြစ်ဖို့အတွက် ကြိုးစားနေတယ်။ စစ်အုပ်စု သာ တရားဝင်အစိုးရ ဖြစ်လာရင် ကျနော်တို့ တော်လှန်ရေးဟာ တရားမဝင်တဲ့ သောင်းကျန်သူအဖြစ် ရောက်သွားနိုင်တယ်။ အဲဒါ ကြောင့် စစ်အုပ်စုရဲ့လုပ်ရပ်တွေ ပျက်စီးအောင် တွန်းလှန်ရမယ်။ မိခင်အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး လူငယ်တွေအားလုံး ကိုယ်အသိစိတ်နဲ့ ကိုယ် ဝိုင်းဝန်းပါဝင်ဖို့ မျှော်လင့်ပါတယ်။