Home သတင်း မြန်မာစစ်တပ်အတွင်း အကျိုးစီးပွားပဋိပက္ခနှင့် အကျင့်ပျက်ခြစားမှုအ‌ပေါ် စုံစမ်းစစ်‌ဆေးရန် Justice For Myanmar ‌တောင်းဆို

မြန်မာစစ်တပ်အတွင်း အကျိုးစီးပွားပဋိပက္ခနှင့် အကျင့်ပျက်ခြစားမှုအ‌ပေါ် စုံစမ်းစစ်‌ဆေးရန် Justice For Myanmar ‌တောင်းဆို

4459

ဇွန် ၁၇ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

တပ်မ‌တော်ပိုင် စီးပွား‌ရေးလုပ်ငန်းများ၌ ဦး‌ဆောင်သည့်ပုဂ္ဂိုလ်များအ‌နေဖြင့် လက်ရှိ မြန်မာစစ်တပ်တွင် အဓိက ကျ‌သော ရာထူး‌နေရာများ ဆက်လက်ရယူထားခြင်းသည် ကြီးမားသည့် အကျင့်ပျက်ခြစားမှု အန္တရာယ်နှင့် ဆိုးရွားသည့် အကျိုး စီးပွားပဋိပက္ခများဖြစ်‌ပေါ်‌စေပြီး ၎င်းအ‌ပေါ်လွတ်လပ်‌သော စုံစမ်းစစ်‌ဆေးမှုများပြုလုပ်ရန် ယ‌နေ့ (ဇွန်လ ၁၇ရက်)တွင် Justice for Myanmar အဖွဲ့က ‌တောင်းဆိုလိုက်သည်။

တပ်မ‌တော်သား အစုရှယ်ယာများဖြင့် ဖွဲ့စည်းတည်‌ထောင်ထားသည့် မြန်မာ့စီးပွား‌ရေး ဦးပိုင်လို ကုမ္ပဏီများ၏ ဦး‌ဆောင်မှု အခန်းကဏ္ဍများ၌ လက်ရှိ မြန်မာစစ်တပ်တွင် အုပ်ချုပ်‌ရေး၊ ပစ္စည်းဝယ်ယူ‌ရေး၊ ‌ထောက်ပံ့‌ရေးနှင့် တရား‌ရေးဆိုင်ရာ ကဏ္ဍ များတွင် တာဝန်ရှိသည့် ထိပ်တန်းအကြီးအကဲ အရာရှိများက လွှမ်းမိုးထား‌ကြောင်း Justice for Myanmar ဖွဲ့က ဆိုသည်။

ထိုသို့ တပ်ပိုင်ကုမ္ပဏီများ၏ ဦး‌ဆောင်မှုတွင်ပါဝင်‌နေသည့် အဆိုပါ ပုဂ္ဂိုလ်များသည် အရပ်ဖက်ဆိုင်ရာ ကြီးကြပ်မှုမရှိဘဲ ပြည်သူ့ဘဏ္ဍာသုံးစွဲမှုတွင်ပါဝင်ရသည့် စစ်တပ်အတွင်း အဆင့်မြင့် ရာထူးတာဝန်များ ရယူထားခြင်း‌ကြောင့် ၎င်းတို့၏ စီးပွား‌ရေး ဆက်စပ်မှုများမှတဆင့် ပုဂ္ဂိုလ်‌ရေးဆိုင်ရာ အကျိုးအမြတ်များရ‌နေကြ‌ကြောင်း Justice for Myanmar ၏ ‌ပြော ခွင့်ရ မရတနာ‌မောင်က ယခုလို‌ပြောသည်။

“ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်၊ ဗိုလ်ချုပ် ခင်‌မောင်သန်းနဲ့ အခြားစစ်ဗိုလ်ချုပ်‌တွေဟာ ပြည်သူ့ ဝန်ထမ်း‌တွေ ဖြစ်ရ မှာဖြစ်ပြီး အရပ်ဘက် ထိန်းချုပ်မှု‌အောက်မှာ ရိုးသား‌ဖြောင့်မတ်စွာ တာဝန်ထမ်း‌ဆောင်ရမှာဖြစ်ပါတယ်။ အခု‌တော့ ဒီမိုက ‌ရေစီ နည်းကျ ကြီးကြပ်မှု‌တွေမရှိဘဲနဲ့ သူတို့ရဲ့ ပြည်သူ့ဝန်ထမ်းရာထူး‌တွေကတဆင့် ပုဂ္ဂိုလ်‌ရေး အကျိုးအမြတ်‌တွေ ရရှိခံ စား‌နေကြတယ်” ဟု ၎င်းက ယ‌နေ့ ထုတ်ပြန်ချက်၌ ‌ပြောဆိုထားသည်။

ထို့အပြင် စစ်တပ်လက်ဝါးကြီးအုပ် ‌ခေါင်း‌ဆောင်များ၏ အကျိုးအမြတ်အတွက် စစ်တပ်၏ဘဏ္ဍာ‌ရေးကို စီးပွား ‌ရေး လုပ်ငန်းသဖွယ် စီမံခန့်ခွဲ‌နေသည့်အ‌ပေါ် အစိုးရအ‌နေဖြင့် မည်သည့်အတွက် ဆက်လက်ခွင့်ပြု‌နေသနည်းဆိုသည့်အ‌ပေါ် ပြည်သူများအ‌နေဖြင့် ‌မေးခွန်းထုတ်ရမည့်အချိန်ဖြစ်သလို စစ်တပ်အကျိုးစီးပွားဖြစ်ထွန်းမှုသည် စနစ်တကျဖြစ်‌နေပြီး ၎င်း အ‌ပေါ်လျင်မြန်စွာ စုံစမ်းစစ်‌ဆေးကာ ဒီမိုက‌ရေစီ နည်းကျလုပ်ဟန်‌ပြောင်းလဲရန် လိုအပ်‌ကြောင်းလည်း မရတနာ‌မောင်က ဆက်လက် ‌ပြောဆိုထားသည်။

လက်ရှိ မြန်မာ့စီးပွား‌ရေး ဦးပိုင်၏ စီမံခန့်ခွဲမှု ဒါရိုက်တာသည် ဗိုလ်ချုပ် ခင်‌မောင်သန်းဖြစ်ပြီး ၎င်းသည် တပ်မ‌တော်၏ စစ်လက်နက်များအပါအဝင် ပစ္စည်းများဝယ်ယူ‌ရေးတွင် တာဝန်ယူရသည့် တပ်မ‌တော် ပစ္စည်းဝယ်ယူ‌ရေးဌာန ညွှန်ကြား ‌ရေးမှူးတစ်ဦးလည်း ဖြစ်သည်။

၎င်းအပြင် Myanmar Five Star Line Co. Ltd. ၊ Kayah State Mineral Production Co. Ltd. ၊ Myanmar Land and Development Ltd.၊ Myanmar Imperial Jade (Gems & Jewellery)၊ Myanmar Ruby Enterprise (Gems & Jewelry) Co. Ltd.၊ Myawaddy Trading Ltd. ၊ Adipati Agricultural Produce Trading Ltd. နှင့် Gandamar International Trading Ltd. အပါအဝင် ပုဂ္ဂလိကပိုင်နှင့် အများပိုင်ကုမ္ပဏီ ၁၉ ခုတွင် ညွှန်ကြား‌ရေးမှူး တာဝန်ယူထားသူဖြစ်‌ကြောင်း ယ‌နေ့ ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

အလားတူ လက်ရှိ မြန်မာ့တပ်မ‌တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်သည် မြန်မာ့စီးပွား‌ရေး ဦးပိုင်၏ ဦး‌ဆောင် နာယကဖြစ်ပြီး ၎င်းအပြင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ပြည်ထဲ‌ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် အပါအဝင် စစ်တပ်ထိပ်ပိုင်း‌ခေါင်း‌ဆောင်များသည် မြန်မာ့စီးပွား‌ရေး ဦးပိုင်၏ အစုရှယ်ယာရှင်များအဖြစ် အကျိုးအမြတ်ရရှိ‌နေကြကာ စစ်တပ်၏ ‌အောက်‌ခြေနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်များမှာ ဆိုးရွား‌သော အ‌ခြေအ‌နေတွင် အနည်းဆုံးလစာဖြင့် တာဝန် ထမ်း‌ဆောင်‌နေကြရသည်ဟု Justice for Myanmar က ဆိုသည်။

အဆိုပါ မြန်မာ့စီးပွား‌ရေး ဦးပိုင်သည် စစ်တပ်၏ လုပ်ငန်းစုကြီးဖြစ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များ၊ စစ်မှုထမ်း‌ဟောင်း အဖွဲ့အစည်းများ လက်ရှိ တာဝန်ထမ်း‌ဆောင်ဆဲနှင့် စစ်မှုထမ်း‌ဟောင်းများသာလျှင် အစုရှယ်ယာ ပိုင်ဆိုင်နိုင်ပြီး မြန်မာ စစ်တပ်အ‌နေဖြင့်လည်း မြန်မာ့စီးပွား‌ရေးဦးပိုင်စီးပွား‌ရေး လုပ်ငန်းများထံမှ ‌ထောက်ပံ့‌ရေး ပစ္စည်းများနှင့် ဝန်‌ဆောင်မှုများကို ဝယ်ယူ‌နေသည်ဟု ဆိုသည်။

“အာဏာကို ထိန်းချုပ်ထားဖို့နဲ့ ဒီမိုက‌ရေစီ ပြုပြင်‌ပြောင်းလဲမှု‌တွေကို ပိတ်ဆို့ဖို့ ‌ကြောင်းကျိုးပြချက်‌ပေး‌နေတဲ့ ပြည် တွင်းစစ်မီး ဆက်လက် ‌တောက်‌လောင်‌နေဖို့ မြန်မာစစ်တပ်‌ခေါင်း‌ဆောင်‌တွေမှာ ဘဏ္ဍာ‌ရေးဆိုင်ရာ မက်လုံးတစ်ခုလည်း ရှိ‌နေတယ်။ အဲ့ဒီလိုမှ သူတို့ အကျိုးအမြတ်ဆက်လက်ရရှိမယ်။ ဒီလိုလုပ်ရင်းနဲ့ တိုင်းရင်းသား‌ဒေသ‌တွေမှာ စစ်ရာဇဝတ် မှု‌တွေနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှု‌တွေကို ဆက်လက်ကျူးလွန်‌နေကြတယ်။ ဒီအကျင့်ပျက်ခြစားမှု‌တွေက ရာဇဝတ်မှုဘဲ၊ ဒါမျိုးကို အ‌ရေးယူရမည်” ဟု မရတနာ‌မောင် က ဆက်လက်‌ပြောဆိုထားသည်။

ထို့အပြင် စစ်တပ်၏ ဥပ‌ဒေပိုင်းဆိုင်ရာ အဓိကအရာရှိကြီးနှစ်ဦးဖြစ်သည့် တပ်မ‌တော် စုံစမ်းစစ်‌ဆေး‌ရေး အရာရှိချုပ် ဒုဗိုလ် ချုပ်ကြီး ‌အေးဝင်း နှင့် စစ်ဥပ‌ဒေချုပ် ဒုဗိုလ်ချုပ်ကြီး ‌အောင်လင်း‌ဒွေးတို့သည် မြန်မာ့ စီးပွား‌ရေး ဦးပိုင်၏ ဘုတ်အဖွဲ့ဝင် များဖြစ်ကြသည်။ ၎င်းစုံစမ်းစစ်‌ဆေး‌ရေး အရာရှိချုပ်သည် ဌာနတွင်း စာရင်းစစ် ‌ဆေးမှုများနှင့် စုံစမ်းစစ်‌ဆေးမှုများအတွက် အဓိက တာဝန်ရှိသလို စစ်ဥပ‌ဒေချုပ်အ‌နေဖြင့်လည်း စစ်ဘက်ဆိုင်ရာ ဥပ‌ဒေများနှင့်ပတ်သက်၍ ဆုံးဖြတ်‌ဆောင်ရွက် ‌ပေးရသူ ဥပ‌ဒေအရာရှိ အကြီးအကဲဖြစ်ခြင်း‌ကြောင့် မြန်မာ့စီးပွား‌ရေး ဦးပိုင်၏ လုပ်ပိုင်ခွင့်အာဏာမှာ စစ်‌ဆေးခံရခြင်း မရှိဘဲ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှုမရှိ လည်ပတ်‌နေ‌ကြောင်းလည်း Justice for Myanmar ၏ ထုတ်ပြန်ချက်၌ ‌ထောက်ပြထားသည်။

အလားတူ အခြားစစ်တပ်ထိပ်ပိုင်း‌ခေါင်း‌ဆောင်များဖြစ်သည့် ဗိုလ်ချုပ်ထွန်း‌အောင်( စစ်ဦးစီးအရာရှိချုပ်-‌လေ)၊ ဗိုလ်ချုပ် မိုး‌အောင် ( စစ်ဦးစီးအရာရှိချုပ်-‌ရေ) နှင့် ဗိုလ်ချုပ် မိုးမြင့်ထွန်း (‌နေပြည်‌တော် အ‌ခြေစိုက် ကာကွယ်‌ရေးဌာန စစ်ဆင်‌ရေး အထူးအဖွဲ့ အမှတ်(၆) အကြီးအကဲ) စသည်တို့လည်း မြန်မာ့စီးပွား‌ရေး ဦးပိုင်၏ ဒါရိုက်တာများ ဖြစ်ကြ‌ကြောင်း Justice for Myanmar က ဆိုထားသလို ကုလသမဂ္ဂ အချက်အလက် ရှာ‌ဖွေ‌ရေးမစ်ရှင်၏ အစီရင်ခံစာ၌လည်း ‌ဖော်ပြထားသည်။

Justice for Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိ‌စေ‌ရေးအတွက် စည်းရုံးလှုံ့ ‌ဆော်‌နေသည့် အမည်မ‌ဖော်လို‌သော တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားပြီး ဖက်ဒရယ် ဒီမိုက‌ရေစီနှင့် ‌ရေရှည်တည် တံ့ခိုင်မြဲ‌သော ငြိမ်းချမ်း‌ရေးကို ‌ရှေးရှု၍ စစ်တပ်စီးပွား‌ရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် ‌တောင်းဆို‌နေသည့် အဖွဲ့ဖြစ် သည်ဟု သိရသည်။