Home သတင်း KNU နယ်‌မြေအတွင်း ငှက်ဖျား‌ရောဂါ တိုက်ဖျက်‌ရေးလုပ်ငန်း ဆက်လက်လုပ်‌ဆောင်ရန် ညှိနှိုင်း

KNU နယ်‌မြေအတွင်း ငှက်ဖျား‌ရောဂါ တိုက်ဖျက်‌ရေးလုပ်ငန်း ဆက်လက်လုပ်‌ဆောင်ရန် ညှိနှိုင်း

2202

ဧပြီ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ရာနယ်‌မြေအတွင်း ငှက်ဖျား‌ရောဂါ တိုက်ဖျက်‌ရေး စီမံချက်လုပ်ငန်းစဉ်များကို ဆက်လက် လုပ်‌ဆောင်နိုင်ရန် ‌ကော်သူး‌လေကျန်းမာ‌ရေးနှင့် လူမှုကယ်ဆယ်‌ရေးဋ္ဌာန(KDHW)နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သည့်အဖွဲ့အစည်း(INGOs)တို့အကြား ညှိနှိုင်း‌ဆွေး‌နွေးပွဲတစ်ရပ်ကို ကရင်ပြည်နယ်၊ ဖားအံမြို့ AGAPE ခမ်းမ၌ ဧပြီလ ၂၂ ရက်မှ ၂၄ရက်‌နေ့အထိ ကျင်းပခဲ့သည်။

KDHW ၏ အကြီးတန်းအကြံ‌ပေး ‌ဒေါက်တာမာတာက “ကျ‌နော်တို့နဲ့ တွဲလုပ်‌နေတဲ့ INGO သုံးခုစလုံးနဲ့ KNUခရိုင် ၇ခုကို ဖိတ် ‌ခေါ်တယ်။ ငှက်ဖျား‌ရောဂါထိန်းချုပ်‌ရေး၊ ‌ဆေးယဉ်ပါးမှုထိန်းချုပ်‌ရေးနဲ့ ငှက်ဖျား‌ရောဂါပ‌ပျောက်‌ရေးအစီအစဉ်ကို (INGOs)တို့နဲ့ ညှိနှိုင်းပြီး အကူအညီလုပ်ငန်းစဉ်များ ချမှတ်နိုင်ဖို့ ပြုလုပ်တာဖြစ်သလို ဒီလုပ်ငန်းစဉ်ကို ခရိုင် ၇ခုက နားလည်သွားတဲ့အခါမှာ ဒီငှက်ဖျား‌ရောဂါထိန်းချုပ်‌ရေးမှာဆို ထိ‌ရောက်‌အောင်မြင်စွာ လုပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်”ဟု ‌ပြော သည်။

လက်ရှိတွင် ငှက်ဖျား‌ရောဂါထိန်းချုပ်‌ရေးနှင့် ငှက်ဖျား‌ရောဂါ ပ‌ပျောက်‌ရေးလုပ်ငန်းကို (INGOs)များဖြစ်ကြ‌သော Amarican Refugee Committee (ARC)၊ Community Partners International၊ MAL ARIA TASK FORCE အဖွဲ့တို့နှင့် ပူး‌ပေါင်းလုပ် ‌ဆောင်‌နေသည့်အပြင် KNU၏ လိုအပ်ချက် ညွန်ကြားချက်များအ‌ပေါ် အ‌ခြေခံ၍ ခရိုင် ၇ခုရှိ လူမျိုး၊ ဘာသာမ‌ရွေး ပြည်သူလူထု ၏ ကျန်းမာ‌ရေးလုပ်ငန်းများကို ဆက်လက်လုပ်‌ဆောင်သွားရန်ရှိသည်ဟု ‌ဒေါက်တာမာတာက ဆက်‌ပြောသည်။
Malaria workshop IMG_0010
အဆိုပါအစည်းအ‌ဝေးသို့ KDHW မှ တာဝန်ရှိသူများ၊ KNU ဖာပွန်(မူ‌တြော်)ခရိုင်မှလွဲ၍ ဒူးပလာယာ၊ ဖားအံ၊ သထုံ၊ ‌ညောင်‌လေး ပင်၊ ‌တောင်ငူနှင့် ဘိတ်-ထားဝယ်ခရိုင်တို့မှ ကျန်းမာ‌ရေးနှင့် လူမှုကယ်ဆယ်‌ရေးဋ္ဌာနမှ တာဝန်ရှိသူများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်‌သော အဖွဲ့အစည်း(INGOs)အဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် စုစု‌ပေါင်း ၆ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

သုံးရက်ကြာကျင်းပသည့် ၎င်းအစည်းအ‌ဝေးတွင် ငှက်ဖျား‌ရောဂါတိုက်ဖျက်‌ရေးလုပ်ငန်းကို ‌ထောက်ပံ့ကူညီ‌ပေး‌နေသည့် INGO အဖွဲ့များနှင့် KDHW တို့ ‌ရှေ့ဆက် ပူး‌ပေါင်းလုပ်‌ဆောင်မည့် အစီအစဉ်များ ‌ဆွေး‌နွေးခြင်း၊ KNU တပ်မဟာ(၇)ခုအတွင်း လုပ် ‌ဆောင်‌နေ‌သော ငှက်ဖျား‌ရောဂါတိုက်ဖျက်‌ရေး လုပ်ငန်းအစီအစဉ်ကို တင်ပြ‌ဆွေး‌နွေးခြင်းနှင့် နယ်‌မြေခံ ငှက်ဖျားတိုက်ဖျက်‌ရေး အဖွဲ့မှ လုပ်ငန်းများ လုပ်‌ဆောင်ရာတွင် ကြုံ‌တွေ့ရသည့် အခက်အခဲများကို တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

အစည်းအ‌ဝေးသို့ တက်‌ရောက်သည့် KNU ဒူးပလာယာခရိုင်မှ KDHW အတွင်း‌ရေးမှူး ‌စောနီသဘ‌လေးက “ဒီလိုမျက်နှာစုံညီ ညှိ နှိုင်း‌ဆွေး‌နွေးပြီး‌တော့ တစ်‌ယောက်နဲ့တစ်‌ယောက်ကြားမှာရှိတဲ့ အခက်အခဲ‌တွေကို တချို့‌တော့ သ‌ဘောတူညီမှုရရှိတာ‌ပေါ့‌နော်။ ကျ‌နော်တို့‌အောက်‌ခြေမှာ ငှက်ဖျားနဲ့ ပတ်သက်တာ ဘာအခက်အခဲရှိခဲ့လဲဆို‌တော့ ဧရိယာ‌တွေ ထပ်တာ‌တွေရှိခဲ့တယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောဆိုသည်။

KNU ၏ လက်‌အောက်ခံဋ္ဌာနတစ်ခုဖြစ်‌သော KDHW ကို ၁၉၅၉ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး KNU နှင့် အစိုးရတို့ ပဏာမ အပစ်အခတ် ရပ်စဲပြီး‌နောက် ၂၀၁၄ခုနှစ် ဧပြီလမှ စတင်ကာ ကရင်ပြည်နယ်၊ ဖားအံမြို့၌ ရုံးဖွင့်လှစ်ခဲ့သည်။ ယခုအချိန်တွင် KNU ထိန်းချုပ် နယ်‌မြေများ၌ ငှက်ဖျား‌ရောဂါတိုက်ဖျက်‌ရေး လုပ်ငန်းအပြင် ကျန်းမာ‌ရေးနှင့် လူမှုကယ်ဆယ်‌ရေးလုပ်ငန်းတို့ကို လုပ်‌ဆောင် လျှက်ရှိသည်။