Home ထိပ်တန်းသတင်း ‌လေဆင်နှာ‌မောင်း‌ကြောင့် ပျက်စီးခဲ့သည့် ခွဲက‌ဘောင်‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း အကူအညီ မရရှိ‌သေး

‌လေဆင်နှာ‌မောင်း‌ကြောင့် ပျက်စီးခဲ့သည့် ခွဲက‌ဘောင်‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း အကူအညီ မရရှိ‌သေး

2229

‌မေလ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့၊ မယ်ပရွာရှိ ကရင်‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းဖြစ်‌သော ခွဲက‌ဘောင်စာသင်‌ကျောင်းမှာ ‌မေ လ ၂၁ရက်‌နေ့က ‌လေဆင်နှာ‌မောင်း တိုက်ခတ်ခဲ့ခြင်း‌ကြောင့် ပျက်စီးဆုံးရှုံးခဲ့‌သော ‌ကျောင်း‌ဆောင်ကို ပြန်လည်တည်‌ဆောက် နိုင်ရန် ယခုအချိန်ထိ အကူအညီတစုံတရာ မရရှိ‌သေး‌ကြောင်း ‌ကျောင်း၏ ဒါရိုက်တာဖြစ်သူ မန်းဗလရှင်က ယ‌နေ့ ‌ပြောသည်။

“အခုပျက်စီးသွားတာက ‌ကျောင်းလုပ်ငန်းအားလုံးကို စီမံတဲ့ ရုံး‌ဆောင်နဲ့ အတွင်းကိရိယာပစ္စည်း‌တွေ‌ပေါ့‌နော်။ ရုံးရှိမှပဲ အလုပ် ဖြစ်မယ့်အတွက်‌ကြောင့် အမြန်နည်းနဲ့ ပြန်‌ဆောက်ဖို့က ကျ‌နော်တို့မှာ ရံပုံ‌ငွေမရှိဘူး။ ဘယ်အဖွဲ့အစည်း ဘယ်အလှူရှင်က ကူညီ ‌ပေးမလဲဆိုတာ‌တော့ မသိ‌ပေမယ့် ‌မျှော်လင့်တုန်းပဲ။ ‌ကျောင်းကိုကူညီ‌ပေးတဲ့ တာဝန်ရှိသူတစ်ချို့က လာပြီးကြည့်သွား‌ပေမယ့် အခုချိန်အထိ‌တော့ အကူအညီ တစ်စုံတစ်ခု လာလုပ်‌ပေးတာမျိုး မရှိ‌သေးဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ခွဲက‌ဘောင်‌ကျောင်းသည် အဖွဲ့အစည်းသီးသန့် ကူညီ‌ထောက်ပံ့‌ပေးမှုမရှိဘဲ ကိုယ်ထူကိုယ်ထဖြင့် ရပ်တည်လာသည်မှာ ၂နှစ်ရှိ‌နေပြီဖြစ်ကာ ပျက်စီးခဲ့‌သော‌ကျောင်း‌ဆောင်ကို ပြန်လည်တည်‌ဆောက်ရန် ‌ကျောင်းကို စတည်တည်‌ဆောက်ခဲ့စဉ်က လာ ‌ရောက်ကူညီ‌ဆောက်လုပ်‌ပေးခဲ့သူ က‌နေဒါနိုင်ငံမှ မစ္စတာအဲလ်ဘတ်ဦး‌ဆောင်သည့် အလှူရှင်မှတဆင့် မယ်‌တော်‌ဆေးခန်းမှ ‌ဒေါက်တာစင်သီယာ‌မောင်အား တင်ပြအကူအညီ‌တောင်းခံသွားမည်ဟုလည်း ဆက်‌ပြောသည်။

‌လေဆင်နှာ‌မောင်းဒဏ်‌ကြောင့် ‌ကျောင်း၏ ပင်မရုံးခန်း‌ဆောင် ‌ခေါင်မိုးတစ်လုံး အမိုးများလွှင့်စင်ပြီး ‌ဘေးနံရံများလည်း အက်ကွဲ သွားသည့်အပြင် ၎င်းအတွင်းထဲရှိ ကွန်ပျူတာ LED monitor (၈)လုံး၊ ကွန်ပျူတာ case (၁၀)လုံး၊ ပရင်တာ (Printer) (၂)လုံး၊ မူလတန်းမှ အထက်တန်း(KG-Grade -12) ပြဋ္ဌာန်းစာအုပ်များ ‌ရေစိုပျက်စီးသွားခဲ့သည်ဟု သိရသည်။
DSC_0251
ခွဲက‌ဘောင်‌ကျောင်းသည် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ပညာ‌ရေး‌ကော်မတီ-BMWEC ၏ ပြဋ္ဌာန်းစာအုပ် အကူအညီ‌ထောက်ပံ့မှု ဖြင့် မြန်မာနိုင်ငံ၏ သင်ရိုးညွန်းတမ်းကို အ‌ခြေခံ‌သော မြန်မာ၊ အဂင်္လိပ်၊ သခင်္ျာ၊ သိပ္ဗံ၊ ပထဝီ ဘာသာရပ်များအပြင် ကရင်၊ ထိုင်း နှင့် ကွန်ပျူတာ ဘာသာရပ်များကိုပါ ထည့်သွင်းသင်ကြား‌ပေး‌သော စာသင်‌ကျောင်းဖြစ်သည်။

ယခုလို ပျက်စီးမှုအ‌ပေါ် BMWEC ဥက္ကဌ ဆရာမကြီး‌နော်‌ဖော‌ရေက“အခုဖြစ်သွားတာကို ကျမတို့အ‌နေနဲ့ သိ‌တောင်မသိလိုက် ဘူး။ ဒါ‌ပေမဲ့ ကျမတို့အ‌နေနဲ့ကျ‌တော့ ‌ကျောင်းရဲ့ပြဋ္ဌာန်းစာအုပ်‌တွေ၊ အခြားသင်‌ထောက်ကူပစ္စည်း‌တွေကို‌တော့ ကူညီ‌ပေးနိုင်မှာ ပါ။ ဒီအ‌ဆောက်အဦးပြန်‌ဆောက်တဲ့‌နေရာမှာကျ‌တော့ ကျမတို့နဲ့ နီးစပ်တဲ့ သက်ဆိုင်ရာ Emergency Building အဖွဲ့‌တွေနဲ့ ဆက်သွယ်ဆက်စပ်ပြီး‌တော့ လုပ်‌ပေးလို့‌တော့ရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်‌ရောက် ကရင်‌ရွှေ့‌ပြောင်းက‌လေးငယ်များ ပညာဆည်းပူးနိုင်‌ရေးနှင့် ကရင်ရိုးရာယဉ်‌ကျေးမှု၊ စာ‌ပေတို့ကို ထိန်းသိမ်းသွားရန် ရည်ရွယ်ကာ ခွဲက‌ဘောင်‌ကျောင်းကို ၁၉၉ဝခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ စတင် တည်‌ထောင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ‌ကျောင်းကို မဲ‌ဆောက်မြို့မှ မယ်ပ‌ကျေးရွာသို့ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်မှ စတင်‌ပြောင်း‌ရွှေ့လာခဲ့ပြီး လာမည့် ဇွန်လဆန်း တွင် ဖွင့်လှစ်မည့် ၂၀၁၆-၁၇ပညာသင်နှစ်အတွက် ‌ကျောင်းသူ‌ကျောင်းသား (၂၀၀)ခန့် လက်ခံထားသည်ဟု သိရသည်။