Home သတင်း လူထုအ‌ခြေပြုကျန်းမာ‌ရေးလုပ်ငန်းများကို အစိုးရ အသိအမှတ်ပြုရန် တိုင်းရင်း‌ဒေသကျန်းမာ‌ရေးအဖွဲ့များ ‌တောင်းဆို

လူထုအ‌ခြေပြုကျန်းမာ‌ရေးလုပ်ငန်းများကို အစိုးရ အသိအမှတ်ပြုရန် တိုင်းရင်း‌ဒေသကျန်းမာ‌ရေးအဖွဲ့များ ‌တောင်းဆို

1763

မတ် ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

အစိုးရကျန်းမာ‌ရေးလုပ်ငန်းများ လက်လှမ်းမမှီသည့် တိုင်းရင်းသား‌ဒေသများတွင် လုပ်‌ဆောင်‌နေသည့် လူထုအ‌ခြေပြုကျန်းမာ ‌ရေးဆိုင်ရာ လုပ်ငန်းများကို မကြာမီ တက်လာမည့် အစိုးရသစ်အ‌နေဖြင့် အသိအမှတ်ပြု‌ပေးရန် လိုအပ်‌ကြောင်း တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့အစည်း(EHO)များနှင့် လူထုအ‌ခြေပြု ကျန်းမာ‌ရေးအဖွဲ့အစည်း(CBHO)များက ‌ပြောဆိုသည်။

နယ်စပ်နှင့် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့ ၈ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ကျန်းမာ‌ရေး‌ပေါင်းစည်းမှု အမာခံအင်အားစု(HCCG) က ကမကထပြု၍ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့တွင် မတ်လ ၂၄ရက်နှင့် ၂၅ရက်‌နေ့တွင် ကျင်းပခဲ့သည့် မြန်မာပြည်ရှိ ကျန်းမာ‌ရေး စနစ်တစ်ခု ပိုမို ‌ကောင်းမွန်‌ရေး ပြုပြုင်‌ပြောင်းလဲမှုဆိုင်ရာ ၆လပတ်အစည်းအ‌ဝေးတွင် ယခုလို ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း(BMA) ဒါရိုက်တာ ‌စော‌နေထူးက “အစိုးရသစ်အ‌နေနဲ့ ကျ‌နော်တို့ရဲ့ ရှိထားပြီးဖြစ်တဲ့ အရင်းအမြစ်‌တွေဖြစ်တဲ့ ကျ‌နော်တို့ ကျန်းမာ‌ရေးအဖွဲ့အစည်း‌တွေ၊ ကျန်းမာ‌ရေး‌ပေါ်လစီ‌တွေ၊ ကျန်းမာ‌ရေးလုပ်သား‌တွေကို အသိ အမှတ်ပြု‌ပေးလိုက်ရင် အစိုးရသစ်ရဲ့ ကျန်းမာ‌ရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး‌တွေကို အများကြီး ‌လျှော့ချလာနိုင်မှာဖြစ်ပါတယ်”ဟု ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်ပြီးစီးခဲ့သည့် ယင်းအစည်းအ‌ဝေးတွင် တိုင်းရင်းသားကျန်းမာ‌ရေး အဖွဲ့အစည်းများအ‌နေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ဖက်ဒရယ်ပြည်‌ထောင်စုတွင် လက်ရှိ အစိုးရ ကျင့်သုံး‌နေသည့် ကျန်းမာ‌ရေးစနစ်ကို ဗဟိုချုပ်ကိုင်မှု ‌လျှော့ချပြီး အများ ပါဝင်လုပ်‌ဆောင်နိုင်သည့် အာဏာခွဲ‌ဝေ အုပ်ချုပ်မှုဆိုင်ရာ ကျန်းမာ‌ရေးစနစ် ဖြစ်‌ပေါ်လာ‌ရေးကို လိုလား‌ကြောင်းလည်း ‌ဆွေး‌နွေး ‌ပြောဆိုခဲ့သည်။

၎င်းအပြင် အစည်းအ‌ဝေးသို့ နယ်စပ်ရှိ လူမှုအဖွဲ့အစည်းများ၊ အကူညီ‌ပေး‌ရေးအဖွဲ့များ၊ HCCG အဖွဲ့ဝင်များ အပါအဝင် ၂၁ဖွဲ့မှ လူဦး‌ရေ (၁၁၀)ခန့် တက်‌ရောက်ခဲ့ကြပြီး ကျန်းမာ‌ရေးဆိုင်ရာလုပ်ငန်းနှင့် ‌ပေါ်လစီများ ပြန်လည်သုံးသပ်ခြင်း၊ အစိုးရသစ်နှင့် ကျန်းမာ‌ရေးဆိုင်ရာ ညှိနှိုင်းလုပ်‌ဆောင်သင့်သည့် ကိစ္စများကို ‌ဆွေး‌နွေးခဲ့ကြသည်။

ထို့အတွက် ဖက်ဒရယ်ပြည်‌ထောင်စုနှင့် ကိုက်ညီသည့် ကျန်မာ‌ရေးဆိုင်ရာ စနစ်နှင့် မူဝါဒများကို ၂၀၁၄ခုနှစ်စတင်ကာ အကြမ်း ပြုစု‌ရေးဆွဲထားပြီဖြစ်သကဲ့သို့ ၎င်းတို့ကို မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးဖြစ်စဉ်၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအ‌ပေါ် မှီတည်ပြီး လာမည့်အစိုး ရသစ်နှင့် ဆက်လက် ‌ဆွေး‌နွေးညှိနှိုင်းသွားမည်ဟု HCCG က ဆိုသည်။

နယ်စပ်‌ဒေသများတွင် ကချင်၊ ကရင်၊ ကရင်နီ၊ သျှမ်း၊ ပအိုဝ်း၊ ရခိုင်၊ မွန်၊ ကယန်း၊ ချင်း၊ နာဂ စသည့် တိုင်းရင်းသား‌ဒေသများအတွင်းရှိ ကျန်းမာ‌ရေးအဖွဲ့များက လူထုကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုလုပ်ငန်းများကို ယ‌နေ့အထိ နည်းမျိုးစုံဖြင့် လုပ်‌ဆောင်လာခဲ့သည်။ ထို သို့ လုပ်‌ဆောင်ရာတွင် အခက်အခဲများစွာ ရှိ‌နေ‌သေးသည့်အတွက် အစိုးရသစ်အ‌နေဖြင့် တိုင်းရင်းသားလူထုများ၏ လိုလားချက် များကို အဓိကထား‌သော ကျန်းမာ‌ရေးစနစ်ကို အ‌ကောင်အထည်‌ဖော်ဖို့လိုအပ်‌ကြောင်းကရင်နီနယ်လှည့်ကျန်းမာ‌ရေး‌ကော်မတီ ညွှန်ကြား‌ရေးမှူး ဆရာဖိလစ်က ယခုလို ‌ပြောသည်။

“အစိုးရသစ်အ‌နေနဲ့ တိုင်းရင်းသား‌ဒေသ‌တွေကို အထူးကျန်းမာ‌ရေးစီမံချက်‌တွေ လုပ်‌ပေးဖို့လိုအပ်တယ်။ ဒီလို‌ဆောင်ရွက်တဲ့‌နေ ရာမှာ တိုင်းရင်းသား‌ဒေသခံလူထု‌တွေ၊ အဖွဲ့အစည်း‌တွေရဲ့အသံ‌တွေ နား‌ထောင်ပြီး လုပ်‌စေချင်တယ်။ ဥပမာ ပြည်မက ဘယ် ‌လောက်ပဲ‌တော်တဲ့ ကျန်းမာ‌ရေးဝန်ထမ်းဖြစ်ပါ‌စေ။ ‌ဒေသခံစကား နားမလည်ရင် ဘယ်လိုမှ ထိထိ‌ရောက်‌ရောက် လုပ်နိုင်မှာ မဟုတ်ဘူး”ဟု ဆရာဖိလစ်က ‌ပြောသည်။

တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများ (EHO) မှာ ထိခိုက်ဒဏ်ရာ အပါအဝင် ‌ဆေးဘက်ဆိုင်ရာလုပ်ငန်း၊ မိခင်နှင့်က‌လေး ‌စောင့်‌ရှောက်‌ရေး၊ မျိုးဆက်ပွား ကျန်းမာ‌ရေး၊ မိသားစုစီမံကိန်း၊ ‌ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်း‌ရေး၊ ကူးစက်‌ရောဂါ ထိန်းချုပ်ခြင်း၊ ကျန်းမာ‌ရေးပညာ‌ပေးခြင်း၊ ကျန်းမာ‌ရေးသတင်းစနစ်၊ ၅နှစ်‌အောက်က‌လေးများ အာဟာရမြှင့်တင်ခြင်း၊ ကာကွယ်‌ဆေးထိုးခြင်း၊ တိုက်‌ကျွေးခြင်းများကို လုပ်‌ဆောင်‌နေခြင်းဖြစ်သည်။

ကျန်းမာ‌ရေးဆိုင်ရာ ဆုံချက်ရနိုင်‌ရေး ရည်ရွယ်ပြီး ‌ဆောင်ရွက်သည့်အစုအဖွဲ့ (HCCG)ကို တိုင်းရင်းသား ကျန်းမာ‌ရေးအဖွဲ့အ စည်း ၄ဖွဲ့၊ နယ်စပ်‌ဒေသအ‌ခြေစိုက် လူထုအ‌ခြေပြု ကျန်းမာ‌ရေးအဖွဲ့အစည်း ၄ဖွဲ့ဖြင့် စု‌ပေါင်းပြီး ၂၀၁၂ခုနှစ်၊ ‌မေလတွင် စတင် ဖွဲ့ စည်းခဲ့သည်။