Home သတင်း ကရင်ပြည်နယ် ၄မြို့နယ်တွင် BPHWTက မိခင်နှင့် က‌လေး‌စောင့်‌ရှောက်‌ရေး စစ်တမ်း‌ကောက်မည်

ကရင်ပြည်နယ် ၄မြို့နယ်တွင် BPHWTက မိခင်နှင့် က‌လေး‌စောင့်‌ရှောက်‌ရေး စစ်တမ်း‌ကောက်မည်

2092

မတ် ၁၈ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)က ဦးစီး၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် (၄) မြို့နယ်တွင် မတ်လ ကုန်ပိုင်းမှ စတင်ကာ မိခင်နှင့်က‌လေး ‌စောင့်‌ရှောက်‌ရေးနှင့် ပတ်သက်သည့် စစ်တမ်းတစ်ခု ‌ကောက်ယူသွားမည်ဟု BPHWTက ယ‌နေ့ ‌ပြောသည်။

ကရင်ပြည်နယ်ရှိ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးနှင့် မြဝတီစသည့် မြို့နယ် ၄မြို့နယ်၌ ‌ကျေးရွာ‌ပေါင်း ၁၂ရွာကို ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန KDHW၊ မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း(BMA)တို့နှင့် ပူး‌ပေါင်း‌ကောက်ခံသွားမည်ဟု BPHWT အဖွဲ့ဒါရိုက်တာ ‌စောဝင်း‌ကျော်က ‌ပြောသည်။

“အဓိက က‌တော့ မိခင်နဲ့က‌လေး ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုအတွက် ဘယ်လိုအ‌ခြေအ‌နေရှိလဲ၊ ဘာ‌တွေ လိုအပ်တယ်ဆိုတာကို စစ်တမ်း‌ကောက်ယူသွားမှာ ဖြစ်ပါတယ် ” ဟု ‌စောဝင်း‌ကျော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းစစ်တမ်း ‌ကောက်ယူရန်အတွက် BPHWT၊ KDHWနှင့်(BMA)တို့မှ သင်တန်းသူ/သား စုစု‌ပေါင်း (၁၂) ဦးကို မတ်လ (၁၆) ရက်‌နေ့မှစတင်ကာ (၂) ပတ်ကြာမြင့်သည့် ရက်တိုသင်တန်းတစ်ခုကို BPHWT ရုံးတွင် ပို့ချ‌ပေး‌နေ‌ကြောင်း သိရသည်။

(BMA)မှ သင်တန်းသူတစ်ဦးဖြစ်သူ ‌နော်လားက‌ပေါ်မှူးက “ ဒီသင်တန်းက စစ်တမ်း‌ကောက်တဲ့အခါ ‌မေးရမယ့်‌မေးခွန်း‌တွေကို အဓိက သင်‌ပေးတယ်။ အခုသင်တန်းပြီးရင် လက်‌တွေ့ ဆင်းပြီး မိခင်နဲ့က‌လေး ‌စောင့်‌ရှောက်မှုမှာ ဘယ်လိုအ‌ခြေအ‌နေရှိလဲဆိုတာ ကိုယ်တိုင် သိခွင့်ရမယ့်အတွက် ကျမတို့အတွက် အများကြီးအကျိုးရှိတယ်” ဟု‌ပြောသည်။

အဆိုပါ စစ်တမ်း‌ကောက်ယူရန်‌ရေးအတွက်ကို Swithzerland Development Cooperation မှ အဓိက ပံ့ပိုး‌ပေးထားပြီး သင်တန်းပြီးပါက (၃)ဦးတစ်ဖွဲ့ဖွဲ့ကာ သတ်မှတ်ထားသည့် ‌ကျေးရွာများသို့ စတင်စစ်တမ်း‌ကောက်ယူမည်ဖြစ်ပြီး ဧပြီလအတွင်း အပြီးသတ် ‌ကောက်ယူသွားမည်ဖြစ်သည်ဟု BPHWT က ‌ပြောသည်။

နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ BPHWTကို ‌ဝေးလံ‌ခေါင်းဖျားသည့် တိုင်းရင်းသား‌ဒေသများ အတွင်း ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေးနိုင်ရန်ရည်ရွယ်ကာ ၁၉၉၈ ခုနှစ်၊ ဩဂုတ် ၁၉ ရက်‌နေ့တွင် စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်။