Home သတင်း သတ္တုအစမ်းတူး‌ဖော်ခွင့်ကိစ္စ ‌ကျောက်ကြီးမြို့နယ် ‌ဒေသခံများက အမြန်‌ဖြေရှင်း‌ပေး‌စေလို

သတ္တုအစမ်းတူး‌ဖော်ခွင့်ကိစ္စ ‌ကျောက်ကြီးမြို့နယ် ‌ဒေသခံများက အမြန်‌ဖြေရှင်း‌ပေး‌စေလို

2023

ဇွန် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပဲခူးတိုင်း‌ဒေသကြီး ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့နယ်၊ စလဲ‌ကျေးရွာအုပ်စုအတွင်း၌ ကရင်အမျိုးသားအစည်းအရုံး(‌ကေ အဲန်ယူ)နှင့် မြန်မာအစိုးရတို့မှ ကုမ္ပဏီအား အဖြိုက်နက်သတ္တုအစမ်း ဝင်‌ရောက်တူး‌ဖော်ခွင့်‌ပေးရာတွင် ‌မြေယာသိမ်းဆည်းမှုများ ရှိသည့်အတွက် ‌ဒေသခံများက အမြန်ဆုံး ‌ဖြေရှင်း‌ပေးလိုကြသည်ဟု သိရသည်။

အဆိုပါ အဖြိုက်နက်သတ္တုအစမ်းတူး‌ဖော်မှုကို ‌ကျောက်ကြီးမြို့နယ်ရှိ ‌ကေအဲန်ယူနှင့် အစိုးရတို့က ယခင်နှစ်က ခွင့်ပြုခဲ့ပြီး‌နောက် ပြီးခဲ့သည့်တစ်လ‌ကျော်မှစ၍ ရတနာစိုင်း‌ကောင်းမြတ်‌ကျော်ကုမ္ပဏီနှင့် စိုးနိုင်ဖြိုးကုမ္ပဏီတို့ ဝင်‌ရောက်လုပ်ကိုင်ရာ ‌ဒေသခံများ၏ ‌မြေဧက ၇၃,၁၂၄ကို သိမ်းဆည်းထားသလို ‌လျော်‌ကြေး‌ပေး‌ဆောင်ရန်လည်း ယခုအချိန်ထိ တစုံတရာ မသိရ‌သေး‌ကြောင်း ‌ကျောက်ကြီးမြို့နယ်အတွင်းရှိ ‌ဒေသဖွံ့ဖြိုး‌စောင့်ကြည့်‌ရေးအဖွဲ့ တာဝန်ခံဖြစ်သူ ‌နော်တပီးသာ့က ‌ပြောသည်။

‌နော်တပီးသာ့က “စီမံကိန်းလုပ်တဲ့ ‌နေရာမှာ အသိမ်းခံရတဲ့ ‌ဒေသခံ ‌မြေဧက‌တွေဟာ ‌လျော်‌ကြေးမရှိတဲ့အပြင် ပွင့်လင်းစွာ မလုပ် တဲ့အတွက် ‌ဒေသခံဘက်က နစ်နာရတယ်။ ဒီကိစ္စကို ‌ဒေသခံဘက်ကလည်း လွှတ်‌တော်ကို စာတင်ထားတယ်။ သမ္မတနဲ့ ‌ကေအဲန်ယူဗဟိုကိုလည်း ဆက်လက် စာတင်ဖို့ရှိတယ်။ တကယ်လို့ တစုံတရာ ‌ဖြေရှင်းမှု‌တွေ မလုပ်‌ပေးဘူးဆိုရင် ‌ဒေသခံ‌တွေ က‌တော့ သက်ဆိုင်ရာ အဖွဲ့အစည်း‌တွေကို ဆန္ဒထုတ်‌ဖော် ကန့်ကွက်သွားမှာပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောက်ကြီးမြို့နယ်အတွင်း သတ္တုအစမ်းတူး‌ဖော်ရန် ‌ကေအဲန်ယူမှ ယမန်နှစ် ဧပြီလတွင် ကုမ္ပဏီကို ခွင့်ပြုချက်‌ပေးခဲ့ပြီး‌နောက် အစိုးရဘက်မှလည်း ဒီဇင်ဘာလတွင် အလားတူ သ‌ဘောတူ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ အစမ်းတူး‌ဖော်ခွင့်ရရှိရန် ကုမ္ပဏီဘက်ကလည်း ‌ဒေသဖွံ့ဖြိုး‌ရေးအတွက် လမ်း‌ဖောက်လုပ်‌ပေးသွားမည်ဟု သ‌ဘောတူထား‌ကြောင်း သိရသည်။

စလဲ‌ကျေးရွာမှ ‌ဒေသခံတစ်ဦးက “အမှန်‌တော့ သူတို့စမ်းသပ်တာဘဲဖြစ်ဖြစ် လုပ်ဖို့ပဲဖြစ်ဖြစ် ကျ‌နော်တို့ ပြည်သူလူထု‌တွေကို အသိအမှတ်ပြုဖို့လိုတယ်။ အခုက အဲလို မဟုတ်ဘူး။ ပြည်သူ‌တွေကိုလာပြီး မ‌ကြေညာဘူး။ ခွင့်ပြုချက် မယူဘူး။ ဒီအတိုင်းဆို ကျ‌နော်တို့လည်း ‌နောက်မဆုတ်‌ပေးနိုင်ဘူး။ ကျ‌နော်‌ပြောချင်တဲ့အချက်က‌တော့ ဒီကုမ္ပဏီ‌တွေက ပြည်သူလူထု အသိမှတ်မပြု ဘဲနဲ့ ဒီလိုလုပ်တာက ခွင့်မပြုနိုင်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ၎င်း‌ဒေသအတွင်း အစမ်းသတ္တုတူး‌ဖော်မှု‌ပေးခြင်းသည် ‌ကေအဲန်ယူ သစ်‌တောနယ်‌မြေအတွင်း ဟုတ်မဟုတ် တစုံတရာ တင်ပြမှုမရှိ‌သေးသည့်အတွက် စီမံကိန်းနှစ်ပတ်သက်ပြီး ‌သေချာမသိရ‌သေး‌ကြောင်း ‌ကေအဲန်ယူ ဗဟို သစ်‌တောဋ္ဌာနတာဝန်ခံ လည်းဖြစ်၊ စီးပွား‌ရေး‌ကော်မတီ အတွင်း‌ရေးမှူးလည်းဖြစ်သူ ပဒိုမန်းဘထွန်းက ယခုလို ‌ပြောသည်။

“ဒီကိစ္စအ‌ပေါ် ကျ‌နော်တို့ ‌သေချာမသိရ‌သေးဘူး။ ကျ‌နော်တို့အ‌နေနဲ့ သစ်‌တောမှာ‌တော့ မူဝါဒချတာ ရှိတယ်။ သစ်‌တောနယ်‌မြေ အတွင်းမှာ ဖွံ့ဖြိုး‌ရေးဆိုင်ရာ စီမံကိန်းပဲဖြစ်ဖြစ်၊ သတ္တုပဲဖြစ်ဖြစ် ‌ဒေသခံလူထုကို ထိခိုက်မယ့်ဥစ္စာရှိရင် ခွင့်မပြုဘူး‌ပေါ့”ဟု ပဒိုမန်း ဘထွန်းက ‌ပြောဆိုသည်။

သတ္တုအစမ်းတူး‌ဖော်မှုနှင့်ပတ်သက်၍ ဝင်‌ရောက်လုပ်ကိုင်ခွင့်ကို သ‌ဘောမတူ‌ကြောင်း ပြသသည့်အ‌နေဖြင့် ယခု ဇွန်လ ၅ရက် ‌နေ့က ‌ဒေသခံများစု‌ပေါင်း၍ စီမံကိန်းတည်ရှိရာ ‌နေရာတစ်‌နေရာ၌ ဆု‌တောင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး စီမံကိန်းကို ဆန့်ကျင်သည့် ဗီနိုင်းဆိုင်းဘုတ်များကိုလည်း ၎င်း‌နေရာတွင် စိုက်ထူကပ်ထားခဲ့ကြသည်။ သို့‌သော် အဆိုပါ ဗီနိုင်းဆိုင်းဘုတ်များကို ယခုအချိန် တွင် ဖြုတ်ချ ဖျက်ဆီးခံရမှုများရှိ‌ကြောင်း ‌ဒေသခံများက ဆိုသည်။