Home သတင်း မြန်မာပြည်‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် ဖားအံတွင် အ‌ခြေခံသတင်းသင်တန်း ပြုလုပ်မည်

မြန်မာပြည်‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက် ဖားအံတွင် အ‌ခြေခံသတင်းသင်တန်း ပြုလုပ်မည်

1822

‌မေလ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

မြန်မာပြည်‌တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်(Southern Myanmar Journalist Network-SMJN)မှ ဦးစီး၍ အ‌ခြေခံသင်တန်း တစ်ခုကို ယခုလ ‌မေ ၂၇ရက်မှ ၃ဝရက်‌နေ့အထိ ကရင်ပြည်နယ် ဖားအံမြို့တွင် ပြုလုပ်ကျင်းပသွားမည်ဟု ယင်းကွန်ရက် တာဝန်ရှိသူများက ‌ပြောသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသများရှိ မီဒီယာသမားများကို ‌မွေးထုတ်ရန်နှင့် အရည်အ‌သွေးမြှင့်တင်ရန် သင်တန်းကို ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး တက်‌ရောက်လိုသူ မည်သူမဆို ‌မေလ ၂၅ရက်‌နေ့ ‌နောက်ဆုံးထားကာ smjn.training@gmail.com အီး‌မေးလ်လိပ်စာဖြင့် ‌ပေးပို့‌လျှောက်ထားနိုင်‌ကြောင်း SMJN ၏ အ‌ခြေခံသတင်း‌ရေးသားနည်း သင်တန်း‌လျှောက်လွှာ‌ခေါ်ယူခြင်းစာတွင် ‌ဖော်ပြထားသည်။

SMJN ၏ ညှိနှိုင်း‌ရေးအဖွဲ့ဝင်ဖြစ်သူ သင်တန်းပိုင်း တာဝန်ခံ မိယဉ်စနိုင်းက “ကျမတို့ ကရင်ပြည်နယ် ဖားအံမှာ ဒါကို ပထမဆုံး အကြိမ်နဲ့ လုပ်သွားမှာ ဖြစ်ပါတယ်။ ‌လျှောက်မည့်သူကို စိစစ်သွားမယ်။ ၁၅ ဦးကို ကျမတို့ ‌ရွေးမှာပါ။ အခုလို သတင်းသင်တန်း မျိုးကို မွန်ပြည်နယ်၊ တနသင်္ာရီတိုင်းတို့ဘက်မှာလည်း အလှည့်ကျပုံစံနဲ့ လုပ်သွားဖို့ ရှိတယ်။ သုံး‌နေရာစလုံး လုပ်သွားမယ်‌ပေါ့ ‌နော်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

SMJN သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း‌ဒေသကြီးရှိ မီဒီယာသမားများအတွက် စွမ်းရည်မြှင့်သင်တန်းများ အရည်အ‌သွေး ပိုမြင့်မားလာ‌အောင် ရည်ရွယ်၍ SMJN ကို ၂၀၁၃ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့သည့် ကွန်ရက်တစ်ခု ဖြစ်သည်။ ၎င်းကွန်ရက်အ‌နေဖြင့် မွန်ပြည်နယ် ‌မော်လမြိုင်မြို့တွင် သတင်း‌ရေးသားနည်းနှင့် ပတ်သက်၍ သင်တန်းသုံးကြိမ် ပြုလုပ် ပြီးစီးခဲ့ပြီး ဖြစ်သည်။