Home သတင်း ‌ကျေးလက်‌ဒေသအကျိုးပြုနိုင်‌ရေးအတွက် အရန်သားဖွားသင်တန်း အမှတ်စဉ်(၆) ဖွင့်လှစ်

‌ကျေးလက်‌ဒေသအကျိုးပြုနိုင်‌ရေးအတွက် အရန်သားဖွားသင်တန်း အမှတ်စဉ်(၆) ဖွင့်လှစ်

1545
‌အောက်တိုဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ (BPHWT)၊ ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီးဋ္ဌာနနှင့် ဖလုံပညာဖွံ့ဖြိုးတိုး တက်‌ရေးအဖွဲ့(PEDU)တို့ ပူး‌ပေါင်းပြီး ‌ကျေးလက်‌ဒေသအကျိုးပြု အရန်သားဖွားသင်တန်း အမှတ်စဉ်(၆)ကို ဖားအံမြို့နယ်၊ ‌တောင်က‌လေး‌ကျေးရွာ၌ ‌အောက်တိုဘာလ ၂၅ရက်‌နေ့က ဖွင့်လှစ်လိုက်သည်။

မြို့ပြနှင့်အလှမ်း‌ဝေးသည့် ‌ကျေးလက်‌ဒေသများတွင် ‌နေထိုင်ကြသည့် အမျိုးသမီးများအတွက် သားဖွားရာ၌ အကျိုးပြုပြီး အ‌ထောက်ကူပြုနိုင်ရန်၊ ကျန်းမာ‌ရေးပြဿနာရပ်များကို တစုံတရာ ‌ဖြေရှင်းနိုင်ရန်နှင့် ကျန်းမာ‌ရေးအဖွဲ့အစည်းများ အချင်း ချင်းကြား ကျန်းမာ‌ရေးကဏ္ဍ၌ ပူး‌ပေါင်းလုပ်‌ဆောင်လာမှု အား‌ကောင်းလာ‌စေရန် ရည်ရွယ်ပြီး ၎င်းသင်တန်းကို ဖွင့်လှစ်‌ပေး ခြင်းဖြစ်သည်ဟု BPHWT အဖွဲ့မှ သင်တန်းစီမံခန့်ခွဲသူ ‌နော်ဆာမူလာထူးက ‌ပြောသည်။

၎င်းက “မြို့နဲ့အလှမ်း‌ဝေးကြတဲ့ ‌ဒေသ‌တွေမှာ ‌ဒေသခံကျန်းမာ‌ရေးဝန်ထမ်း‌တွေကို ယခုလို ‌မွေးထုတ်လိုက်ခြင်းအားဖြင့် ကျန်းမာ‌ရေးပြဿနာ တစုံတရာ‌ဖြေရှင်းနိုင်မယ်လို့ထင်တယ်။ ‌နောက် ကျန်းမာ‌ရေးအဖွဲ့များအချင်းချင်း ပူး‌ပေါင်းလုပ်‌ဆောင် နိုင်ရင် ကျမတို့ပတ်ဝန်းကျင်‌တွေလည်း ဖွံ့ဖြိုးတိုးတက်လာမယ် ယုံကြည်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသင်တန်းပြီးဆုံးသွားသည့် သင်တန်းသူများအ‌နေဖြင့် မိမိတို့‌ဒေသတွင် ကျန်းမာ‌ရေးဝန်‌ဆောင်မှုကို ဆက်လက် လုပ် ‌ဆောင်နိုင်‌ရေးအတွက် ထပ်မံ လိုအပ်ချက်များကို မိမိတို့ဘက်မှ ဆက်လက် ကူညီလုပ်‌ဆောင်‌ပေးသွားမည်ဟုလည်း ‌နော်ဆာမူ လာထူးက ဖြည့်စွက်‌ပြောဆိုသည်။

PEDU အဖွဲ့မှ နန်းခင်သက်ကလည်း “မြို့နဲ့‌ဝေးတဲ့ ‌ဒေသ‌တွေမှာ က‌လေး‌မွေးမယ့် အခက်အခဲရှိတဲ့သူ‌တွေအတွက် အ‌ရေး‌ပေါ် မြို့‌တွေမှာ သွားစရာမလို‌တော့ဘူး‌ပေါ့‌လေ။ မိမိတို့‌ဒေသမှာပဲ ‌မွေးလို့ရမယ်။ ဒါမှမဟုတ် အ‌ထောက်အကူတစ်ခုခု‌တော့ ဖြစ်‌စေ မယ်လို့ ‌မျှော်လင့်တယ်”ဟု ‌ပြောသည်။

အဆိုပါ အရန်သားဖွားသင်တန်းတွင် ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ‌ကော့ကရိတ်နှင့် ဖားအံ စသည့်မြို့နယ်များမှ သင်တန်းသူ ၂၁ ဦး တက်‌ရောက်ကြပြီး သင်တန်းမှာ သားဖွားအတတ်ပညာများကို စာ‌တွေ့ ၃လနှင့် လက်‌တွေ့ ၃လ သင်ကြားပို့ချ‌ပေးမည်ဖြစ် သည်။

နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ (BPHWT)၊ ဖလုံပညာဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(PEDU)နှင့် ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီးဋ္ဌာနတို့ ပူး‌ပေါင်းပြီး ၂၀၁၂ခုနှစ်မှစတင်ကာ ၎င်းအရန်သားဖွားသင်တန်းကို ဖွင့်လှစ်ခဲ့ရာ ယခု အမှတ်စဉ်(၆)အ ထိ ရှိပြီဖြစ်သည်။