Home သတင်း KNU မူ‌တြော်ခရိုင်ဌာနချုပ်ကို ‌လေယာဉ်ဖြင့် လာ‌ရောက်ပစ်ခတ်ခံရ၍ ထိခိုက်‌သေဆုံးမှုရှိ

KNU မူ‌တြော်ခရိုင်ဌာနချုပ်ကို ‌လေယာဉ်ဖြင့် လာ‌ရောက်ပစ်ခတ်ခံရ၍ ထိခိုက်‌သေဆုံးမှုရှိ

2032
Photo: KNU

မတ်လ ၂၈ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

မူ‌တြော်ခရိုင် တပ်မဟာ ၅ ၏ ဌာနချုပ်ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ယမန်‌နေ့ မတ်လ ၂၇ ရက်၊ ည ၇ နာရီ မှ နံနက် ၂ နာရီအထိ ‌လေယာဉ် ၂ စင်း ဖြင့် ဝင်‌ရောက်ပစ်ခတ်ခဲ့ရာတွင် ထိခိုက်‌သေဆုံးမှုများရှိသည်ဟု ‌ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ပစ်ခတ်ရာတွင် ‌နေအိမ်တစ်လုံးမီး‌လောင်ပျက်စီး၍ ထိုအိမ်အတွင်းတွင်‌နေထိုင်သူလည်း ထိခိုက်‌သေဆုံးပြီးမီး‌လောင်ကျွမ်းခဲ့သလို အခြား‌သော ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိမှု နှင့် ‌သေဆုံးမှုများလည်းရှိခဲ့သည်ဟု ‌ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

ယမန်‌နေ့( မတ် ၂၇ရက်)က အာဏာသိမ်းစစ်တပ်၏ သီးမူထာ အ‌ခြေစိုက်တပ်စခန်းကို KNU တပ်မဟာ ၅ တပ်ဖွဲ့မှ တက်‌ရောက်သိမ်းယူပြီး‌နောက် ယခုလို လာ‌ရောက်ပစ်ခတ်‌နေမှု ဖြစ်‌ပေါ်လာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်‌ကောင်စီတပ်မှ ‌လေယာဉ်ဖြင့်လာ‌ရောက်ပစ်ခတ်မှုပြုလုပ်‌သော‌ကြောင့် ‌ဒေသခံပြည်သူလူထုများသည် လွတ်‌မြောက်ရာသို့ ထွက်‌ပြေးတိမ်း ‌ရှောင်ခဲ့‌ကြောင်းလည်း သတင်းရရှိသည်