Home သတင်း ကို‌မောင်‌ကျေးလက်ကျန်းမာ‌ရေးဌာန တည်‌ဆောက်မှု အ‌ကောင်အထည်‌ဖော်‌ပေးရန် ပြည်နယ်အစိုးရထံ ထပ်မံစာတင်

ကို‌မောင်‌ကျေးလက်ကျန်းမာ‌ရေးဌာန တည်‌ဆောက်မှု အ‌ကောင်အထည်‌ဖော်‌ပေးရန် ပြည်နယ်အစိုးရထံ ထပ်မံစာတင်

1570
‌အောက်တိုဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

လှိုင်းဘွဲမြို့နယ် ‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်ကျန်းမာ‌ရေးဌာန အ‌ဆောက်အဦး ဆက်လက် တည်‌ဆောက်သွား‌ရေးအတွက် ညှိနှိုင်း အ‌ကောင်အထည်‌ဖော်‌ပေးရန် ‌ကျေးရွာ‌ပေါင်း ၂၀‌ကျော်က စု‌ပေါင်းလက်မှတ်‌ရေးထိုးကာ ပြည်နယ်အစိုးရအဖွဲ့ထံသို့ ‌အောက်တိုဘာလ ၂၄ရက် ‌နေ့စွဲဖြင့် စာတင်လိုက်ပြီဖြစ်သည်။

အဆိုပါစာထဲတွင် ကျန်းမာ‌ရေးဌာနတည်‌ဆောက်‌ရေးနှင့်ပတ်သက်၍ အ‌ဆောက်အဦးအချို့ ‌ဆောက်လုပ်ပြီးစီးထားသည့် ငှက်‌ပျော‌တော‌ကျေးရွာ၌သာ ဆက်လက်‌ဆောက်လုပ်သွားရန် ‌ဒေသခံအများစုက ဆန္ဒရှိကြ‌သော်လည်း ယခုအချိန်အထိ အ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်ခြင်း မရှိသည့်အတွက် လိုအပ်သလို ညှိနှိုင်းလုပ်‌ဆောင်သွား‌ပေးရန် တင်ပြ‌ကြောင်း ‌ဖော်ပြထားသည်။

ပြည်နယ်အစိုးရထံ စာတင်ရာတွင် ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ‌စောသန်းဦးက “ဒီကျန်းမာ‌ရေးအ‌ဆောက်အဦး ဆက်လက် တည်‌ဆောက်ဖို့ကိစ္စက အချိန်ကြာ‌နေပြီဖြစ်‌ပေမယ့် အခုထိ အ‌ကောင်အထည်မ‌ဖော်နိုင်‌သေးတာ ‌တွေ့ရလို့ ဒါကို ‌ဖြေရှင်း‌ပေးဖို့ ကျ‌နော်တို့‌ဒေသခံ‌တွေ စု‌ပေါင်းလက်မှတ်ထိုးပြီး အခုလို စာတင်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်‌ကျေးရွာအုပ်စု ငှက်‌ပျော‌တော‌ကျေးရွာ၌ တည်‌ဆောက်ရန် မူလက သ‌ဘောတူထားသည့် ‌ကျေးလက်ကျန်းမာ‌ရေးဌာန အ‌ဆောက်အဦး‌မြေ‌နေရာကို ကို‌မောင်ရှမ်းစု(တပ်စခန်း)သို့ ပြန်လည်တည်‌ဆောက်သင့်‌ကြောင်း ပြည် နယ်လွှတ်‌တော် ဥက္ကဌ ‌စောချစ်ခင်က ‌ပြောဆိုခဲ့သဖြင့် ထိုကဲ့သို့ မလုပ်ရန် ‌ဒေသခံများ စု‌ပေါင်း၍ ယခုနှစ် ‌မေလ ၃ဝရက်‌နေ့က ပြည်နယ်အစိုးရထံ စာတစ်‌စောင် ‌ပေးပို့တင်ပြခဲ့ဖူးသည်။

သို့‌သော် အချိန်တစ်နှစ်‌ကျော် ကြာမြင့်လာ‌သော်လည်း ‌မြေ‌နေရာအတည်တကျ မသတ်မှတ်နိုင်‌သေးသည့် ကို‌မောင်‌ကျေးလက် ကျန်းမာ‌ရေးဌာန ‌မြေ‌နေရာအတွက် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ အမြန်ဆုံး အ‌ကောင်အထည်‌ဖော်‌ဖြေရှင်း‌ပေး‌ရေးကို ‌ဒေသခံအများစုက လိုလား‌နေကြပြီး ၎င်းကျန်းမာ‌ရေးဌာန တည်‌ဆောက်ပြီးစီးပါက ‌ကော့လုံကျွန်းဧရိယာရှိ ကို‌မောင်၊ မြ‌လေး၊ တခွက်ဖိုး၊ အင်းနို့သိပ္ပံနှင့် ‌နော‌ကော့ စသည့်‌ကျေးရွာအုပ်စုအတွင်း ရွာ‌ပေါင်း ၂၄ရွာကို အ‌ထောက်အကူပြုနိုင်မည်ဖြစ်‌ကြောင်း ‌ဒေသခံပြည်သူများက ‌ပြောဆို‌နေကြသည်။