Home သတင်း မယ်လဒုက္ခသည်စခန်း၌ တစ်ရက် လူ ၃,၀၀ဝ ဦး‌ကျော်နှုန်း စစ်‌ဆေး‌နေ

မယ်လဒုက္ခသည်စခန်း၌ တစ်ရက် လူ ၃,၀၀ဝ ဦး‌ကျော်နှုန်း စစ်‌ဆေး‌နေ

2058

မတ် ၁၈ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၌ မတ်လ ၁၆ရက်‌နေ့က စတင်သည့် ဒုက္ခသည်စာရင်း စစ်‌ဆေးမှုတွင် တစ်ရက်အတွင်း လူဦး‌ရေ ၃,၀၀ဝ ‌ကျော်နှုန်း သတ်မှတ်စစ်‌ဆေး‌နေသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ‌စောစိုးထိုက်က ယ‌နေ့ ‌ပြောသည်။

သူက “ ပထမ တစ်ရက်က စခန်းတာဝန်ရှိသူနဲ့ စခန်းထဲက NGOs အလုပ်ကို လုပ်တဲ့လူ ၇၀ဝ ‌ကျော်ကို အရင်စစ်လိုက်တယ်။ အမှန်က တစ်ရက်ကို ၃,၆၀ဝ ဦးနှုန်း သတ်မှတ်ထားပါတယ်။ Zone C1 (A)ပြီးသွားပြီ။ ဒီ‌နေ့ Zone C1 (B) ပြီးမယ်။ စခန်းတစ်ခုလုံးကို သတ်မှတ်ထားတာက ဧပြီ ၆ ရက်မှာအပြီးစစ်မယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းလူဦး‌ရေ စစ်‌ဆေးမှုတွင် ကမ႓ာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အသိ အမှတ်ပြု လက်မှတ်ရှိပြီး လူကိုယ်တိုင် မလာ‌ရောက်နိုင်သူများကို ‌နောက်မှ လာပြရန် အခွင့်အ‌ရေး ‌ပေးထား‌သော်လည်း ရိက္ခာလက်မှတ် မတင်ပြနိုင်သူနှင့် အိမ်နံပါတ်ရှုပ်‌ထွေးသူများကို သီးခြားစစ်‌ဆေးလျှက် ရှိသည်ဟု ‌စောစိုးထိုက်က ဆက်‌ပြောသည်။
???????????????????????????????
UNHCR ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ‌ထောက်ပံ့‌ပေး‌နေသည့် The Border Consortium (TBC)နှင့် ထိုင်းပြည်ထဲ‌ရေးဋ္ဌာန (MOI)တို့ ပူး‌ပေါင်းစစ်‌ဆေး‌နေခြင်းဖြစ်သည်။ ၎င်းဒုက္ခဦး‌ရေစစ်‌ဆေးမှုတွင် အိမ်‌ထောင်စု စာရင်းအရင်တင်ပြခိုင်ပြီး အိမ်နံပါတ်နှင့် အိမ်‌ထောင်ဦးစီးကို နာမည်‌ခေါ်ဆိုပြီး‌နောက် တစ်ဦးချင်း လက် ‌ဗွေနှိပ်ခြင်း၊ မျက်လုံးကို စကင်ဖတ်ခြင်း တို့ကို တစ်ဆင့်ချင်း လုပ်‌ဆောင်လျှက်ရှိသည်ဟု အစစ်‌ဆေးခံပြီး သူများထံမှ သိရသည်။

မယ်လစခန်း၏ လုံခြုံ‌ရေး ဝန်ထမ်းတစ်ဦးဖြစ်သူ တာဒီ့ပါးက “ အိမ်‌ထောင်စုစာရင်း၊ ရိက္ခာလက်မှတ်နဲ့ က‌လေး‌မွေးစာရင်း အကုန်ယူသွားရပါတယ်။ လက်ရှစ်‌ချောင်းရဲ့ လက်‌ဗွေကို အရင်ယူတယ်။ ပြီးရင် လက်မ ၂ ‌ချောင်းစလုံး လက်‌ဗွေယူတယ်။ မျက်လုံးကို စစ်တယ်။ မမှန်မကန် လုပ်တဲ့သူဆို မလွယ်ဘူး ” ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက် မြန်မာဒုက္ခသည်စခန်း (၉)ခုရှိ ဒုက္ခသည်ဦး‌ရေ အတိအကျ သိရှိရန် ရည်ရွယ်ကာ ဇန်နဝါရီလကတည်းက မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီအမှတ်(၁)၊ အမှတ်(၂)၊ မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည်စခန်းများကို လူဦး‌ရေစာရင်း စစ်‌ဆေးမှု ပြုလုပ်ခဲ့ပြီး‌နောက် တာ့ခရိုင်ရှိ ဒုက္ခသည်ဦး‌ရေ ၄ ‌သောင်း‌ကျော် ‌နေထိုင်‌သော မယ်လစခန်းကို မတ်လ ၁၆ရက်‌နေ့က စတင်စစ်‌ဆေးခြင်းဖြစ်သည်။

ထို့‌နောက် လာမည့် ဧပြီလ ဆန်းပိုင်းမှ ဧပြီလကုန်ပိုင်းအထိ တာ့ခရိုင်ရှိ အုန်းဖျန်၊ နို့ဖို့၊ လာဘူရီ ခရိုင်ရှိ ထမ့်ဟင်နှင့် စန်ခလာ့ဘူရီခရိုင်ရှိ ဘန့်ဒုံယမ်း ဒုက္ခစခန်းများကို လူဦး‌ရေ စာရင်းစစ်‌ဆေးမှု ဆက်လက် လုပ်‌ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။