Home သတင်း အီတူးထာ ‌ကျေးရွာမှ ရွာသား ၃,၀၀ဝ ထက်မနည်း ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်

အီတူးထာ ‌ကျေးရွာမှ ရွာသား ၃,၀၀ဝ ထက်မနည်း ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်

2183

မတ်လ ၂၈ရက်၊ ၂၀၂၁ခုနှစ် ။ ‌ကေအိုင်စီ

အာဏာသိမ်းစစ်‌ကောင်စီစစ်တပ်မှ စစ်‌လေယာဉ်ဖြင့် လာ‌ရောက်ပစ်ခတ်မည့် သတင်း‌ကြောင့် မူ‌တြော်ခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ အီတူးထာ‌ကျေးရွာမှ ‌ဒေသခံ ရွာသား ၃၀၀ဝ ထက်မနည်းသည် ယ‌နေ့ မွန်းလွဲပိုင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ကြရသည်ဟု သိရသည်။

၎င်းတို့ကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသူ တစ်ဦးက “မ‌နေ့က ‌ဒေပူနိုဖက်မှာ ‌လေယာဉ်နဲ့ လာပစ်သွားတယ်‌လေ။ အခု ဗမာစစ်တပ်က ဒီဖက် ‌လေယာဉ်နဲ့ လာပစ်မယ်လို့ သတင်းထွက်‌နေလို့ က‌လေး‌ကော၊ လူကြီး‌ကောအားလုံးက သံလွင်မြစ်တစ်ဖက်ကမ်း ထိုင်းဘက်ခြမ်းကို ကူးကြကုန်ပြီး။ ဒါက ‌နောက်ဆုံးအ‌ခြေအ‌နေပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။