Home သတင်း ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ‌ကေအဲန်ယူကို ကရင်လူထုအ‌ခြေပြုအဖွဲ့များ ‌ပြောဆို

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ‌ကေအဲန်ယူကို ကရင်လူထုအ‌ခြေပြုအဖွဲ့များ ‌ပြောဆို

2021
????????????????????????????????????

ဧပြီ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောခါးစူးညား

မြန်မာအစိုးရနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌ဖော်‌ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် နယ်စပ်အ‌ခြေစိုက် ကရင်လူထုအ‌ခြေပြု အဖွဲ့အစည်း (KCBO) များက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ‌လေးဝါးစခန်း၌ ဧပြီ ၂၃ရက်‌နေ့က ပြုလုပ်‌သော ကရင် အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)နှင့် ‌တွေ့ဆုံပွဲတွင် ‌ပြောဆိုလိုက်သည်။

အပစ်ရပ်စာချုပ် ချုပ်ဆိုပြီး‌နောက်ပိုင်း အစိုးရနှင့် ဆက်လက် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှ ရရှိသည့် ရလဒ်များ၊ ကရင်‌ဒေသအတွင်း ‌ဆောင်ရွက်‌နေသည့် ဖွံ့ဖြိုး‌ရေး၊ စီးပွား‌ရေးလုပ်ငန်းများ အပါအဝင် အခြားသိသင့်ထိုက်သည့် အ‌ကြောင်းအရာများကို KCBO အဖွဲ့များနှင့် ပြည်တွင်းပြည်ပ ကရင်လူထုများကို ပွင့်ပွင့်လင်းလင်း ချပြ‌ပေးရန် တစ်ရက်ကြာ ပြုလုပ်သည့် ၎င်း‌တွေ့ဆုံပွဲတွင် ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)မှ ကိုယ်စားလှယ်အဖြစ် ‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သည့် ‌စောအယ်လ်ဘတ်က “‌ကေအဲန်ယူ သွား‌နေတဲ့ ငြိမ်းချမ်း‌ရေုး‌ဖော်‌ဆောင်‌ရေးလမ်း‌ကြောင်းဟာ ကျ‌နော်တို့ KCBO ‌တွေ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ မသိရ ပါဘူး။ ဒီအပစ်ရပ်ကာလမှာ ကျ‌နော်တို့ ကွင်းဆင်းတာ‌တွေ လုပ်တဲ့အခါ အစိုးရစစ်တပ်‌တွေ လူ၊ လက်နက်အင်အား‌တွေနဲ့ တက် လာပြီး ‌နေရာယူ‌နေကြတာ ရှိတယ်လို့ လူထု‌တွေက ‌ပြောတယ်။ အဲဒါ‌တွေ သူတို့ သိချင်ကြတယ်လို့ ‌ပြောတယ်”ဟု ‌ပြောသည်။

KCBO အဖွဲ့များသည် အထူးသဖြင့် ယခုနှစ်၊ မတ်လ ၃၁ရက်‌နေ့က ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး မူကြမ်း (NCA Draft) စာချုပ်နှင့် ‌ဖေ‌ဖော်ဝါရီ ၁၂ရက်‌နေ့က အစိုးရနှင့် လက်မှတ်ထိုးခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးဆိုင်ရာ ကတိပြုချက်စာချုပ်များနှင့် ပတ်သက်၍ သိလိုသည်များကို ‌တွေ့ဆုံပွဲတွင် ‌ကေအဲန်ယူထံ ‌ဆွေး‌နွေး‌မေးမြန်းခဲ့ကြသည်။

????????????????????????????????????
????????????????????????????????????

ယင်း‌တွေ့ဆုံပွဲသို့ ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် KCBO များဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင်လူငယ်များ အစည်းအရုံး(KYO)၊ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)၊ ကရင်‌ကျောင်းသားများကွန်ရက်အဖွဲ့ (KSNG)၊ ကရင်သဘာဝပတ်ဝန်း ကျင်လှုပ်ရှားမှုအဖွဲ့(KESAN)၊ မယ်‌တော်‌ဆေးခန်းနှင့် အခြားကျန်းမာ‌ရေးအဖွဲ့များ အပါအဝင် အဖွဲ့ ၁ဝဖွဲ့‌ကျော်၊ ‌ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းနှင့် တပ်မဟာ၊ ခရိုင် များမှ ‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း ၇ဝခန့် တက်‌ရောက်ခဲ့ကြသည်။

KCBO တင်ပြ‌ပြောဆိုချက်အ‌ပေါ် ‌ကေအဲန်ယူ ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “‌ကေအဲန်ယူ လုပ်‌ဆောင်‌နေတဲ့ အရာ‌တွေထဲက လူထု‌တွေ သိသင့်သိထိုက်တာကို ရှင်းလင်းဖို့ဆိုတဲ့ CBO ‌တွေရဲ့ အမြင်ဟာ ‌ကောင်းတယ်လို့ ကျမမြင်တယ်။ ကျမတို့ ‌ရှေ့ဆက် လုပ်‌ဆောင်ရမယ့်အရာ‌တွေကို အများကြီး အ‌ထောက်အကူပြုမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍ KCBO တင်ပြ‌ပြောဆိုသည့် အမြင်များသည် ကရင်လူထုများ၏ ရင်တွင်းဖြစ် ခံစားချက်များ ဖြစ်‌ကြောင်း၊ ‌ကေအဲန်ယူအ‌နေဖြင့် လက်ရှိ လုပ်‌ဆောင်‌နေသည့် လုပ်ငန်းများကို ပြန်လည်စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ် ‌ကြောင်းနှင့် ‌ရှေ့ဆက်လုပ်‌ဆောင်ရမည့် လုပ်ငန်းများအတွက်လည်း အ‌ထောက်အကူတစ်ရပ်အဖြစ် ခံယူ‌ကြောင်း ပဒို‌နော်စီဖိုးရာ စိန်က ဖြည့်စွက်‌ပြောဆိုသည်။

KCBO အဖွဲ့များသည် အစိုးရနှင့် အပစ်ရပ် သ‌ဘောတူညီမှုကာလအတွင်း ဆက်လက် ‌ဖော်‌ဆောင်‌နေ‌သော ငြိမ်းချမ်း‌ရေးလုပ် ငန်းစဉ် အ‌ခြေအ‌နေများကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ရည်ရွယ်၍ ယခုလို ‌တွေ့ဆုံပွဲကို ကျင်းပ‌ပေးရန် ‌ကေအဲန်ယူထံ ပြီးခဲ့ သည့် ၂၀၁၃ခုနှစ်က ‌တောင်းဆိုခဲ့သည့်အ‌ပေါ် ‌ကေအဲန်ယူ ဗဟိုစည်းရုံး‌ရေးဋ္ဌာနက ကမကထပြုကာ ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။