Home သတင်း မြန်မာဒုက္ခသည် ၆၅ဦး မြဝတီရှိ ပြန်လည်ကြိုဆို‌ရေးစခန်းသို့ ပြန်လည်‌ရောက်ရှိ

မြန်မာဒုက္ခသည် ၆၅ဦး မြဝတီရှိ ပြန်လည်ကြိုဆို‌ရေးစခန်းသို့ ပြန်လည်‌ရောက်ရှိ

1458
‌အောက်တိုဘာ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည်ဦး‌ရေ ၆၅ဦးပါ မိသားစု‌ပေါင်း ၁၉စုသည် မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက် ‌ကျောက်လုံးကြီးဘုရားလမ်းရှိ ပြန်လည်ကြိုဆို‌ရေးစခန်းသို့ မြန်မာစံ‌တော်ချိန် မွန်းလွဲ ၂နာရီခွဲ (ထိုင်းစံ‌တော်ချိန် မွန်းလွဲ ၃နာရီ)တွင် ပြန်လည်‌ရောက်ရှိလာ‌ကြောင်း ကိုယ်တိုင် သတင်းသွားယူ‌နေသည့် ‌ကေအိုင်စီ သတင်း‌ထောက်က ‌ပြောသည်။

၎င်းဒုက္ခသည်များကို လာ‌ရောက်ပို့‌ဆောင်‌ပေးသည့် နို့ဖိုးဒုက္ခသည်စခန်း ဥက္ကဋ္ဌ ‌စော‌ဝေါ်က “ဒီလူ‌တွေက‌တော့ သူတို့ သ‌ဘောဆန္ဒအ‌လျောက် ပြန်လာတဲ့သူ‌တွေဖြစ်တယ်။ ကျ‌နော်တို့က‌တော့ စခန်းတာဝန်ရှိသူ‌တွေအ‌နေနဲ့ ပါဝင်ကူညီ ‌ဆောင်ရွက်‌ပေးတာပဲဖြစ်တယ်”ဟု ‌ကေအိုင်စီသတင်း‌ထောက်၏ ‌မေးမြန်းချက်ကို တုန့်ပြန်‌ပြောဆိုသည်။

ယခုကဲ့သို့ ဒုက္ခသည်များ ‌နေရပ်ပြန်‌ရေးကို အဓိက စီစဉ် ကူညီ‌ဆောင်ရွက်‌နေသူများမှာ နှစ်ဖက်နိုင်ငံအစိုးရများနှင့် ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR, IOM မှ တာဝန်ရှိသူများဖြစ်ကြပြီး ကရင်ပြည်နယ်ဘက် က နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင် ကိုယ်တိုင် ပါဝင်‌ဆောင်ရွက်လျှက်ရှိသည်။

အဆိုပါဒုက္ခသည်များကို ၎င်းပြန်လည်ကြိုဆို‌ရေးစခန်းတွင် သုံးရက်တာ တည်းခို‌စေပြီး‌နောက်ပိုင်း၌ ၎င်းတို့ကိုယ်တိုင် ပြန်လိုသည့်‌နေရာသို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ‌လေး‌ကေ‌ကော်မြို့သစ်နှင့် ရန်ကုန်၊ ပဲခူးတိုင်း‌ဒေသများ သို့ ပို့‌ဆောင်‌ပေးသွားမည်ဖြစ်‌ကြောင်း တာဝန်ရှိသူများက ‌ပြောဆိုသည်။

ယမန်‌နေ့၊ ‌အောက်တိုဘာ ၂၅ရက်‌နေ့ကလည်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ရှိ ရတ်ချ်ဘူရီ‌ဒေသ၊ ထမ်းဟင်စခန်းမှ လူဦး‌ရေ ၆ဦးပါ ဒုက္ခသည်မိသားစုတစ်စုလည်း တနသင်္ာရီတိုင်းအတွင်းသို့ ပြန်လည်ဝင်‌ရောက်သွားခဲ့‌ကြောင်းနှင့် ယင်း သို့ ‌နေရပ်ပြန်သွားကြသည့် ဒုက္ခသည်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က သုံးလစာ စားစရိတ်ကို ပံ့ပိုး‌ပေး လိုက်‌ကြောင်းလည်း UNHCR ၏ အင်တာနက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်း ၉ခုတွင် ကရင်၊ ကရင်နီ၊ မွန်နှင့် ဗမာတိုင်းရင်းသားလူမျိုး စုစု‌ပေါင်း ဒုက္ခသည်ဦး‌ရေ ၁၀၃,၃၀ဝရှိသည်ဟုလည်း UNHCR အစီရင်ခံချက်တွင် ‌ဖော်ပြပါရှိသည်။