Home ထိပ်တန်းသတင်း ဒီ‌ကေဘီ‌အေနှင့် နအဖ တင်းမာမှုဖြစ်

ဒီ‌ကေဘီ‌အေနှင့် နအဖ တင်းမာမှုဖြစ်

1953
ဧပြီလ ၂၆ရက်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖလူး‌ကျေးရွာအနီးတွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ ‌တော်(ဒီ‌ကေဘီ‌အေ)နှင့် နအဖ တပ်ဖွဲ့ဝင်များ ယ‌နေ့မနက်ပိုင်းတွင် တင်းမာမှု အနည်းငယ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

နအဖ အမှတ်(၉) စစ်ကွပ်ကဲ‌ရေးဌာနချုပ် လက်‌အောက်ခံ ခလရ(၁၀၆)တပ်ဖွဲ့သည် အဆိုပါ‌ကျေးရွာသားများအား ‌သေနတ် ဖြင့် လာ‌ရောက်ခြိမ်း‌ခြောက်မှုများ ပြုလုပ်သည့်အ‌ပေါ် ဒီ‌ကေဘီ‌အေနှင့် နအဖတပ်များ ပစ်ခတ်မှုဖြစ်လုနီးပါး တင်းမာသွားခဲ့ သည်ဟု တပ်မဟာ(၅)မှူး ဗိုလ်မှူးကြီး‌စောလားပွယ်(နှုတ်ခမ်း‌မွှေး)က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“ဒီ‌နေ့မနက် ၈နာရီခွဲ‌လောက်မှာ နအဖတပ်‌တွေက ရွာထဲဝင်လာပြီး ရွာသား‌တွေကို ‌သေနတ်နဲ့လာပြီး ချိန်တာ‌တွေ ဘာ‌တွေ လုပ်တယ်။ ဒါမျိုးလုပ်တာ ကျ‌နော်တို့ မကြိုက်ဘူး။ ဖလူးကြီးနဲ့ ဖလူး‌လေးရွာကြားက ‌မေတ္တာလမ်းမတံတားနားမှာ ကျ‌နော်တို့ တပ်နဲ့ နအဖတပ်နဲ့ အ‌ခြေအ‌နေ တင်းမာမှုနည်းနည်းဖြစ်သွားတယ်”ဟု ဆိုသည်။

ယင်းဖြစ်ပွားမှုမှာ ပစ်ခတ်မှုအထိ မရှိခဲ့‌သော်လည်း နအဖ တပ်ဖက်မှ ဖုန်းဆက်‌တောင်းပန်ခဲ့‌ကြောင်းနှင့် လက်ရှိအချိန်တွင် တဖက်နှင့်တဖက် မကျူး‌ကျော်ကြရန် သတိ‌ပေး ‌ပြောဆိုထားခဲ့ကြသည်ဟု သိရသည်။

ထိုအ‌ခြေအ‌နေနှင့် ပတ်သက်၍ အမည်မ‌ဖော်လိုသူ ရွာသားတဦးက “ကျ‌နော် သိသ‌လောက် နအဖဟာ နယ်ခြား‌စောင့်တပ်အ တွက် ဒီ‌ကေဘီ‌အေကို ၂၄ရက်‌နေ့က လက်နက်အပ်ခိုင်းတာ မအပ်လို့ သိပ်မ‌ကျေနပ်ဘူး။ ခုအ‌ခြေအ‌နေက သူတို့‌တွေ တဖက် နဲ့တဖက် အလစ်မ‌ပေးဘဲ ‌စောင့်ကြည့်‌နေကြတဲ့ အ‌နေအထားမှာရှိတယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၄ရက်‌နေ့က ဒီ‌ကေဘီ‌အေတပ်များ နယ်ခြား‌စောင့်တပ်အဖြစ် နအဖတပ်ထံ လက်နက်အပ်နှံမည်ဟု ကြားသိရ ‌သော်လည်း တပ်မဟာ(၉၉၉)မှ တပ်ရင်းမှူးတဦးက ၎င်းတို့အ‌နေဖြင့် တပ်အင်အားစာရင်းကို ထို‌နေ့တွင်ပင် အထက်သို့ ပို့ ‌ဆောင်လိုက်ပြီဟု ‌ပြောဆိုခဲ့သည်။

ယခုလ ၂၂ရက်‌နေ့က ဒီ‌ကေဘီ‌အေ ဌာနချုပ်တည်ရှိရာ မြိုင်ကြီးငူရှိ ‌ရွှေဂွန်း‌ကျေးရွာအနီးတွင် နအဖတပ်များနှင့် ဒီ‌ကေဘီ‌အေ တပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နအဖဘက်မှ လူမှား၍ ပစ်ခတ်မိခြင်းဖြစ်‌ကြောင်း အ‌ကြောင်းပြ‌ပြောဆိုခဲ့သည်ဟု ကြားသိခဲ့ရ ‌သော်လည်း အတည်ပြုချက် မရရှိခဲ့‌ပေ။

ယင်းသို့ နအဖ တပ်များ၏ လူထုအ‌ပေါ် ပြုမူမှုများသည် နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်း‌ရေးနှင့် သက်ဆိုင်နိုင်သည်ဟု ခန့် မှန်းရပြီး အ‌ခြေအ‌နေကြည့်ကာ လှုပ်ရှားရပ်တည်သွားရမည်ဟု ဗိုလ်မှူးကြီး‌စောလားပွယ်က ယခုလို ‌ပြောဆိုသည်။

သူက “နအဖ‌တွေ လူထုကို ဒီလိုလုပ်တာဟာ နယ်ခြား‌စောင့်တပ်ကိစ္စနဲ့လည်း ဆိုင်နိုင်တယ်။ သူတို့ ‌အေး‌အေး‌ဆေး‌ဆေးလုပ် ရင် ကျ‌နော်တို့လည်း ‌အေး‌အေး‌ဆေး‌ဆေးပဲ။ ၂၈ရက်‌နေ့ကျရင်‌တော့ ‌စောင့်ကြည့်ရမှာ‌ပေါ့”ဟု ‌ပြောသည်။

နအဖ စစ်အစိုးရသည် လာမည့် ဧပြီ ၂၈ရက်‌နေ့တွင် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များအား နယ်ခြား‌စောင့်တပ်အဖြစ် အပြီး ‌ပြောင်းလဲရမည်ဟု သတ်မှတ်ညွှန်ကြားထားခဲ့သည်။