Home သတင်း တပ်မဟာ(၆) နယ်‌မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိ

တပ်မဟာ(၆) နယ်‌မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိ

1796
ဇူလိုင်လ ၂၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေတွင် တိုက်ပွဲ အကြီးအကျယ် ဖြစ်ပွားဖွယ်ရှိ‌ကြောင်း ဘုရားသုံးဆူမြို့မှ ‌ကေပီအက်ဖ် ထိပ် ပိုင်း‌ခေါင်း‌ဆောင်တဦးက ယ‌နေ့ ‌ပြောဆိုလိုက်သည်။

သူက “လက်ရှိ အ‌ခြေအ‌နေအရ ဆိုလို့ရှိရင် နအဖ‌ကော၊ ဒီ‌ကေဘီ‌အေဘက်‌ကော တပ်မဟာ (၆)နယ်‌မြေကို ထိုးစစ်ဆင်ဖို့ အတွက် စစ်ပြင်ဆင်‌နေပြီ။ လာမယ့် သုံး‌လေးငါးရက် အ‌တောအတွင်းမှာ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားနိုင်တယ်”ဟု ‌ကေအိုင် စီကို ‌ပြောသည်။

အလားတူပင် နအဖစစ်တပ်ဘက်က တပ်ရင်း (၃)ရင်းနှင့် တိုးတက်‌သော ဗုုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ ‌အေ)တပ်ဖွဲ့မှ တပ်ရင်း (၉၀၆)နှင့် (၉၀၁)တို့က တပ်မဟာ (၆)နယ်‌မြေကို ထိုးစစ်ဆင်ရန် အစီအစဉ်များရှိ‌ကြောင်းလည်း တပ်မ ဟာ (၆) တပ်ရင်း (၁၆)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်က ‌ပြောသည်။

၎င်းက “မကြာ‌သေးခင်က ကျ‌နော်တို့ကြားတာ ဒီလ (၂၅)ရက်‌နေ့မှာ နအဖဘက်က တပ်ရင်း (၃)ရင်းနဲ့ ဒီ‌ကေဘီ‌အေ တပ်ရင်း (၉၀၆)၊ (၉၀၁)တို့ ဒီတပ်မဟာ (၆)‌ဒေသကို တက်လာဖို့ရှိတယ်။ နအဖက‌တော့ ဘယ်တပ်ရင်းလဲဆိုတာကို‌တော့ ကျ‌နော်တို့ မသိရ‌သေးဘူး။ ‌သေချာတာက‌တော့ တက်လာဖို့ရှိတယ်။ ကြီးကြီးမားမားဖြစ်ဖွယ်မရှိဘူးလို့ ကျ‌နော် ထင်ပါတယ်။ ဘာဖြစ်လို့ လဲဆို‌တော့ ဒီ‌ကေဘီ‌အေက ကျ‌နော်တို့ရန်သူမှ မဟုတ်တာ။ ကျ‌နော်တို့ရဲ့ အဓိက ရန်သူက နအဖပဲ‌လေ”ဟု ‌ပြောသည်။

အကယ်၍ စစ်ဖြစ်ပွားလျှင် နအဖစစ်တပ်၏ လုပ်ထုံးလုပ်စဉ်အရ ကြွက်မနိုင် စပါးကျီကို မီးနှင့်ရှို့ဆိုသလိုလုပ်ပြီး ‌နောက်ဆုံး တွင် ပြည်သူများသာ အထိနာမည်ဖြစ်‌ကြောင်း ထို့အပြင် လက်ရှိအချိန်တွင် စစ်ဖြစ်ပွားနိုင်သည့် အ‌ခြေအ‌နေ‌ကြောင့် ရွာသား များ ‌ကြောက်လန့်‌နေကြသည်ဟု ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က ဆက်‌ပြောသည်။

ဒီ‌ကေဘီ‌အေ (၉၉၉) အရာရှိများနှင့် တပ်ဖွဲ့ဝင်များ (ပုံ-ဒီ‌ကေဘီ‌အေ ရုပ်သံမှတ်တမ်း)
ဒီ‌ကေဘီ‌အေ (၉၉၉) အရာရှိများနှင့် တပ်ဖွဲ့ဝင်များ (ပုံ-ဒီ‌ကေဘီ‌အေ ရုပ်သံမှတ်တမ်း)

‌ကေပီအက်ဖ်ထိပ်ပိုင်း‌ခေါင်း‌ဆောင်တဦး၏ ‌ပြောပြချက်အရ နအဖစစ်တပ်က တပ်မ(၂၂)နှင့် (၇၇)မှ တပ်အင်အား သုံး‌ထောင် နှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့မှ တပ်မဟာ(၉၉၉)နှင့် (၃၃၃)မှ အင်အား ခုနှစ်ရာသည် ‌ကေအဲန်ယူ တပ်မဟာ(၆)နယ်‌မြေကို ရှင်း လင်းရန်အတွက် အသင့်အ‌နေအထားတွင် ရှိ‌နေပြီဟု ဆိုသည်။

တပ်မဟာ(၆)နယ်‌မြေကို ထိုးစစ်ဆင်မည့် အစီအစဉ်အား လက်မခံကြ‌သော ဒီ‌ကေဘီ‌အေနှင့် ‌ကေပီအက်ဖ်တပ်ဖွဲ့ဝင်တချို့ သည် ယခုလဆန်းပိုင်းက တပ်မဟာ (၆)၏ လက်‌အောက်ခံတပ်ရင်း (၁၆)ထံသို့ လာ‌ရောက်ပူး‌ပေါင်းခဲ့ရာ စုစု‌ပေါင်း (၈၀)ဦး ‌ကျော်သည်ဟု သိရသည်။